ပြင်ဦးလွင် ကန်တော်ကြီးပတ်လမ်း PDF အလံ​ စိုက်ထူမှု တပ်နယ် တာဝန်မှူး ကြိမ်းမောင်းခံရ

စစ်တက္ကသိုလ်များ တည်ရှိသည့် ပြင်ဦးလွင်မြို့၊ နာမည်ကျော် ကန်တော်ကြီးပတ်လမ်းတွင် ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၅ နာရီက ပြည်သူ့ကာကွယ်​ရေး တပ်မ​တော် (PDF) အလံ​ လာရောက်စိုက်ထူသွားသဖြင့် တာဝန်ကျ တပ်နယ်မှူး ကြိမ်းမောင်းခံခဲ့ရသည်ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။

လုံခြုံရေး တင်းကြပ်ထားသည့် ပြင်ဦးလွင်မြို့၊ ကန်တော်ကြီးပတ်လမ်းတွင် တက်ကြွလှုပ်ရှားသူများက PDF အလံ စိုက်ထူခဲ့ကြောင်း Pyin Oo Lwin SSTF(Security & Special Task) Force အဖွဲ့က ထုတ်ပြန်သည်။

“ကန်တော်ကြီးမှာ PDF အလံစိုက်သွားတဲ့ ဖြစ်စဉ်ကြောင့် အဲဒီနေ့က တာဝန်ကျတဲ့ တပ်နယ်မှူး ဗိုလ်မှူးချုပ်ကို မန္တလေး တိုင်းမှူးက ဖုန်းဆက် ကြိမ်းမောင်းတယ် ဆိုတာ သိရပါတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။

သတင်းရင်းမြစ်၏ လုံခြုံရေးအရ ကြိမ်းမောင်းခံရသည့် ဖြစ်စဉ် အသေးစိတ် အချက်အလက်များ ဖော်ပြနိုင်ခြင်း မရှိပေ။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် မြို့တွင်း ကင်းလှည့်မှု ပိုများလာပြီး လုံခြုံရေး ပိုမိုတင်းကြပ်ထားသည်ဟု မြို့ခံများကဆိုသည်။

လက်ရှိ ပြင်ဦးလွင်တပ်နယ် စစ်တက္ကသိုလ် စာပေ (၂) ဝင်းအတွင်း (ခုခံစစ်) အတွက် ဆက်သွယ်ရေးတူးမြောင်းများ၊ ကတုတ်ကျင်းများ အိမ်တော်အနီးတစ်ဝိုက် အထိ တူးဖော်ထားကြောင်း တပ်တွင်း သတင်းရင်းမြစ်ကို ကိုးကားပြီး Pyin Oo Lwin-SSTF က ယနေ့ ဖော်ပြထားသည်။

ပြီးခဲ့သည့်လက ​နောင်ချိုမြို့နယ်၊ သံဘိုရွာနှင့် ပြင်ဦးလွင်မြို့နယ်၊ ​ကျောက်မဲ​လေးရွာရှိ စစ်စခန်းများတိုက်ခိုက်ခံရပြီး​နောက် ပြင်ဦးလွင်မြို့တွင် စစ်​ကောင်စီတပ်က ခံစစ်အတွက် ပြင်ဆင်မှုများစွာ ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...