Tuesday, April 23, 2024

ပြင်ဦးလွင်

ပြင်ဦးလွင်-နောင်ချိုနယ်စပ် တိုက်ပွဲပြင်းထန်၊ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း မီးလောင်ပြာကျ

ပြင်ဦးလွင်မြို့ ယမန်နေ့ ညပိုင်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် လက်တုန့်ပြန်မှု အဖြစ် စစ်ကောင်စီတပ်က ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ် နယ်စပ်ဒေသကို စစ်ကြောင်းထိုးရာက တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများက ယနေ့ (ဧပြီလ ၁၅ ရက်) တွင် ပြောသည်။ ယမန်နေ့ (ဧပြီ ၁၄)ရက် ည...

ပြင်ဦးလွင်မြို့ပေါ် လက်နက်ကြီး ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်

ပြင်ဦးလွင်မြို့ပေါ်၌ ယနေ့ (ဧပြီ ၁၄)ရက် ည ၉ နာရီကျော်မှ ယခု သတင်းရေးသားနေချိန် အထိ လက်နက်ကြီး ပေါက်ကွဲသံများ ဆက်တိုက်ကြားနေရသဖြင့် မြို့ခံများ ထိတ်လန့်နေသည်ဟု ဒေသခံ ပြည်သူများက ပြောသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေသည်ဟု သတင်းထွက်နေသည့် ပြင်ဦးလွင်၌ ယနေ့ (ဧပြီလ...

ပြင်ဦးလွင် ကန်တော်ကြီးပတ်လမ်း PDF အလံ​ စိုက်ထူမှု တပ်နယ် တာဝန်မှူး ကြိမ်းမောင်းခံရ

စစ်တက္ကသိုလ်များ တည်ရှိသည့် ပြင်ဦးလွင်မြို့၊ နာမည်ကျော် ကန်တော်ကြီးပတ်လမ်းတွင် ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၅ နာရီက ပြည်သူ့ကာကွယ်​ရေး တပ်မ​တော် (PDF) အလံ​ လာရောက်စိုက်ထူသွားသဖြင့် တာဝန်ကျ တပ်နယ်မှူး ကြိမ်းမောင်းခံခဲ့ရသည်ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။ လုံခြုံရေး တင်းကြပ်ထားသည့် ပြင်ဦးလွင်မြို့၊...

ပြင်ဦးလွင်ရောက် စစ်ဘေးရှောင်များကို စစ်ကောင်စီ နေရပ်ပြန်ခိုင်း

သျှမ်းပြည် နောင်ချိုမြို့ မှ ပြင်ဦးလွင်မြို့သို့လာရောက် တိမ်းရှောင်သည့် ပြည်သူများကို စစ်ကောင်စီမှ နေရပ် အတင်းအဓမ္မ ပြန်ခိုင်းကြောင်း စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် စစ်ကောင်စီ တို့ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် နောင်ချိုမြို့မှ ပြင်ဦးလွင်မြို့သို့ ထွက်ပြေးတိမ်းရှောင်သည့် ပြည်သူများကို နိုဝင်ဘာ ၁၈ရက် နောက်ဆုံးထားပြီး အပြီးပြောင်းရွှေ့ခိုင်းသဖြင့်...

ပြင်ဦးလွင်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတွေ့

ပြင်ဦးလွင်မြို့၏ မြောက်ဘက်အရပ် ၂ မိုင်ခန့် ဝေးသည့် ခြံတစ်ခြံအတွင်းတွင် အဝတ်အထည် မပါသည့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဇန်နဝါရီ ၁၇) ရက် နံနက် (၇) နာရီခန့်တွင် ပြင်ဦးလွင်မြို့၏ မြောက်ဘက်အရပ် ရေချမ်းအိုးရပ်ကွက် ဆောင်းသဇင်လမ်းထဲရှိ ခြံတစ်ခြံထဲ၌ သေဆုံးနေလျက်ရှိသော...

ပြင်ဦးလွင် ကားတစ်စီး ဘရိတ်ပေါက်ပြီး လူ (၆) ဦး ထိခိုက်ဒဏ်ရာရ ပြင်ဦးလွင်မြို့နှင့် မိုင် (၃) ခန့်ဝေးသည့် အင်းယားကျေးရွာ အုပ်ချုပ်ရေးမှူးအနီးတွင် ကားတစ်စီး ဘရိတ်ပေါက်ရာ အိမ်ခြံဝန်း အုတ်တံတိုင်းနှင့် ဝင်တိုက်မိသောကြောင့် လူ (၆) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ယမန်နေ့ ဇန်နဝါရီ ၁၁...

ပြင်ဦးလွင်မြို့ လူသတ်မှုဖြစ် အမျိုးသမီး ဓားထိုးသတ်ခံရ၊ ၃ ဦး ဓားဒဏ်ရာပြင်းထန်ရ

ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက်ရှိ နေအိမ် တစ်အိမ်တွင် အမျိုးသမီးတစ်ဦး ဓားဖြင့်ထိုးသတ်ခံရပြီး ကျန်မိသားစုဝင် ၃ ဦး ဓားဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁၃) ရက် တွင် ပြင်ဦးလွင်မြို့ ရေချမ်းအိုးရပ်ကွက် အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦး ဓားထိုးသတ်ခံရပြီး ကျန်မိသားစုဝင် (၃) ဦး ဓားဒဏ်ရာရရှိသဖြင့်...

ပြင်ဦးလွင်မြို့ ကလေးငယ် ၂ ဦး အပါအဝင် ၅ လောင်းပြိုင် လူသတ်မှုဖြစ်

ပြင်ဦးလွင်မြို့ အနီးစခန်း စည်ကားကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၁၈) ရက်မှာ ကလေး ၂ ဦးအပါအဝင် မိသားစုဝင် (၅) ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ အဆိုပါ အသတ်ခံရသူများသည် ပြင်ဦးလွင် အနီးစခန်း စည်ကားကျေးရွာရှိ ကြက်ခြံတွင် နေထိုင်ကြသည့်သူများဖြစ်ကြောင်း ၊ သတ်ခံရချိန်တွင်...

ပြင်ဦးလွင်ရေကြီးမှု နေအိမ်များပျက်စီး

ပြင်ဦးလွင်မြို့တွင် မိုးနှစ်ရက်ဆက်တိုက် ပြင်းထန်စွာ ရွာသွန်းသောကြောင့် နေအိမ်အတွင်းသို့ ရေများစီးဝင်နေကာ မြေနိမ့်ပိုင်း နေအိမ်များပျက်စီးမှုများကြောင်း စုံစမ်းသိရသည်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ယမန်နေ့ ဇူလိုင် (၃၁) ရက် နံနက် ၁၀ နာရီကျော်တွင် ပြင်ဦးလွင်မြို့တွင် တကြိမ်တခါမျှ မကြုံဖူးသည့် ရေကြီးရေလျှံမှုများဖြစ်ပွားပြီး နေအိမ်များထဲသို့ ရေများဝင်ကာ ပျက်စီးဆုံးရှုံးမှုများခဲ့ကြောင်း...

Latest news