Monday, April 29, 2024

ပြင်ဦးလွင်မြို့ပေါ် လက်နက်ကြီး ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်

Must read

ပြင်ဦးလွင်မြို့ပေါ်၌ ယနေ့ (ဧပြီ ၁၄)ရက် ည ၉ နာရီကျော်မှ ယခု သတင်းရေးသားနေချိန် အထိ လက်နက်ကြီး ပေါက်ကွဲသံများ ဆက်တိုက်ကြားနေရသဖြင့် မြို့ခံများ ထိတ်လန့်နေသည်ဟု ဒေသခံ ပြည်သူများက ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေသည်ဟု သတင်းထွက်နေသည့် ပြင်ဦးလွင်၌ ယနေ့ (ဧပြီလ ၁၄ )ရက် ည ၉ နာရီ ကျော်မှစပြီး ပေါက်ကွဲသံများ ထွက်ပေါ်ရာ ည ၁၀ နာရီခွဲကျော် အထိ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ခုထိ ပေါက်က်ကွဲသံ ကြားနေတာ အလုံး ၄၀ ကျော်လောက်ရှိပြီ။ အပြန်အလှန် ပစ်နေတဲ့အသံမျိုးလည်း ကြားတယ်။ ရေချမ်းအိုးဘက်လည်း ပြောတယ်၊ ကျောက်တောင်ဘက်လည်း ပြောတယ်။ ဘယ်နေရာတွေ ပေါက်ကွဲနေလဲတော့ အတိအကျ မသိသေးဘူး။ မီးပွင့်တွေလည်း မြင်ရတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယခု ဖြစ်ဥ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် သျှမ်းသံတော်ဆင့် အနေဖြင့် ဆက်လက် မေးမြန်းနေဆဲ ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြင်ဦးလွင်တွင် စစ်ဗိုလ်ချုပ်များနှင့် အတူ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေစဥ် ယခုဖြစ်စဥ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article