ပြင်ဦးလွင် အနီး တိုက်ပွဲပြင်းထန်၊ စစ်ဘက် အရပ်ဘက် အရာရှိ မိသားစု အလုံးအရင်း မြို့မှထွက်ပြေး

ပြင်ဦးလွင် အနီး ဝက်ဝံနှင့် အင်ဝိုင်းကြား ယနေ့ (ဩဂုတ်လ ၈ ရက်) မနက်ပိုင်းမှ စတင်ကာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ဘက်နှင့် အရပ်ဘက် အရာရှိ မိသားစုများ အလုံးအရင်း မြို့ကို စွန့်ခွာ ထွက်ပြေးနေပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်နှင့် ဆက်စပ်နေသည့် ပြင်ဦးလွင်မြို့ကို တိုက်ခိုက်မည် ဆိုသော သတင်းများ ထွက်ပေါ်ပြီးနောက် ယမန်နေ့နှင့် ယနေ့တွင် စစ်တပ်နှင့် ဝန်ထမ်း အရာရှိ မိသားစုများ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်နှင့် အခြားမြို့များသို့ ပြောင်းရွှေ့နေကြောင်း ဝန်ထမ်းမိသားစုများနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တပ်မိသားစုတွေ ရှောင်နေတာကတော့ ခုမှ မဟုတ်ပါဘူး၊ နောင်ချိုဘက် တိုက်ပွဲတွေ ဖြစ်ကတည်းက ရှောင်နေကြတာ။ ခုကတော့ ရှောင်တာ ပိုများလာတာပေ့ါလေ၊ အရာရှိပိုင်းတွေပေ့ါ၊ နောင်ချို ဘက်က တိုက်ပွဲတွေကြောင့် တပ်အင်အားတွေ ထပ်ပြီး လာချ ထားတာတွေရှိတယ်။ အောက်ခြေ စစ်သည် မိသားစုတွေ ကတော့ မပြောင်းနိုင်ကြဘူးပေါ့” ဟု စစ်တပ်တပ်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နာမည်ကျော် ပြင်ဦးလွင်မြို့ အခြေစိုက် စစ်တက္ကသိုလ် (DSA) နှင့် စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းများ၊ စစ်အင်ဂျင်နီယာကျောင်းများ၊ စစ်ဆေးရုံများ၊ အရေးကြီးစစ်စခန်းများကိုလည်း ပြောင်းရွှေ့ထားကြောင်း နီးစပ်သူ တစ်ဦးကပြောသည်။

“ပြင်ဦးလွင်က စစ်သင်တန်းကျောင်းတွေကို လွန်ခဲ့တဲ့ တစ်လလောက်တည်းက တခြားနေရာ ရွှေ့သွားပြီလို့တော့ ကြားတယ်၊ ဘယ်ကို ရွှေ့သွားတာလဲတော့ မသိဘူး” ဟု ၎င်းကပြောသည်။

ယင်းသို့ ပြောင်းရွှေ့မှုနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယနေ့ နံနက်ပိုင်း လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည့် ရုပ်သံ တစ်ခုတွင် ရာနှင့်ချီသည့် အိမ်စီးကားများ ပြင်ဦးလွင်မှ မန္တလေးဘက် ဦးတည်သွားနေသည်ကို တွေ့ရသည်။

လက်ရှိ ပြင်ဦးလွင်မြို့ရှိ အရာရှိ မိသားစုများ ပြောင်းရွှေ့နေသော်လည်း မြို့ခံ ပြည်သူများ အနေဖြင့် စက်သုံးဆီ ဝယ်ယူနိုင်ရေး အာရုံစိုက်နေရကြောင်း မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“ဝန်ထမ်းတွေ နေတဲ့ဘက်ကတော့ ပြောင်းတာရွှေ့တာ ကြားတယ်။ ကျွန်မတို့ ဘက်ကတော့ ဆီရဖို့ပဲ တန်းသွားစီ နေရတယ်၊ ဒီနေ့ပိုဆိုးတယ် ဆီရှာရတာက အရမ်းခက် သွားတယ်၊ မရဘူး၊ ရတဲ့နေရာကျတော့လည်း တန်းစီနေတာ အရမ်းများတော့ ပြန်လှည့်လာရတယ်” ဟု ၎င်းကပြောသည်။

ယနေ့ ပြင်ဦးလွင်မြို့ပေါ် စစ်ဆေးမှုများ ရှိနေပြီး နောင်ချို-ပြင်ဦးလွင် အဝင်တွင် စစ်တပ် ကင်းစခန်းများ အထိုင်ချထားကာ မန္တလေး-ပြင်ဦးလွင်ကြားရှိ ရတနာပုံဆိုက်ဘာ စီးတီးတွင်လည်း စခန်းချထားကြောင်း၊ ဇီးပင်ကြီး သင်တန်းကျောင်းဘက်တွင်လည်း စစ်အင်အား ဖြည့်တင်းထားကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...