သီပေါတိုက်ပွဲ ၃ ရက်တွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ အရပ်သား ၂၀ ဦးနီးပါး သေဆုံး

သျှမ်းပြည် သီပေါမြို့အခြေစိုက် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လ ၁၀ ရက်မှ စတင်ပြီး သီပေါမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၃)၊ ခြေမြန်တပ်ရင်း ခမရ-၅၀၃/၅၀၄ တို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ကျော် ထိခိုက်သေဆုံးပြီး နေအိမ်အများအပြား ပျက်စီးကြောင်း သီပေါဒေသခံများက ပြောသည်။

သီပေါမြို့ ထိခိုက်ဒဏ်ရာရသည့် မယ်သီလရှင်

“သီပေါကတော့ နောင်ပိန်ဘက်ကို စစ်ဘေးရှောင်တာများတယ်။ လက်နက်ကြီးကော လေယာဉ်နဲ့ ပစ်တာကောဆိုရင် ဆုံးတာ အယောက် ၂၀ ကျော် ရှိပြီ။ မြို့ဟောင်းဘက်မှာ လေယာဉ်ဗုံးကြဲလို့ ၄ ယောက် သေတယ်။ တိမ်တောင်ဘက်ကိုလည်း လေကြောင်းနဲ့ ဗုံးကြဲတယ်။ ရဲစခန်းနဲ့ ထောင်ကြီးနားကတော့ ပိုပြင်းတာ”ဟု သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့အထွက် မိုးတေရွာအသွားလမ်းရှိ တုံဆင့်ဘက်တွင် တည်ရှိသည့် စစ်ကောင်စီ ခမရ-၅၀၄ တပ်ရင်းဘက်တွင်လည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့လယ်ရပ်၊ နာရီစင်နှင့် ဇာတ်စုရပ်တို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်းနှင့် လူနေအိမ် အများအပြား ထိခိုက်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

“ထောင်ကတော့ ၁၀ ရက်နေ့ကတည်းက ပွင့်သွားပြီလို့ပြောတယ်။ TNLA နဲ့ PDF ဘက်က ဖွင့်ပေးတယ်ပြောရမှာ။ ထောင်သား၊ အချုပ်သားနဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဆွေမျိုးတွေ သိပြီး လာကြိုသွားတာ အနည်းစုပဲ။ ထောင်ဖွင့်ပြီးတဲ့နောက်ပိုင်း ခနလေးပဲ လေယာဉ်နဲ့ နာရီစင်ဘက် မြန်မာ့ရှေ့ဆောင်ဘဏ်နား လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်”ဟု သီပေါမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သီပေါမြို့ ထိခိုက်ဒဏ်ရာရရှိသူများ

လက်ရှိတွင် သီပေါမြို့ ဇာတ်စုရပ်ဘက်ရှိ သီပေါထောင်ကြီး၊ ရဲစခန်းနှင့် လဝကရုံးဘက်တွင် ပစ်ခတ်သံများ ဆက်လက်ထွက်ပေါ်နေပြီး မြို့ဟောင်းရပ်မှ ဒေသခံများမှာ ကုန်းသာရွာဘက်သို့လည်းကောင်း၊ ဘော်ကြို၊ နမ့်ဟူးနွဲ့မှတဆင့် နမ့်လန်မြို့ဘက်သို့လည်းကောင်း အသီးသီး ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

သီပေါမြို့နယ် နောင်ကော်ကျေးရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၁၄၇ ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဇူလိုင်လ နောက်ဆုံးပတ်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဘက်တပ်သား ထိခိုက်သေဆုံးမှု များပြားကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အလားတူ နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများလည်း သီပေါမြို့ဘက်သို့ ဦးတည်၍ တစ်ဘက်သက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေး စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...