မိုင်းယောင်း ရွှေတူးဖော်ခွင့် သက်တမ်းကုန်သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆက်လက်တူးဖော်ခွင့်ပြုထား

သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် မိုင်းယောင်းခရိုင် အုပ်ချုပ်ရေးမှူးမှ ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုအား တူးဖော်ခွင့် သက်တမ်းကုန်ဆုံးသွားသော်လည်း ဆက်လက်တူးဖော်ခွင့်ပြုနေကြောင်း စုံစမ်းသိရှိရသည်။

မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့အနီး ဝမ်တတ်စန့်ရွာနားတွင် ရွှေနဂါးရွှေတူးဖော်ရေးကုမ္ပဏီ အား ရွှေတူးဖော်ခွင့် သက်တမ်း ၅ နှစ်ပြည့်သွားသော်လည်း ဆက်လက်တူးဖော်ခွင့်ပြုနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်ပေါင်းပြီး ခွင့်ပြုပေးထားတယ်၊ ဆီဘောက်ဆာကားနဲ့ တစ်ရက်ကို ၂ စီး အဝင်အထွက်ရှိနေတယ် အပြင်လူလည်းပေးမဝင်ဘူး၊ နေ့နေ့ ညည တူးနေကြတာ၊ လူကြီးလာတုန်းက ခွင့်ပြုပေးထားပြီး လူတွေမမြင်အောင်တူးနေကြတယ်” ဟု ၎င်းမှပြောသည်။

ရှမ်းရှေ့ ရွှေတူးဖော်သည့်နေရာ ပုံဟောင်း

ရွှေတူးဖော်ရေးလုပ်ကွက်များကြောင့်လည်း သစ်တောများပြုန်းတီးလာပြီး မိုင်းယောင်းမြို့နယ် တွင် ရေကြီးရေလျှံမှုများပါဖြစ်ပေါ်နေလျက်ရှိသည်။ သျှမ်းပြည်အရှေ့ပိုင်းသည် ရွှေတူးဖော်မှု၊ သတ္တုတူးဖော်မှု နှင့် ကျောက်မီးသွေး တူးဖော်မှုကို အကြီးအကဲလုပ်ဆာင်နေသည့် ဒေသဖြစ်သည်။

ထို့ အပြင် မိုင်းယောင်းမြို့နယ် အမှတ် (၄) ရပ်ကွက်တွင်လည်း ပြည်သူပိုင်ဘောလုံးကွင်းနေရာကိုလည်း မိုင်းယောင်းခရိုင်အုပ်ချုပ်ရေးမှူးမှ ခရိုင်စုပေါင်းရုံးတည်ဆောက်ရန်ပြင်ဆင်နေကြောင်းလည်း သိရသည်။

“ဟိုယန်း နောငင်ဟွယ်ဘက်က ဝမ်ဗိုးသွားတဲ့ လမ်းဘက်မှာ နွေစပါးစိုက်တဲ့ လယ်ကွက်တွေကို မီးလင်းရေး ကုမ္ပဏီကို အကွက်ရိုက်ရောင်းထားတာလည်း ဘာမှ လာမလုပ်သေးဘူး၊ အဲ့မှာလည်း မြေလွတ်တွေရှိတယ် အဲ့မှာ သွားမလုပ်ဘဲ ရပ်ကွက် (၄) က ဘောလုံးကွင်းမြေနေရာမှာ ခရိုင်ရုံးလာဆောက်ဖို့ ပြင်နေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုရွှေတူးဖော်မှုကြောင့် သစ်တောဖြုန်းတီးမှုဖြစ်ကာ မိုင်းယောင်းမြို့နယ်တွင် မကြုံစဖူ ရေကြီးမှုများကို စတင်ရင်ဆိုင်လာရသည်။

မိုင်းယောင်းမြို့ ဘေးပတ်ပတ်လည်တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ – ၃၁၁/ ၃၃၄/ ၃၃၅/ ၅၇၃ နှင့် အမြောက်တပ် ၃၉၈ တပ်ရင်းတို့ရှိသကဲ့သို့ မိုင်းယုမြို့တွင် အမှတ် (၁၀၀၈) နယ်ခြား စောင့်တပ်တို့ ရှိနေသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...