စစ်တက္ကသိုလ်နှင့် စစ်ကောင်စီ၏ ဝန်ထမ်းများရှိသည့် ပြင်ဦးလွင်မြို့ကို ၁၃မျဉ်းစောင်းများ ဝင်ခွင့်ပိတ်ထားဟုဆို

ပြင်ဦးလွင်မြို့ဘက်မှ တဆင့် မိမိနေရပ်ဘက်သို့ ပြန်မည့် ၁၃မျဉ်းစောင်း နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်သူများကို စစ်ကောင်စီကပေးမဝင်ဘဲ ပြန်လှည့်ခိုင်းကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် ဇူလိုင် ၂၇ရက်တွင် ကျောက်မဲမြို့၌ စစ်ကောင်စီနှင့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ တိုက်ပွဲဖြစ်ပွားပြီး ၁၃မျဉ်းစောင်း နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်သူများသည် မန္တလေးမြို့ဘက်သို့ အများအပြားထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။

သြဂုတ် (၆)ရက် နံနက်ပိုင်းတွင် TNLA နှင့် ပူးပေါင်းတပ်များက ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ အမှတ်(၁) စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ် စကခ-၁ နှင့် ခြေမြန်တပ်ရင်း ခမရ ၅၀၁၊ ၅၀၂ ကို အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ကျောက်မဲစစ်ဘေးရှောင်ခဲ့သည့် ပြည်သူများက မိမိနေရပ်သို့ ပြန်လာကြရာ ပြင်ဦးလွင် ဇီးပင်ကြီး စစ်ကောင်စီဂိတ် တွင် ခရီးသွားကားများကို တင်းကြပ်စွာ စစ်ဆေးနေပြီး ၁၃မျဉ်းစောင်း နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်သူများကို ပြင်ဦးလွင်မြို့သို့ ပေးမဖြတ်ဘဲ ပြန်လှည့်ခိုင်းကြောင်း ကိုယ်တိုင်ကြုံတွေ့သည့် စစ်ရှောင်တစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

“ကျနော်တို့ ပြင်ဦးလွင်ကို ပေးမဖြတ်လို့ ပြန်လှည့်ရတယ်။ နှစ်ခါသွားစမ်းကြည့်တာ နှစ်ခါစလုံးမရလို့ တောင်ကြီးဘက် ကနေ ပြန်လှည့်ပြီး ကျောက်မဲကို ပြန်လာရတယ်” ဟု နေရပ်ပြန် စစ်ရှောင်တစ်ဦးက ဆိုသည်။

အဆိုပါ နေရပ်ပြန်သည့် စစ်ရှောင်များသည် ကားခ ကျပ်ငွေ တစ်သိန်းခွဲပေးပြီး ပြန်ရကြောင်း၊ လက်ရှိမြို့တွင်းတွင် စစ်ရေး မရှိသော်လည်း အလုပ်အကိုင်မလုပ်ကိုင်နိုင်သေးကြောင်း၊ စားဝတ်နေရေးခက်ခဲနေသးကြောင်း နေရပ်ပြန် စစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အခုတော့ သေနတ်သံ လက်နက်ကြီးသံမကြားရဘူး။ ကျောက်မဲမှာက အလုပ်တော့မရှိဘူး။ ယောင်ချာချာနဲ့ အဆင်မပြေဘူး။ ကလေးကလည်း ၃ယောက်ရှိတယ်။ အိမ်ဆိုလည်း သူခိုးတွေ ဝင်မွှေသွားတယ်။ ဘာမှမကျန်ဘူး” ဟု ၎င်းအမျိုးသမီးက ပြောသည်။

စစ်ရှောင်များနေရပ်သို့ပြန်မည်ဆိုပါက အခြေအနေကို သေချာမေးမြန်းစုံစမ်းပြီးမှ ပြန်သင့်ကြောင်းနှင့် ကားသမားများကို သေချာမေးသင့်ကြောင်း ၎င်းအမျိုးသမီးက ဆက်ဆိုသည်။

လက်ရှိမှာ ကျောက်မဲမြို့တွင် တိုက်ပွဲများ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများ မရှိသော်လည်း ဖုန်းလိုင်းများ ဖြတ်တောက်နေပြီး ယခင်စစ်အာဏာရှင်လက်ထက်တွင် အသုံးပြုခဲ့သည့် CDMA ကဒ်များဖြင့်သာ ဆက်သွယ်ရကြောင်း ၎င်းက ပြောသည်။

ယခုလက်ရှိတွင် ကျောက်မဲ၌ တိုက်ပွဲငြိမ်သက်နေသော်လည်း သီပေါမြို့ပေါ်တွင် စစ်ကောင်စီနှင့် (TNLA) တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး TNLA ဘက်လည်း မြို့တွင်း ဘုန်းကြီးကျောင်း များတွင် အကာအကွယ်ယူကာ တိုက်ခိုက်နေကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...