စစ်ကောင်စီ
ရွာငံ စက်သုံးဆီပြတ်လပ်နေပြီး ဒေသခံများ ခြံသွားရန်အခက်တွေ့
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စက်သုံးဆီ ပြတ်လပ်နေတာကြောင့် ဒေသခံများ စိုက်ခင်းခြံနှင့် ခရီးဝေးသွားရန်အတွက် အခက်ခဲ ဖြစ်နေကြောင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်မှ စတင်ကာ ဆီဆိုင်များပိတ်ထားခြင်းကြောင့် စက်သုံးဆီဖြင့် ခြံအလုပ်လုပ်ရသော လုပ်ငန်းများကို ရပ်နားထားရပြီး စိုက်ပျိုးရေးလုပ်ငန်းများကိုပါ ရပ်နားထားရပြီး ဆီများကိုလည်း ရက်အနည်းငယ်ကြာမှ ရောင်းပေးသည့်အတွက် စက်သုံးဆီးများခက်ခဲနေကြောင်း...
ပင်လောင်း ပြောင်းခင်း ကို PNO ဖျက်ခိုင်း
SHAN -
သျှမ်းပြည် ပင်လောင်းမြို့ တောင်ဘက်ရှိ ကျေးရွာဒေသခံတောင်သူများ စိုက်ပျိုးထားသော ပြောင်းများကို ပအိုဝ်းပြည်သူ့စစ် (PNO) က ပြန်ဖျက်ခိုင်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယခုသြဂုတ်လပထမပတ်တွင် ဖျတ်ဆီးခိုင်းခဲ့ပြီး အရင်းနှီးများစွာဖြင့်ရင်းထားပြီး ယခုလို ပြန်ဖျတ်ရခြင်းကြောင်း ဒေသခံများကစိတ်ထိခိုက်ကြရပြီး သောကပူပြင်မှုများနှင့်ကြုံတွေ့နေရသည်။ "မစိုက်ခင်ပြောပါလားနော် ခုပြောင်းက အသီးသီးတော့မယ် ။မဖျတ်ချင်ရင်လည်း သူတို့က ကျပ်ငွေ သိန်၂၀၀...
နောင်ချိုမြို့နယ် နောင်လင်ကျေးရွာဘက် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ၊ အရပ်သား (၃) ဦး ဒဏ်ရာရ
SHAN -
သျှမ်းပြည် နောင်ချိုမြို့နယ် နောင်လင်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား (၃)ဦး ဗုံးဆံထိမှန်ပြီး ဒဏ်ရာရခဲ့သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ် ၁၃ ရက်) နံနက် ၂ နာရီခန့်မှ စတင်၍ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF...
ပြင်ဦးလွင်-မိုးကုတ်လမ်းကို စစ်ကောင်စီ ပိတ်ထားပြီး မိုးကုတ်ဒေသခံများ နောင်ချိုမှတဆင့် စစ်ဘေးရှောင်နေရ
သျှမ်း-မန္တလေးနယ်စပ်ရှိ မိုးကုတ်နှင့် မိုးမိတ်မြို့များမှ စစ်ဘေးရှောင်များသည် ပြင်ဦးလွင်-မိုးကုတ်လမ်းကို စစ်ကောင်စီတပ်မှ ပိတ်ထားခြင်းကြောင့် နောင်ချိုဘက်မှတဆင့် စစ်ဘေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်တွင် မိုးကုတ်မြို့အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပြင်ဦးလွင်-မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီဘက်က ပိတ်ထားလိုက်ပြီး ဖြတ်သန်းခွင့် မပေးတော့ကြောင်း...
PNO တပ်ထဲဝင်မှ နေရပ်ပေးပြန်မည်ဟုဆိုသော်လည်း စစ်ယူနီဖောင်း မရှိသည့်အတွက် နေရပ်မပြန်ရ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ထဲဝင်မှ နေရပ်ပေးပြန်မည်ဟုဆိုသော်လည်း စစ်ယူနီဖောင်းမရှိသည့်အတွက် နေရပ်ပြန်ခွင့်မပေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်ကစပြီး အသက် ၁၈နှစ်မှ အသက် ၄၀ အရွယ် ဆောင်းပြောင်းဒေသခံများကို (PNO) တပ်ထဲ စစ်မှုထမ်းရမည်ဟုဆိုပြီး ဖောင်ဖြည့်ခိုင်းကာ စစ်မှုမထမ်းလျှင် နေရပ်ပေးမပြန်တာကြောင့်...
သီပေါမြို့နယ် စစ်ကောင်စီတပ် ခမရ(၁၄၇)ကို MNDAA တိုက်ခိုက်သိမ်းပိုက်
သျှမ်းပြည် သီပေါမြို့နယ် နောင်ကော်ကြီးရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၁၄၇ ကို ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁၃ ရက်) ညနေ ၄ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာ အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်စစ်ဌာနချုပ် လက်အောက်ခံ...
လားရှိုး စစ်ရှောင်နေအိမ်များ ဖောက်ထွင်းခိုးယူပြီး ပြန်လည်ရောင်းချမှုဖြစ်ပွား
SHAN -
သျှမ်းပြည် လားရှိုးမြို့တွင်း တိုက်ပွဲများ ငြိမ်သက်နေပြီး စစ်ရှောင်ပြည်သူများ နေအိမ်သို့ ပြန်မရောက်ခင် နေအိမ်များ ဖောက်ထွင်းခံရပြီး အိမ်တွင်ကျန်ခဲ့သော တန်ဖိုးရှိပစ္စည်းများ၊ ကားများ ခိုးယူခံရကာ အခြားမြို့သို့ ပြန်လည်ရောင်းချနေကြောင်း စုံစမ်းသိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း လားရှိုးမြို့သိမ်း တိုက်ပွဲသည် ဇူလိုင်လ ၂ရက်နေ့တွင် စတင်ခဲ့ရာ သြဂုတ်...
သီပေါတိုက်ပွဲ ၃ ရက်တွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ အရပ်သား ၂၀ ဦးနီးပါး သေဆုံး
သျှမ်းပြည် သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၁၀ ရက်မှ စတင်ပြီး သီပေါမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၃)၊...
“လူကောင်မမြင်ဘူး၊ သူတို့ကပစ်ပစ်ဆိုလို့ ပစ်လိုက်တာ”
စစ်ကောင်စီ အသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ မဖြစ်မနေစစ်သင်တန်းကို တက်ခဲ့ရပြီးနောက် ရှေ့တန်းကို ပို့ခံလိုက်ရသည့်သင်တန်ဆင်းတစ်ဦးက အထက်ပါအတိုင်း ဖွင့်ဟပြောဆိုလာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်လပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ပြည်သူ့စစ်မှုထမ်း စစ်သင်တန်းတက်ခဲ့ရပြီးသည့်နောက် သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ခမရ (၄၂၄) တပ်ရင်းထံ အပို့ရသည်ဟု သူကဆိုသည်။ သြဂုတ် ၁၀ ရက်တွင်...
ဆီဆိုင် သူခိုးများ သောင်းကျန်းမှုကြောင့် တိုက်ပွဲကြား ဒေသခံအချို့ စစ်မရှောင်ရဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် အရှေ့ဘက်ကျေးရွာ ဒေသခံများသည် သူခိုးများသောင်းကျန်းနေသောကြောင့် စစ်မရှောင်ဘဲ အိမ်စောင့်ရန် အမျိုးသားများ ကျန်နေခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၆ရက်) မှ စပြီး ဆီဆိုင်မြို့ အရှေ့ဘက်ခြမ်းတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA ) နှင့် စစ်ကောင်စီ ၊ ပအိုဝ်းပြည်သူ့စစ်...





