ကျိုင်းတုံမြို့ အဆောင်နေ ကျောင်းသူ၊ကျောင်းသား နေရပ်ပြန်ခိုင်း သတင်းထွက်ပေါ်

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အဆောင်နေထိုင်ပြီး ပညာလာသင်ကြားသည့် ကျောင်းသူ၊ ကျောင်းသားများကို နေရပ်သို့ပြန်ခိုင်းနေသည့်ဟု ကောလဟာလ သတင်းထွက်ပေါ်နေသည်။

သြဂုတ် ၁၅ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်းလက်အောက်ခံအဖွဲ့အစည်းများက အစည်းအဝေး ပြုလုပ်နေကြပြီး ကျိုင်းတုံမြို့သို့ ပညာလာရောက်သင်ကြားနေသူများကို မိမိနေရပ်ပြန်ခိုင်းနေကြောင်း သတင်းထွက်ပေါ်နေသည်ဟု ကျိုင်းတုံ တက္ကသိုလ်အနီးနေထိုင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဘယ်ကနေ သတင်းထွက်ပေါ်နေလဲမသိဘူး။ အဆောင်နေတဲ့ကလေးတွေ အိမ်ပြန်ရမယ်ဆိုပြီး သတင်းတွေကြားတယ်။ ကျမတို့လည်း သေချာမသိဘူး။ အခုက သူတို့တွေ ပြန်ရမှာလား မပြန်ရဘူးလားမသိဘူး” ဟု ၎င်းကပြောသည်။

ကျိုင်းတုံမြို့

ထို့အပြင် အချို့ တက္ကသိုလ်ကျောင်းတွင် စားမေးပွဲ ဖြေဆိုမည့် နေ့ရက်ကို ရွှေ့ပြောင်းထားရကြောင်းလည်း ပြောဆိုနေကြသည်။

” တက္ကသိုလ်ကျောင်းတော့မသိဘူး။ အခြေခံကျောင်းက ကလေးတွေကတော့ ဇူလိုင် လက အစမ်းစာမေးပွဲဖြေထားတယ်။ ပညာရေးမှူးတွေကို စောင့်ကြည့်ရမှာပါ။ ကျနော်ကတော့ ဘာမှမကြားသေးဘူး” ဟု ကျိုင်းတုံမှ မိခင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိ ကျိုင်းတုံမြို့တွင် သတင်းမျိုးစုံထွက်ပေါ်နေသဖြင့် အခြားဒေသမှ လာရောက်ပြီး အဆောင်နေသည့် ကျောင်းသားမိဘများက စိုးရိမ်မှုရှိနေပြီး၊ သား၊သမီးများကို နေရပ်သို့ ပြန်ခေါ်နေကြောင်း အသက် ၄၀အရွယ်ရှိ အမျိုးသမီး တစ်ဦးက ထပ်လောင်းပြောသည်။

“ကျိုင်းတုံမှာက စစ်ကောင်စီတွေနဲ့ ဝ တွေ ဆွေးနွေတယ်ဆိုတဲ့ သတင်း ကြားတယ်။ကျိုင်းတုံမှာ ကျောင်းတက် နေတဲ့ ကလေးကိုလည်း သူများက အိမ်တွေပြန်ခိုင်းနေတယ်ကြားတော့ စိတ်ပူပြီးတော့ ပြန်တော့ ပြန်လာခိုင်း နေတယ်။ တချို့တွေလည်း ဒီနေ့ပြန်လာကြတယ်” အထက်ပါ အမျိုးသမီးက ဆိုသည်။

ကျိုင်းတုံမြို့သည် စစ်အာဏာရှင် နှင့် တိုက်ပွဲတစုံတရာမရှိသည့် အရပ်ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...