ကျိုင်းတုံမြို့နယ် မြောက်ဘက်ရပ်ကွက် ကတ်ပုံကျေးရွာဘက်တွင် ယမန့်က (ဩဂုတ်လ ၁၈ရက်)၌ တရုတ်ဈာပနာ ဗြောက်ဖောက်သံကြောင့် ပြည်သူများ ထိတ်လန့်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ဗြောက်ဖောက်သံကို သေနတ်ပစ်ခတ်သံဟုထင်ပြီး ကျိုင်းတုံပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့သည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်(RCSS) သည် အခြားကျေးရွာဒေသတွင် တိုက်ပွဲခြင်းရှိ၊မရှိ စုံစမ်းမှုပြုလုပ်ပြီး ဘယ်ဒေသမှ ပစ်ခတ်မှုမရှိကြောင်း (RCSS)မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
‘’ အဲဒါက တရုတ်ဈာပန ဗြောက်ဖောက်ကြတာ။ အသံကလည်း ကျယ်တော့ တချို့ပြည်သူတွေက တိုက်ပွဲဖြစ်တယ်ထင်ပြီး ထိတ်လန့်သွားကြတယ်။ လိုက်စုံစမ်းကြည့်တော့ ဘယ်ရွာမှ မဖြစ်ဘူး’’ ဟု ၎င်းကပြောသည်။
လက်ရှိတွင် မြို့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေသဖြင့် ကျယ်လောင်သည့် ပေါက်ကွဲသံကြားရလျှင် ပြည်သူများက တိုက်ပွဲဖြစ်ပွားနေသည်ဟုသာ ထင်နေကြကြောင်း ကျိုင်းတုံဒေသခံ အမျိုးသမီးတစ်ဦးက ထပ်ပြောသည်။
‘’ခုက မြို့တိုင်းလိုလို တိုက်ပွဲဖြစ်နေကြတယ်လေ။ ရုတ်တရက်အသံကြားတော့ တိုက်ပွဲဖြစ်တယ်ထင်ကြတယ်။ ဗြောက်ဖောက်မှာကို ကျမတို့ကမှ မသိတာ၊ ပြီးတာ့ခုတလော စစ်ကောင်စီတွေလည်း အဲဘက်ကို နေ့တိုင်းလူဖြည့်တာတွေတယ် ’’ ဟု ၎င်းက ဆိုသည်။
ကျိုင်းတုံမြို့သည့် လက်ရှိအချိန်ထိ စစ်ရေး မဖြစ်ပွားသေးသည့် နယ်မြေတစ်ခုဖြစ်သည်။
အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။












Leave a Comments