Wednesday, February 4, 2026

စစ်ကောင်စီ

လားရှိုးမြို့ ပြည်သူများ နေအိမ်ဖောက်ထွင်းမှု၊ သူခိုးရန် စိုးရိမ် နေရပ်ပြန်နေကြ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ ပြည်သူများ အချို့သည် နေအိမ်ဖောက်ထွင်းခံရခြင်း၊ သူခိုးရန် ကို စိုးရိမ်သဖြင့် နေရပ်ပြန်ကြကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် သြဂုတ်လ ၃ရက် တွင် လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခကို ကိုးကန့်တပ်ဖွဲ့ MNDAA က အလုံးစုံ သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက်...

ကျောက်မဲမှာ MNDAA၊ TNLA နဲ့ NUG တို့အစည်းအဝေးလုပ်နေချိန် ပေါင် (၁၀၀၀) ဗုံးကြဲချသဖြင့် ထိခိုက်သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအတု

သျှမ်းပြည် ကျောက်မဲမြို့မှာ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ ခေါင်းဆောင်၊ တအာင်းတပ်ဖွဲ့ TNLAA ရဲ့ စစ်ဦးစီးချုပ်နဲ့ NUG ကိုယ်စားလှယ်တို့ အထူးအစည်းအဝေးပြုလုပ်နေချိန် စစ်ကောင်စီတပ်က ပေါင် (၁၀၀၀) ဗုံးနဲ့ တည့်တည့်ကြဲချလိုက်တာကြောင့် ထိခိုက်သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Kyaw Swar ချယ်နယ်ကနေ...

ဆီဆိုင်တွင် လက်နက်ကြီး​ကြောင့် နေအိမ်လေးလုံး ထက်မနည်းပျက်စီး

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ထီရီး(ပွဉ်ရင်း )ရွာ တွင် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)နှင့် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် နေအိမ် (၄)လုံးထက်မနည်း ပျက်စီးသွားကြောင်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၆ရက်မှ စကာ...

ညီနောင်မဟာမိတ် က ရမခ တိုင်းမှူး လက်နက်ချရန် ကမ်းလှမ်းပြီးနောက် မူဆယ်မြို့ သေနတ်သံစကြားရ

တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့သို့ ရောက်ရှိနေသော လားရှိုး ရမခ တိုင်းမှူးကို ညီနောင်မဟာမိတ်တပ်မှ လက်နက်ချရန် ကမ်းလှမ်း ပြီးနောက် သေနက်သံများ စတင်ထွက်ပေါ်လာကြောင်း သတင်းရရှိသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ ဗိုလ်မှူးချုပ်စိုးလှိုင်ကို တွင် ညီနောင် မဟာမိတ်တပ်မှ လက်နက်ချရန် ကမ်းလှမ်းခဲ့သည့်သတင်းသည် ယမန်နေ့တွင် ထွက်ပေါ်ခဲ့ကြောင်း...

ရပ်စောက်မြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွား စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း (၈)ဦး ဖမ်းဆီးရမိ

သျှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူ ကျေးရွာအတွင်း စစ်ကောင်စီ တပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး (DPLF/DPLA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း (၈)ဦး ဖမ်းဆီးရမိကြောင်း သိရသည်။ သြဂုတ်လ ၈ ရက် နံနက် ၁၁နာရီဝန်ကျင်တွင် စစ်ကောင်စီတပ်မှ DPLA /DPLF...

UWSA အရာရှိဟောင်း ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၂ ဦးကို တရုတ်ရဲ က တန့်ယန်းအထိ ထပ်မံလာရောက်ရှာဖွေ

သျှမ်းပြည် တန့်ယန်းမြို့နယ်သို့ တရုတ်က အလိုရှိနေသည့် ‘ဝ’တပ်ဖွဲ့ UWSA အရာရှိဟောင်း ကျားဖြန့်ဂိုဏ်းခေါင်းဆောင် (၂) ဦးကို တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့မှ ထပ်မံလာရောက် ရှာဖွေခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်တွင် တန့်ယန်းမြို့နယ် မိုင်းကောင်၊ မိုင်းဟဒေသဘက်သို့ တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့က...

ဆီဆိုင်မြို့ စစ်ဘေးရှောင်များ ထွက်ပြေးရန် နေရာမရှိ ဖြစ်နေ

သျှမ်းပြည် ဆီဆိုင်မြို့နယ် တိုက်ပွဲကြောင့် နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်အပါအဝင် ဒေသခံများသည် သြဂုတ် ၃ ရက်စတင်ကာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆီဆိုင်မြို့ဒေသခံများက ပြောသည်။ တစ်လကျော်ကြာ တိုက်ပွဲများငြိမ်သက်နေသည့် ဆီဆိုင်မြို့တွင် ပြီးခဲ့သည် သြဂုတ် ၃ ရက်က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ဌာနချုပ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...

စစ်ကောင်စီတပ်က လားရှိုးမြို့ကို အလုံးစုံပြန်ထိန်းချုပ်နိုင်၊ ယူနန်တရုတ်နဲ့ ကိုးကန့်တပ်သား ၄၀၀ ခန့်ကိုအရှင်ဖမ်းမိ သတင်းအတု

သျှမ်းပြည် လားရှိုးမြို့ကို စစ်ကောင်စီတပ်မှ အလုံးစုံပြန်ထိန်းချုပ် ထားနိုင်ခဲ့ပြီး ယူနန်တရုတ်နဲ့ ကိုးကန့်တပ်သား ၄၀၀ ခန့်ကို အရှင်ဖမ်းမိထားဆိုတဲ့သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Snow Queen ချယ်နယ်ကနေ သြဂုတ် ၆ ရက် မွန်းတည့်အချိန်က ဖြန့်ချိခဲ့ပြီး လက်လွတ်လိုက်ရတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ်က အလုံးစုံပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့...

ပင်လောင်းတွင် ဆယ်ကျော်သက် လူငယ်များကို PNOမှ ကင်းစောင့်ခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် လိန်းညားကျေးရွာအုပ်စုရှိ ဆယ်ကျော်သက် လူငယ်များအပါအဝင် လက်နက်မပါဘဲ ပအိုဝ်းပြည်သူ့စစ် PNO မှ ကင်းစောင့်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့်( သြဂုတ်လ ၃ )ရက်နေ့မှစပြီး လိန်းညား ကျေးရွာအုပ်စုရှိ အသက် ၁၈ နှစ် လူငယ်များနှင့် အသက် ၄၅ အရွယ် လူကြီးများကို...

ရဲ၊စစ်သား ခွင့်ပြုချက်ဖြင့်ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး၏ သနပ်ဖက်ဂိုဒေါင်ထဲ လောင်းကစားဖွင့်နေ

သျှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ဘော်ဆိုင်းကျေးရွာ၊ကံသာအုပ်စုတွင် ရဲ၊စစ်သား ခွင့်ပြုချက်ဖြင့်ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး၏သနပ်ဖက်ဂိုဒေါင်တွင်လောင်းကစားဝိုင်းဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ ဇူလိူင်လနောက်ဆုံးပတ်တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး လေးကောင်ဂျင် လောင်ကစားဝိုင်းအမျိုးအစားဖွင့်ကာ ယင်းလောင်းကစားဝိုင်းကြောင့် ဒေသခံများ ပျက်စီးနေကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ "လောင်းကစားကြောင့်ဘဝပျက်သူတွေ အများကြီး သားမယားတွေနဲ့ပါ ကွဲကြတာ၊ မိသားစုတွေ မျက်ရည်မျက်ခွက် ဒုက္ခပေါင်းစုံခံနေရတာ။ ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး ဦးအောင်သန်း ရဲကင်းမှူးဒုရဲအုပ်(အမည်မသိ)ရပ်ကျေးစာရေးဇေယျာကျော်ဝင်းတို့ ပူးပေါင်း...

Latest news