“လူကောင်မမြင်ဘူး၊ သူတို့ကပစ်ပစ်ဆိုလို့ ပစ်လိုက်တာ”

စစ်ကောင်စီ အသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ မဖြစ်မနေစစ်သင်တန်းကို တက်ခဲ့ရပြီးနောက် ရှေ့တန်းကို ပို့ခံလိုက်ရသည့်သင်တန်ဆင်းတစ်ဦးက အထက်ပါအတိုင်း ဖွင့်ဟပြောဆိုလာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ ပြည်သူ့စစ်မှုထမ်း စစ်သင်တန်းတက်ခဲ့ရပြီးသည့်နောက် သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ခမရ (၄၂၄) တပ်ရင်းထံ အပို့ရသည်ဟု သူကဆိုသည်။

သြဂုတ် ၁၀ ရက်တွင် ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲ၌ ထိုသင်တန်းဆင်းတစ်ဦးကို စစ်သုံ့ပန်းအဖြစ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ကဖမ်းဆီးရမိပြီး စစ်ဆေးမေးမြန်းခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီအလောင်း ၃ လောင်း၊ စစ်သုံ့ပန်း ၁ ဦးအပါအဝင် သေနတ် MA 1 တလက်နှင့် ဒရုန်းတစင်းကို PNLA ဘက်က သိမ်းဆည်းရမိခဲ့သည်။

၎င်းက “ခေါင်းဆောင်တွေက ပစ်ပစ်ဆိုတော့ လေး၊ ငါး ထောင့်တော့ ပစ်လိုက်တယ်။ ကျည်ဆံက ဆယ်ထောင့်တောင် မရှိဘူး။ ၇ ထောင့်၊ ၈ ထောင့်လောက်ဘဲပစ်တယ်။ သူတို့ကအရှေ့က ကျနော်တို့က အနောက်က။ လူကောင်မမြင်ဘူး၊ သူတို့ကပစ်ပစ်လို့ဆို ပစ်လိုက်တာ” ဟု ပြောသည်။

ထို့အပြင် အဖမ်းမခံရခင်အချိန်ထိ ဒေသခံနေအိမ်ပေါ်တွင် ထမင်းဟင်းချက်စားနေကြောင်း၊ လူကိုမူးယစ်စေသည့် ဆေးဝါးတစ်မျိုးကိုသုံးစွဲနေကြောင်း သူကဆက်ပြောသည်။

မြန်မာမှ ဒုက္ခရောက်နေသော စစ်ကောင်စီသည် ဆုတ်ယုတ်နေသည့် စစ်အင်အားကို ပြန်လည်ဖြည့်တင်းရန် ကာလကြာမြင့်ပြီဖြစ်သော အတင်းအကျပ် စစ်မှုမထမ်းမနေရဥပဒေကို ဖေဖော်ဝါလ ၁၀ ရက်တွင် စတင်ကျင့်သုံးခဲ့သည်။

ထို့နောက် အပတ်စဉ် (၁)၊ (၂)၊ (၃) ဟူ၍ မဲနှိက်စနစ်ဖြင့် သော်လည်းကောင်း၊ အတင်းအဓ္ဓ ပေါ်တာဆွဲစနစ်ဖြင့် သော်လည်းကောင်း နည်းမျိုးစုံဖြင့် တပ်သားသစ် စုဆောင်းခဲ့သည်။

လက်ရှိအချိန်ထိ အပတ်စဉ် (၄) အထိ စစ်သင်တန်းပေးနေဆဲဖြစ်ပြီး လာမည့် အပတ်စဉ် (၅) တွင် အမျိုးသမီးများကိုပါ စစ်မှုထမ်းခေါ်မည်ဟု စစ်ကောင်စီက ပြောဆိုထားသည်။

သို့သော် သင်တန်းဆင်း လူငယ်များအား တပ်ရင်း၊ တပ်ဖွဲ့များသို့ ပို့ဆောင်ခြင်း မပြုဘဲ ဥပဒေမဲ့ ရှေ့တန်းစစ်မျက်နှာများသို့ တိုက်ရိုက်ပို့ဆောင်နေသဖြင့် သေဆုံးမှုများ များပြားနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်တွင်လည်း သင်တန်းဆင့်သည့် ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် (၁) သင်တန်းသားများကို သျှမ်း၊ ကရင်နီ၊ ရခိုင်၊ ကရင်၊ တနင်္သာရီ ဒေသများရှိ ရှေ့တန်းစစ်မြေပြင်များသို့ တိုက်ရိုက် ပို့ဆောင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်ထံ သိရသည်။

“သင်တန်းက ဆယ်ရက်တက်ရတယ်။ ရွှေဘိုမှာတက်တာ။ ပြောင်းလာတာတော့ ရက်ပိုင်းဘဲရှိသေးတယ်၊ လတောင်မရှိသေးဘူး။ ရက်ပိုင်းဘဲရှိသေးတာကို ကျနော်တို့ကို ရှေ့တန်းတန်းပို့တာ။ ကျနော်တို့ကို ၄၂၄ မှာလာထားပြီး ရှေ့တန်းကိုတစ်ခါတည်းပို့လိုက်တာ။ ကျနော်တို့မှာ အင်အား ၂၀၀ လောက်ရှိတယ်” ဟု PNLA မှဖမ်းဆီးရမိသော စစ်သုံ့ပန်းတစ်ဦးက ပြောသည်။

လက်ရှိ ဆီဆိုင်မြို့နယ်အရှေ့စိုက် ခမရ (၄၂၃) နှင့် (၄၂၄) တပ်ရင်းတွင်လည်း စစ်အင်အား ၅၀၀ ခန့်ရှိပြီး၊ ခမရ (၄၂၄) တပ်ရင်းကို ဗိုလ်ကြီး နေမျိုးဦးက ဦးဆောင်နေကြောင်း ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ၏ ပြန်ကြားရေး တာဝန်ခံ ခွန်ရိန်းယံက ယခုလိုပြောသည်။

“ပြောရရင်တော့ ဒါကသေတွင်းပို့လိုက်တာပဲ။ အာဏာရူးမင်းအောင်လှိုင်က ကိုယ့်ကိုယ်သေတွင်း ပို့နေတဲ့အချိန်မှာ ကိုယ်ကမသေချင်ဘူးဆိုရင်တော့ ပါးနပ်မှရမယ်။ လိမ္မာမှရမယ်။ ကိုယ်ကအတင်းခေါ်ခံရလို့ ပါသွားတာဘဲဖြစ်ဖြစ်၊ ပေါ်တာဆွဲလို့ပါသွားတာဖြစ်ဖြစ်၊ ရှေ့တန်းအပို့ခံရတဲ့အချိန်မှာဘဲ ဖြစ်ဖြစ် ဘယ်လိုမျိုး အချိန်မှာဘဲဖြစ်ဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေကိုကြိုးစားပြီး ဆက်သွယ်ပါ။ ပြီးတော့ ဘက်ပြောင်းခိုလှုံပါ တိုက်တွန်းချင်တယ်” ဟု ခွန်ရိန်းယံက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်အတွင်း ရှမ်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်းမှာ ခုခံတော်လှန်မှုထိုးစစ်ကို ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ပြည်ပနိုင်တချို့က ငွေကြေး၊ လက်နက်နှင့် နည်းပညာအကူအညီများဖြင့် ကူညီပေးနေသည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...