သျှမ်းမြောက်စစ်ရေးပဋိပက္ခ တရုတ်က ဘယ်ဘက်ကို အမှန်တကယ် ရပ်တည်နေလဲ

သျှမ်းပြည်မြောက်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို့၏ စစ်ရေးပဋိပက္ခ တိုက်ပွဲများနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်သည်။

ယမန်နေ့ (ဩဂုတ်လ ၁၄ ရက်) တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

သြဂုတ် ၁၄ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံစဉ်

“တစ်ဘက်က ဆန့်ကျင်ကြောင်း ပြောတယ်။ အခြားတဘက်က လက်နက်နဲ့ လိုအပ်တဲ့ စစ်အင်အားတွေကို တိုးဖြည့်ပေးနေတာပေါ့။ အဲ့တော့ သျှမ်းမြောက်စစ်ရေး ပဋိပက္ခကို ဆန့်ကျင်တယ်လို့ သူက ပြောပြီးတော့ မင်းအောင်လှိုင်ကြိုက်အောင် လုပ်တာပေါ့။ ဒါပေမယ့် သျှမ်းမြောက်က စစ်ရေးလှုပ်ရှားမှုတွေကို တရုတ်က မျက်ကွယ်ပြု ကျောခိုင်းထားတာ မဟုတ်ဘူး၊ သူ့ရဲ့ နှစ်ဘက်ခွ ပေါ်လစီပါပဲ”ဟု တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ၏ ယခု နေပြည်တော် ခရီးစဉ်သည် ညီနောင်မဟာမိတ် (၃) ဖွဲ့က စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ် တိုက်ခိုက်နေခြင်းကို တရုတ်နိုင်ငံမှ တားဆီးဟန့်တားပေးရန် ဩဂုတ်လ (၆) ရက်တွင် တောင်းဆိုခဲ့ပြီးနောက် မဲခေါင်-လန်ချန်း အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံသို့ မသွားရောက်မီ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

အလားတူ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဩဂုတ်လ (၃) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း လည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သေးသည်။

သြဂုတ် ၁၄ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံစဉ်

တရုတ်နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံခဲ့သော်လည်း သျှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်နေမည်ဟု ယူဆကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။

“အခုက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခေါင်းမာမာနဲ့ စိတ်ကောက်ပြနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ဝမ်ယိက အမျက်တော်ဖြေ လာရောက်ပြီး ဖျောင်းဖျတဲ့ပုံစံ ဖြစ်ပါတယ်။ အဲ့တော့ ဟိုင်ဂင် အစည်းအဝေး ပြန်ဖြစ်ဖို့နဲ့ စစ်ကောင်စီဘက်က တက်ဖို့ဆိုတာ သိပ်ပြီးတော့ အလားအလာ နည်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရုတ်က အဲ့လိုပြောပေမယ့် လက်တွေ့က TNLA နဲ့ MNDAA က စစ်ပွဲကို ဆက်တိုက်နေတယ်”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့အကြား တရုတ်က ကြားဝင်စေ့စပ် ညှိနှိုင်းပေးနေသည့် ဟိုင်ဂင် ဆွေးနွေးပွဲကို ဩဂုတ်လဆန်းပိုင်းတွင် (၆) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားခဲ့သော်လည်း စစ်ကောင်စီဘက်မှ မတက်ရောက်ခဲ့ခြင်းကြောင့် လောလောဆယ် ပြောင်းလဲရန် အနေအထား မရောက်သေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတစ်သားတည်း ဖြစ်တည်မှုနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုကို ကာကွယ်ထိန်းသိမ်းခြင်းအပေါ် ထောက်ခံပြီး ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ခြင်းမူကို လက်ကိုင်ထားကြောင်း ဝမ်ယိက ပြောဆိုခဲ့သည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေတို့နေပြည်တော်၌ တွေ့ဆုံစဉ်

စစ်ဖြစ်ပြီး မတည်မငြိမ်ဖြစ်နေသည့် မြန်မာပြည်တွင်းရေးအပေါ် ပြည်ပအင်အားစု ဝင်ရောက်စွက်ဖက်ခြင်းကို ဆန့်ကျင်ပြီး တရုတ်-မြန်မာ ဆက်ဆံရေး သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအား အိုးမဲသုတ် အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း ဝမ်ယိ၏ ပြောကြားချက်ကို ဆင်ဟွာသတင်းတွင် ရေးသားထားသည်။

“အမေရိကန်နဲ့ အနောက်ဥရောပက မြန်မာပြည်အရေးကို ဝင်ရောက်စွက်ဖက်တာ၊ အားပေးတာ အဲ့တာတွေ မလုပ်ဖို့ သတိပေးလိုက်တာပါ။ တချိန်တည်းမှာ သူ(တရုတ်)ကတော့ ဝင်ရောက်စွက်ဖက်မှုမျိုးစုံ ကျူးလွန်နေပါတယ်။ ဒါဟာ သူ့ရဲ့ နှစ်ဘက်ခွ ပေါ်လစီရဲ့ ဖော်ပြချက် ဖြစ်ပါတယ်”ဟု ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ တရုတ်၏ စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် အရှိန်မြှင့်တင်ရန်၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ကောင်းမွန်စွာ လည်ပတ်နိုင်ရန် စစ်ကောင်စီကို တွန်းအားပေးခဲ့ကြောင်း ဆိုထားသော်လည်း ၎င်းစီမံကိန်း အများစုမှာ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လက်ရှိတွင် ညီနောင်မဟာမိတ်တပ်များသည် တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ်မြို့မှလွဲ၍ သျှမ်းပြည်မြောက်ပိုင်းရှိ မြို့များအားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်သည့်အပြင် သျှမ်း-မန္တလေးနယ်စပ်ရှိ မိုးကုတ်၊ မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်များအထိ ပြည်သူ့ကာကွယ်ရေးတပ် PDF များက တိုက်ခိုက်ထိန်းချုပ်ထားနိုင်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်လည်း တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံး ရွေးကောက်ပွဲ အဆင်ပြေအောင် ကျင်းပနိုင်ရန်နှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပြန်လည်စတင်ရန် ပြောဆိုခဲ့ကြောင်း သိရသည်။

“သန်းရွှေနဲ့ သွားတွေ့တာကတော့ စစ်အဆောက်အအုံ တစ်ခုလုံးကို သူတို့က အလေးထားပါတယ်လို့ ပြချင်တာ ဖြစ်တဲ့အပြင် မင်းအောင်လှိုင်ကို ထိန်းကွပ်ပေးမယ့် လူတစ်ယောက်အနေနဲ့ မြင်တာလည်း ဖြစ်နိုင်ပါတယ်”ဟု သျှမ်းနိုင်ငံရေး သုတေသီ စိုင်းဝမ်းစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနှင့် စီးပွားရေး ပြိုလဲမှုကြား အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားမှု မြင့်တက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...