ပြင်ဦးလွင် စစ်မှုထမ်းခေါ်ဆောင်ရာ ထွက်ပြေးပါက မိသားစုဝင်ကို ဖမ်းဆီးမည် ဟု စစ်ကောင်စီ အမိန့်ထုတ်ထား

ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီမှ စစ်မှုထမ်းရန်အတွက် ခေါ်ယူနေပြီး လာရောက်ခြင်းမရှိဘဲ ထွက်ပြေးပါက ကျန်ရှိသောမိသားစုဝင်များကို ဖမ်းဆီးကာ နေအိမ်ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိမှာ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီမှ လူငယ်များစာရင်းပြုစုထားကာ တစ်လလျှင် နှစ်ဦးနှုန်းဖြင့် ၇ဦးခန့် ကြိုတင် ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ပြင်လွင်ဦး ရွှေသင်းရွာအနီးရှိ သဇင် FM အသံလွှင့်တပ်တွင် ၁၅ရက်ခန့် စစ်သင်တန်း တက်နေရကြောင်း ပြင်ဦးလွင်မြို့တွင်နေထိုင်သည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမတို့ ရပ်ကွက်က တစ်လကို ၂ ယောက်ခေါ်တယ်။ ရပ်ကွက်ထဲမှာ ပြည်သူ့စစ် ၁၀ ယောက်ခန့်ထားပါတယ်။ သွားရတဲ့ သူတွေကို တစ်အိမ် တစ်သောင်းနှုန်းနဲ့ ထောက်ပံ့ရမယ် လို့ပြောထားပါတယ်၊ စစ်မှုမထမ်းပဲ ထွက်ပြေးရင် ကျန်ခဲ့တဲ့မိသားစုကိုဖမ်းပြီး အိမ်နဲ့ခြံကို သိမ်းမယ်လို့ပြောထားတယ်” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ၎င်းရပ်ကွက်မှ စစ်မှုထမ်းရန် လူငယ် ၇ ဦးခန့်ပို့ပေးထားပြီးဖြစ်ကာ ရှေ့တန်းသို့ဆက်ပို့ခံရကြောင်း သိရသည်။

စစ်ကောင်စီ စစ်မှုထမ်း

“လက်ရှိ ၇ ယောက်ထည့်ပေးလိုက်ရပါပြီ၊ သေနတ်မှန်သူကလည်းမှန်၊ စစ်ဆေးရုံမှာတင်ထားရပါတယ်၊ မိဘတွေတော့ သွားတွေ့လို့ရပါတယ်။ လက်ရှိလည်း ကျမတို့ရပ်ကွက် က ၇ ယောက်ရွေးပေးထားရပါတယ်၊ အခြေအနေဆိုးရင်လည်း ဒီထက်မက ထပ်ကောက်မယ်လို့ လို့ပြောထားတယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်နှင့် ဆက်စပ်နေသည့် ပြင်ဦးလွင်မြို့ကို တိုက်ခိုက်မည် ဆိုသော သတင်းများ ထွက်ပေါ်ပြီးနောက် ဩဂုတ်လ ၈ ရက်တွင် စစ်တပ်နှင့် ဝန်ထမ်း အရာရှိ မိသားစုများ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်နှင့် အခြားမြို့များသို့ ပြောင်းရွှေ့သွားခဲ့ပြီးဖြစ်သည်။

မြန်မာ့ရေးရာနှင့် ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ၏ ထုတ်ပြန်ထားသော အစီရင်ခံစာများအရ အမှတ်စဉ် (၁) နှင့် (၂) စစ်မှုထမ်းသင်တန်းများတွင် နိုင်ငံတစ်ဝန်းမှ လူငယ် ကိုးထောင်နီးပါး စုဆောင်းခံခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...