သျှမ်းမြောက်တွင် လျှပ်စစ်မီးနှင့် အင်တာနက် ပြန်ရမည်ဆိုသော သတင်းကြောင့် စစ်ရှောင်အများစု နေရပ်ပြန်

သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့် လားရှိုးတွင် အင်တာနက်နှင့် လျှပ်စစ်မီးပြန်ရမည် ဆိုသော သတင်းကြောင့် စစ်ရှောင်အများစု နေရပ်ပြန်ကြကြောင်း စုံစမ်းသိရသည်။

“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” သည် ဇွန်လ ၂၅ ရက်တွင် စတင်ခဲ့ရာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ညီနောင်မဟာမိတ် ကိုးကန့်တပ်မတော် (MNDAA) တို့က လားရှိုး၊ကျောက်မဲ၊ နောင်ချို နှင့် မိုးကုတ် တို့ကိုသိမ်းယူခဲ့သည်။

ထိုစစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နေအိမ် အဆောက်အဦး အများအပြားပျက်စီးကာ ဒေသခံ အများစု သေကြေပြီး သျှမ်းပြည်တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တော်လှန်ရေး အင်အားစုဘက်မှ လားရှိုးမြို့နှင့် ကျောက်မဲမြို့ ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တိုက်ပွဲများလည်း ရပ်တန့်ကာ စစ်ရှောင်အများစုသည် ဖုန်းလိုင်းနှင့် လျှပ်စစ်မီးပြန်ရမည်ဆိုသည့်သတင်းကြောင့် စစ်ရှောင်များနေရပ်သို့ပြန်နေကြကြောင်း ကျောက်မဲမြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ကြောင့် စစ်ဘေးရှောင်ရသည့် သူများ

“ ဒီလကုန်ကျရင် (TNLA)က ဖုန်းလိုင်းတွေ၊ လျှပ်စစ်မီးတွေ ပြန်ရမယ်လို့ ကြားတယ်။ ဒါနဲ့ စစ်ရှောင်တွေ ရရာကားကြုံနဲ့လိုက်ပြန်ကြတာ။ ကျမတို့လည်း ဒီလကုန်ပြန်တော့မှာ။ ကားခမရှိသေးတာရယ် စိတ်ချရတဲ့ကားမရှိသေးတာရယ်ကြောင့် မပြန်သေးတာ”ဟု ကျောက်မဲဒေသခံအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မန္တလေးမြို့မှ တဆင့် သျှမ်းမြောက် ကျောက်မဲမြို့သို့ ပြန်မည့် စစ်ဘေးရှောင်များသည် ပြင်ဦးလွင် အဝင်၌ စစ်ကောင်စီမှ
၁၃မျဉ်းစောင်းများကို အဝင်မခံတာကြောင့် ကားသမားများမှာလည်း တောင်ကြီးမြို့ ဘက်မှ တစ်ဆင့် ဖြတ်သန်းနေရကြောင်းသိရသည်။

“ ခုက ဆီဈေးတွေလည်းတက်နေတယ်။ ဆီကလည်း တန်းစီရတာနဲ့ အချိန်ကလည်း ကုန်သေးတယ်။ ပြင်ဦးလွင်လမ်းကို ဖြတ်လို့မရတော့ စစ်ရှောင်တွေကို မန္တလေးကနေ တောင်ကြီးကနေ တစ်ဆင့် သွားရတော့ ခရီးကြာတာပေါ့။ ကားခလဲ ပိုယူရတာပေါ့လေ။ တစ်ချို့စစ်ရှောင်တွေဆို ကားခ မတတ်နိုင်ရင်တော့ နည်းနည်းတော့ လျော့ပေးတာပေါ့လေ။”ဟု ကျောက်မဲ -မန္တလေး ပြေးဆွဲနေ့သည့် ကားသမားတစ်ဦးကပြောသည်။

တောင်ကြီးမှ ကျောက်မဲသို့ သွားမည်ဆိုလျှင် တစ်ဦးကို ကျပ်ငွေ ၁သိန်းခွဲပေးရပြီး မန္တလေးမှ ကျောက်မဲဆိုလျှင် ကျပ်ငွေ ၂သိန်းပေးစီးရကြောင်း အဆိုပါ ကားသမားကပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းသည် ၂၀၂၃ ခုနှစ် အောက်တိုဘာ၂၇ တွင် စတင်ခဲ့ပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်တော် (MNDAA) နှင့် အရက္ခတပ်တော် (AA) တို့ဦးဆောင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းနှင့် မြို့၊ကျေးရွာတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...