Tuesday, January 27, 2026

မူဆယ်မြို့ ပိုင်ရှင်မဲ့ အလောင်း ပိုတိုးလာ

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၅ လောင်းထပ်မနည်း တွေ့ရှိနေသည်ဟု စုံစမ်းသိရသည်။

မူဆယ်မြို့တွင် စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် တရားမဝင် လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါးလုပ်ငန်းများ အပြင် ခိုးဆိုးလုယက် ဓားပြတိုက်မှုနှင့်အကြောင်းရင်းမသိ ပစ်ခတ် သတ်ဖြတ်မှုများ လာသဖြင့် တစ်လနှင့်တစ်လ ပိုင်ရှင်မဲ့အလောင်း ထပ်မံတိုးပွားလာနေသည်ဟု မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူဆယ်မြို့မှာ တစ်လနဲ့တစ်လ ပိုင်ရှင်မဲ့အလောင်းတွေ ပိုပိုတိုးလာတယ်။ တရားမဝင်တဲ့ လောင်းကစားလုပ်ငန်းတွေ မူးယစ်ဆေးဝါးလုပ်ငန်းတွေမကပဲ ခိုးဆိုးလုယက်၊ ဓားပြတိုက်တာရော၊ အကြောင်းမရှိ ပစ်ခတ် သတ်ဖြတ်တာတွေ ပိုများလာတာကြောင့်ပဲ လူသေအလောင်းတွေ ရှိလာတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၂၉ )ရက်တွင်လည်း မူဆယ်မြို့ရှိ ရွှေလီမြစ် သဲကျင်းအနီးတွင် ဒဏ်ရာများနှင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့ အလောင်း ၂လောင်းတွေ့ရှိခဲ့ပြီး ထို့အလောင်းကို မူဆယ်မြို့ ပရဟိတအသင်းမှ ရင်ခွဲရုံသို့ ပို့ဆောင်းပေးခဲ့ရကြောင်း သိရသည်။

မူဆယ်ပိုင်ရှင်မဲ့အလောင်း

“အရင်လက ၂၉ ရက်နေ့တောင် ပိုင်ရှင်မဲ့အလောင်း ၂ လောင်းထပ်တွေ့သေးတယ်။ ရွှေလီမြစ် သဲကျင်းအနီးမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ သေနေကြတယ်။ ဘယ်အဖွဲ့အစည်းမှ အရေးယူဆောင်ရွက်ပေးတာမရှိဘူး။ အဲအလောင်းတွေကို ပရဟိတအဖွဲ့တွေပဲ အမြဲတမ်းလာကူတယ် ရင်ခွဲရုံကို ပို့ပေးတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် (နိုဝင်ဘာလ ၁ ရက်)နေ့တွင်လည်း မူဆယ်မြို့၊ မန့်မိုင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားခဲ့သည်ဟု စစ်ရေးနီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ မူဆယ်မြို့သည် တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့စစ်များတည်ရှိသောမြို့လည်း ဖြစ်သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...