တရုတ်ချေးငွေ သတင်းကြာင့် ယွမ်နှင့် ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေစျေး ပြုတ်ကျ

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သြဂုတ် ၁၄ရက် နေပြည်တော်သို့ လာရောက်၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီးနောက် တရုတ် ချေးငွေ သတင်းထွက်ပေါ်လာပြီး ယမန်နေ့ (ဩဂုတ်လ ၁၅ ရက်) ပြည်တွင်း စျေးကွက် အတွင်း တရုတ်ယွမ် နှင့်အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ စျေးပြုတ်ကျပြီး မြန်မာကျပ်ငွေတန်ဖိုး ပြန်တက်လာကြောင်း စျေးကွက် အတွင်းမှ သိရသည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး လာရောက်ပြီးနောက် တရုတ်နိုင်ငံမှ စစ်ကောင်စီကို အတိုးမဲ့ချေးငွေ ဒေါ်လာ (သို့မဟုတ်) ယွင်ငွေ သန်း ၃၀၀၀ (၃ ဘီလီယံ) ထုတ်ချေးခဲ့ကြောင်း ယနေ့ သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယခင်ရက်များက အမေရိကန် တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ စျေးတက်နေရာမှ ယနေ့ ကျပ် ၅၅၀၀ ဝန်းကျင်တရုတ် ယွမ်ငွေ ၁၀၀ လျှင်ကျပ် ၉၀၀၀၀ ဝန်းကျင်မှ ကျပ် ၆၀၀၀၀ ဝန်းကျင် အထိ စျေးပြုတ်ကျသွားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရရှိရသည်။

“တရုတ်က အတိုးမဲ့ ချေးငွေ ပေးတယ်လို့ သတင်းထွက်တယ်။ ဒါပေမယ့် တကယ်ပေးမပေး ဘယ်သူမှ အတည်မပြုနိုင်သေးဘူး။ တရုတ်သတင်းတွေမှာလည်း မတွေ့ သေးဘူး။ ပေးတယ်ဆိုရင်လည်း ယွမ် သန်း ၃၀၀၀ (ဒေါ်လာသန်း ၄၀၀ ဝန်းကျင်) ပဲ ဖြစ်နိုင်မယ်။ ဒေါ်လာ သန်း ၃၀၀၀  တော့ မဖြစ်နိုင်ဘူး။” ဟု တရုတ် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက မှတ်ချက်ပြုသည်။

တရုတ်ငွေလဲ

ယနေ့ (သြဂုတ် ၁၆) ရက်တွင် စျေးကွက် အတွင်း တရုတ်ယွမ် ၁၀၀ လျှင် မြန်မာကျပ်ငွေ ၆၃၀၀၀ ဝန်းကျင် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၆၀၀၀ ကျပ် ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ပြီး အတက်အကျကြမ်းသဖြင့်စျေးနှုန်း အတိအကျ ပြောဆိုရန် ခက်ခဲကြောင်း ငွေကြေးရောင်းဝယ်နေသူ တစ်ဦးက ဆိုသည်။

“တရုတ်ချေးငွေသတင်း စောင့်ကြည့်ရမယ်။ တကယ်ချေးတာ ဆိုရင်တောင် ဒေါ်လာ သန်း ၄၀၀ (ယွမ်သန်း ၃၀၀၀) လောက်က ဘာမှ မဟုတ်ဘူး။ ဒေါ်လာ ၃ ဘီလီယံ ဆိုရင်တော့ ကျပ်ငွေ ပြန်မာမယ်၊ ဈေးငြိမ်သွားမယ်။ ချေးငွေမရဘူး ဆိုရင်တော့ စျေးပြန်ထောင်တက်မယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

တရုတ် ချေးငွေ ကိစ္စနှင့် ပတ်သက်၍ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် အချို့ထံ မေးမြန်းသော်လည်း သတင်းထွက်ပေါ်နေသည်ကို ကြားရကြောင်း အတည်မပြုနိုင်သေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

“တရုတ်ချေးငွေ ကိစ္စကတော့ ကြားတယ်။ ဟုတ်မဟုတ် မသိဘူး။ စက်သုံးဆီကတော့ သီလဝါမှာ ဆီချနေပြီ၊ အခုရက်ပိုင်း အတွင်း ပြေလည်သွားမယ် ရေရှည်ကတော့ မပြောတတ်သေးဘူး” ဟု လုပ်ငန်းရှင် တစ်ဦး ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်း စီးပွားရေး အ ခြေအနေ ဆိုးရွားလာရာက ကျပ်ငွေ အားပျော့လာပြီး ဒေါ်လာ စျေးနှုန်း ၄ ဆ အထိ မြင့်တက်လာသည့် နည်းတူ စက်သုံးဆီ ပြတ်လပ်မှု မကြာခဏ ဖြစ်ပေါ်နေကာ အခြေခံ ကုန်စျေးနှုန်းများ ဆက်တိုက်မြင့်တက်နေသဖြင့် ပြည်သူလူထု အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...