Tuesday, January 27, 2026

ပြင်ဦးလွင် ကားတစ်စီး ဘရိတ်ပေါက်ပြီး လူ (၆) ဦး ထိခိုက်ဒဏ်ရာရ

ပြင်ဦးလွင်မြို့နှင့် မိုင် (၃) ခန့်ဝေးသည့် အင်းယားကျေးရွာ အုပ်ချုပ်ရေးမှူးအနီးတွင် ကားတစ်စီး ဘရိတ်ပေါက်ရာ အိမ်ခြံဝန်း အုတ်တံတိုင်းနှင့် ဝင်တိုက်မိသောကြောင့် လူ (၆) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ပြင်ဦးလွင် ယာဥ္်တိုက်မှု

ယမန်နေ့ ဇန်နဝါရီ ၁၁ ရက် နေ့လည် ၃ နာရီခွဲ ဝန်းကျင်က ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိသူ လူနာ (၆) ဦးကို ပြင်ဉီးလွင်နာရေး လူမှုကူညီရေးအသင်းက သွားရောက်ကူညီပြီး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင် ယာဥ်တိုက်မှု

“ သူ့တို့ မိသားစုကားတစ်စီးက အိမ်မှာရေတွင်းတူးကြည့်ဖို့ လာတာ။ ကုန်ပေါ်ကအဆင်း ယာဉ်မောင်းတဲ့ကလေး ငေးပြီးတော့ တန်းတန်းရှေ့ကအုတ်တံတိုင်းနဲ့ ဝင်ချိတ်မိတာ။ လူတွေကတော့ ထိခိုက်ဒဏ်တွေ ပြင်းထန်တာတွေ သိပ်မရှိဘူး “ ဟု တာဝန်ခံရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင် ယမန်နေ့ (ဇန်နဝါရီ ၁၁) ရက် နေ့လယ် ၁၂ နာရီခန့်တွင်လည်း ကျိုင်းတုံ-တောင်ကြီးလမ်း ပုံထိုကျေးရွာအနီးတွင် Canter ကားတစ်စီးဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျသွားကာ လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကရင်နီ စစ်ရှောင်စခန်းကို စစ်ကောင်စီ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်၊ ထိခိုက်မှုရှိ

0
ကရင်နီပြည် စစ်ရှောင်များ နေထိုင်နေသည့် စစ်ရှောင်စခန်းကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင်း စစ်ရှောင်ဒဏ်ရာရရှိသူ ရှိသည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၁ ရက်)နေ့ ညနေပိုင်းအချိန်တွင် ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ ကျေးရွာကို စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နေကြောင်း စစ်ရှောင် အမျိုးသားတစ်ဦးက...

ပြင်ဦးလွင် တပ်မိသားစုဝင်များကို စစ်ကောင်စီ ကြိုတင်စစ်ရှောင်ခိုင်း

0
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက ကြိုတင်တိမ်းရှောင်ထားရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၂၁) ရက်မှ စတင်ပြီး ပြင်ဦးလွင်မြို့နှင့် မိုင်(၂၀) ခန့်သာ ကွာဝေးသည့် နောင်ချိုမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မြေပြင်စစ်ရေး ပြင်းထန်နေခြင်းကြောင့် တိုက်ပွဲကူးစက်လာနိုင်သည့် ပြင်ဦးလွင်မြို့ရှိ...

ပြင်ဦးလွင်မြို့ကို လော့ဒေါင်းချမည်ဆိုသည့် ကောလာဟလ သတင်းထွက်ပေါ်

0
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ကို လော့ဒေါင်းချမည်ဟု ယခုရက်ပိုင်း ကောလဟာလ သတင်းထွက်ပေါ်နေကြောင်း ဒေသခံများ ပြောသည်။ ပြင်ဦးလွင်မြို့သည် စစ်တပ် အမာခံမြို့ တစ်မြို့လည်းဖြစ်ပြီး စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ ဆက်သွယ်ရေးတပ်များရှိကာ စစ်ကောင်စီတပ်အတွက် အရေးပါသည့် မြို့ဖြစ်သည်။ လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်ကို ညီနောင်မဟာမိတ် တပ်များက သိမ်းပိုက်နိုင်ပြီးနောက် ဩဂုတ်လ ဒုတိယပတ်မှ...

ပြင်ဦးလွင် စစ်မှုထမ်းခေါ်ဆောင်ရာ ထွက်ပြေးပါက မိသားစုဝင်ကို ဖမ်းဆီးမည် ဟု စစ်ကောင်စီ အမိန့်ထုတ်ထား

0
ပြင်ဦးလွင်မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီမှ စစ်မှုထမ်းရန်အတွက် ခေါ်ယူနေပြီး လာရောက်ခြင်းမရှိဘဲ ထွက်ပြေးပါက ကျန်ရှိသောမိသားစုဝင်များကို ဖမ်းဆီးကာ နေအိမ်ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိမှာ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီမှ လူငယ်များစာရင်းပြုစုထားကာ တစ်လလျှင် နှစ်ဦးနှုန်းဖြင့် ၇ဦးခန့် ကြိုတင် ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ပြင်လွင်ဦး ရွှေသင်းရွာအနီးရှိ သဇင် FM အသံလွှင့်တပ်တွင်...

ပြင်ဦးလွင် အနီး တိုက်ပွဲပြင်းထန်၊ စစ်ဘက် အရပ်ဘက် အရာရှိ မိသားစု အလုံးအရင်း မြို့မှထွက်ပြေး

0
ပြင်ဦးလွင် အနီး ဝက်ဝံနှင့် အင်ဝိုင်းကြား ယနေ့ (ဩဂုတ်လ ၈ ရက်) မနက်ပိုင်းမှ စတင်ကာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ဘက်နှင့် အရပ်ဘက် အရာရှိ မိသားစုများ အလုံးအရင်း မြို့ကို စွန့်ခွာ ထွက်ပြေးနေပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။ တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် နောင်ချိုမြို့နယ်နှင့်...