အင်းလေးတွင် KPay ငွေလွှဲထားသူများကို စစ်ကောင်စီလက်အောက်ခံ PNO မှ ဝင်ရောက်စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း အင်းလေးမြောက်ဘက် ကျေးရွာအချို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO)က ကျေးရွာရပ်ကွက်ထဲ ဝင်ရောက်ကာ KPay ဖြင့် ငွေအဝင်အထွက် ရှိသူများကို စစ်ဆေးမေးမြန်းမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်ကစပြီး PNO မှ အစစ်အဆေး ပိုမို တင်းကျပ်လာကာ လမ်းသွားလမ်းလာနှင့် ဒေသခံများကို နေအိမ်အထိ ဝင်ရောက်စစ်ဆေးမှု ပြုလုပ်နေကာ KPay အဝင်အထွက်ရှိသူများကို ပိုမိုစစ်ဆေးကာ ဖုန်းများကို အဓိကထား စစ်ဆေးနေတာကြောင့် ငွေညှစ်မှုတွေ လုပ်ဆောင်နေကြောင်း သိရသည်။

“KPay ကနေ ငွေ သုံးထောင်ပဲ လွှဲထားတာကို ဝင်စစ်ပြီး ရစ်တယ်။ ထောက်ပို့တွေ လုပ်နေလား ဘာလား ဆိုပြီး မေးတယ်။ ပြီးတော့ လမ်းပေါ်ဖြတ်ရင်လည်း ဒီနေရာက မစစ်ဘူးဆိုပြီး သွားလိုက်ရင် နေ့လည်လောက်ဆို ဖုန်းကအစ စစ်ပြီပဲ။ အခြေအနေက ခန့်မှန်းမရဘူး။ အရင်လို သွားလာလို့ မရတော့ဘူး” ဟု ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Kpay

အင်းလေးဒေသအတွင်း စက်သုံးဆီ ပြတ်လပ်နေသည့်အပြင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် စိုက်ခင်းအများအပြား ပျက်စီးကာ သွားလာရေး ခက်ခဲနေပြီး စားဝတ်နေရေးအတွက်ပါ စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

“လောင်စာဆီ မလုံလောက်တာနဲ့ ပတ်သက်ပြီးလည်း စားဝတ်နေရေးအတွက် စိုးရိမ်နေရပြီ။ အစစ်အဆေး တင်းကျပ်တာကြောင့်လည်း စိတ်ညစ်ရတယ်။ စိတ်ဓာတ်တွေပါ ကျနေပြီ။ ဒီစစ်ကြီး ဘယ်တော့ ပြီးမှာလဲ မသိဘူး။ ဘာမှ ရစရာ မျှော်လင့်စရာလဲ မရှိတော့ဘူး” ဟု အဆိုပါ ဒေသခံ အမျိုးသမီးက ထပ်လောင်းပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ စစ်မှုထမ်းဆင့်ခေါ်ခြင်းလည်း အမှတ်စဉ် (၅) တွင် အမျိုးသမီးများကိုပါ စတင် ဆင့်ခေါ်တော့မည် ဆိုသည့် သတင်းကြောင့် အမျိုးသမီးများလည်း စိုးရိမ်မှုများစွာ ရင်ဆိုင်နေရသည်။

လက်ရှိ အင်းလေးတွင် ခရီးသွားများနည်းပါးကာ စက်သုံးဆီများ ပြတ်လပ်နေခြင်းကြောင့် စက်လှေသမားများနှင့် ဈေးသည်များ အလုပ်လက်မဲ့ဖြစ်နေကြပြီး ဝင်ငွေမရှိတာကြောင့် ရေရှည်ရပ်တည်ရန် ခက်ခဲနေကြသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...