Saturday, July 13, 2024

ပြင်ဦးလွင်တွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတွေ့

Must read

ပြင်ဦးလွင်မြို့၏ မြောက်ဘက်အရပ် ၂ မိုင်ခန့် ဝေးသည့် ခြံတစ်ခြံအတွင်းတွင် အဝတ်အထည် မပါသည့် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ပြင်ဦးလွင်

ယနေ့ (ဇန်နဝါရီ ၁၇) ရက် နံနက် (၇) နာရီခန့်တွင် ပြင်ဦးလွင်မြို့၏ မြောက်ဘက်အရပ် ရေချမ်းအိုးရပ်ကွက် ဆောင်းသဇင်လမ်းထဲရှိ ခြံတစ်ခြံထဲ၌ သေဆုံးနေလျက်ရှိသော အမည်မသိ အမျိုးသားအလောင်း (၁) လောင်းကို တွေ့ရှိခဲ့ကြောင်း ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ သူက အရင်တုန်းကလည်း ဟိုလျှောက်သွား ဒီလျှောက်သွားနဲ့ တွေ့ရတတ်တယ်။ အင်္ကျီချွတ်ပြီး သေနေတာဗျာ၊ အခုက ဆောင်းတွင်းကြီး အရမ်းအေးတော့ ဘယ်ခံနိုင်ပါ့မလဲ။ အဲ့ကြောင့် သေဆုံးသွားတာထင်တယ် “ ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေး ပဋိက္ခ နှင့် စီးပွားရေး ကျဆင်းမှုကြောင့် ပြည်တွင်းရှိ အခြေခံ အလုပ်သမားများမှာ တစ်နေ့တစ်ခြား ပိုမိုခက်ခဲလာနေသလို၊ မူးယစ်ဆေးဝါးသုံးစွဲပြီး အိမ်ခြေမဲ့ နေထိုင်သူများမှာလည်း ပိုမိုများပြားလာသည်။

ထို့အပြင် သျှမ်းပြည် မူဆယ်၊ လားရှိုး၊ သီပေါ နှင့် တာချီလိတ် စသည့်ဖြင့် မြို့ကြီးများတွင်လည်း မူးယစ်ဆေးဝါးသုံးစွဲ ပြီး အိမ်ခြေမဲ့ နေထိုင်သူများ သေဆုံးနေလျက်ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article