ပြင်ဦးလွင်မြို့ကို လော့ဒေါင်းချမည်ဆိုသည့် ကောလာဟလ သတင်းထွက်ပေါ်

သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ကို လော့ဒေါင်းချမည်ဟု ယခုရက်ပိုင်း ကောလဟာလ သတင်းထွက်ပေါ်နေကြောင်း ဒေသခံများ ပြောသည်။

ပြင်ဦးလွင်မြို့သည် စစ်တပ် အမာခံမြို့ တစ်မြို့လည်းဖြစ်ပြီး စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဆက်သွယ်ရေးတပ်များရှိကာ စစ်ကောင်စီတပ်အတွက် အရေးပါသည့် မြို့ဖြစ်သည်။

လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် တပ်များက သိမ်းပိုက်နိုင်ပြီးနောက် ဩဂုတ်လ ဒုတိယပတ်မှ စတင်ပြီး ပြင်ဦးလွင်မြို့ကို တော်လှန်ရေးအင်အားစုများက လာရောက်တိုက်ခိုက်မည် ဆိုသည့် သတင်းထွက်ပေါ်လာကာ စစ်ကောင်စီတပ်မှ လုံခြုံရေးအတွက် စစ်အင်အားဖြည့်ပြီး လော့ဒေါင်းချမည်ဟု ကောလာဟလ သတင်းထွက်ပေါ်နေသည် ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြင်ဦးလွင်

“လော့ခ်ဒေါင်းချဖို့က သတင်းအမျိုးမျိုး ထွက်နေတယ်။ တရားဝင်ထုတ်ပြန်ပြီး ပြည်သူလူထုကို ပြောတာတော့ မရှိသေးဘူး။ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိတာတော့ မပြောတတ်ဘူး။ စောင့်ကြည့်ရဦးမယ်။ ပြင်ဦးလွင်က သူတို့အတွက် အမာခံမြို့လည်းဖြစ်တယ်၊ လုံခြုံရေးအတွက် စစ်အင်အားဖြည့်နေတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့်နီးသည့် ရပ်ကွက်များကိုသာ လုံခြုံရေး ဦးစားပေးနေပြီး၊ သျှမ်းမြောက်နှင့် မိုးကုတ်ဘက်မှ ဖြစ်ပွားနေသည့် တိုက်ပွဲများလည်း ကူးစက်လာမည်ကို စစ်ကောင်စီဘက်မှ စိုးရိမ်နေသည့် သဘောမျိုးဖြစ်နေကြောင်း ပြင်ဦးလွင်မှ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်တပ်နဲ့နီးတဲ့ ရပ်ကွက်ကိုပဲ သူတို့ စာရင်းကောက်တယ်။ သျှမ်းမြောက်မှာ တိုက်ပွဲ အကြီးအကျယ် ဖြစ်တာတွေ့တော့ ဒီဘက်လည်း ဖြစ်မှာကို ကြောက်နေကြတယ်”ဟု ၎င်းအမျိုးသမီးက ပြောသည်။

အလားတူ ပြင်ဦးလွင်မြို့ပေါ်တွင် စစ်ဆေးမှုများ ရှိနေပြီး နောင်ချို-ပြင်ဦးလွင် အဝင်တွင် စစ်တပ် ကင်းစခန်းများ အထိုင်ချထားကာ မန္တလေး-ပြင်ဦးလွင်ကြားရှိ ရတနာပုံ ဆိုက်ဘာစီးတီးတွင်လည်း စခန်းချထားကြောင်း၊ ဇီးပင်ကြီးရှိ ဗဟိုဝန်ထမ်းတက္ကသိုလ်ဘက်တွင်လည်း စစ်အင်အား ဖြည့်တင်းထားကြောင်း သိရသည်။

ထို့ပြင် သျှမ်းပြည် ၁၃ မျဉ်းစောင်း နိုင်ငံသားမှတ်ပုံတင်ကတ် ကိုင်ဆောင်သူများကိုလည်း ပြင်ဦးလွင်မြို့သို့ ဖြတ်သန်းခွင့်မပြုကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...