ရွာငံ စက်သုံးဆီပြတ်လပ်နေပြီး ဒေသခံများ ခြံသွားရန်အခက်တွေ့

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စက်သုံးဆီ ပြတ်လပ်နေတာကြောင့် ဒေသခံများ စိုက်ခင်းခြံနှင့် ခရီးဝေးသွားရန်အတွက် အခက်ခဲ ဖြစ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်မှ စတင်ကာ ဆီဆိုင်များပိတ်ထားခြင်းကြောင့် စက်သုံးဆီဖြင့် ခြံအလုပ်လုပ်ရသော လုပ်ငန်းများကို ရပ်နားထားရပြီး စိုက်ပျိုးရေးလုပ်ငန်းများကိုပါ ရပ်နားထားရပြီး ဆီများကိုလည်း ရက်အနည်းငယ်ကြာမှ ရောင်းပေးသည့်အတွက် စက်သုံးဆီးများခက်ခဲနေကြောင်း သိရသည်။

“ ခြံမှာ တောရှင်းရတဲ့ဟာဆို စက်နဲ့မှ ပိုအဆင်ပြေတာ။ ဆီတွေပြတ်သွားတော့ ခုခြံမရှင်းရတော့ဘူး။ မြို့တက်ပြီး မျိုးစေ့တွေ သွားဝယ်မယ်ဆိုလည်း မြို့တက်မရတော့ ခက်တယ်။ အခုဆို စက်နဲ့ လုပ်ရတဲ့ အလုပ်ကို အကုန် ရပ်နားထားရတယ်။ စီးပွားရေးတွေ အကုန် နှောင့်နှေးတာပေါ့။”ဟု လက်ဖက်ခြံပိုင်ရှင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံမြို့နယ်

ထိုသို့ စက်သုံးဆီပြတ်လပ်မှုကြောင့် ဝေးလံသည့် တောင်ပေါ် လက်ဖက်ခြံများနှင့် လိမ္မော်ခြံသို့ သွားရသည့်အခါ ခြေကျင်သွားနေရကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။

စက်သုံးဆီ 92 တစ်လီတာကို ကျပ်ငွေ ၅၀၀၀ ပေးဝယ်နေရပြီး တခါတရံ သာဝယ်ခွင့်ရကြောင်း သိရသည်။

“ ဆီသွားဝယ်တာ တမြို့လုံးရော ရွာဖက်ဆိုင်တွေရော လိုက်ရှာတာ မရခဲ့ဘူး။တော်သေးတယ် ရှိတဲ့က လမ်းမှာမကုန်သွားတာ။ ကုန်ရင်တော့ ဆိုင်ကယ်တွန်းပြန်ရတော့မှာ။ ခုဆိုကုန်စျေးနှုန်းတွေ တက်တော့ ပိုဆိုးတာပေါ့” ဟု ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

ရွာငံမြို့နယ်ရှိ ဒေသခံများသည် စိုက်ပျိုးရေးကို အဓိကအားထားလုပ်ကိုင်နေကြရပြီး အများစုမှာ လိမ္မော်၊ လက်ဖက်နှင့် ဂေါ်ဖီထုပ် ၊မုန်ညှင်း၊ ပန်း စသည့် ရေတိုသီးနှံများကို စိုက်ပျိုးကာ အသက်မွေးဝမ်းကျောင်းပြုသည့် ဒေသဖြစ်သည်။

လက်ရှိရွာငံမြို့နယ်တွင် လျှပ်စစ်မီးပုံမှန်မရတော့သဖြင့် ဖယောင်းတိုင်းနှင့် ဆိုလာပြားကို အသုံးပြုနေရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သက်ငယ်မုဒိမ်းကျူးလွန်သည့် ရွာငံအမျိုးသားတစ်ဉီး လွတ်မြောက်နေဆဲ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဉီးကို  မုဒိမ်းမှုကျူးလွန်ခဲ့သော အမျိုးသားတစ်ဦးကို တစ်လနီးပါးကြာသည်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ လက်ထိတ်တန်းလန်းဖြင့်...

သျှမ်းတောင် ဂေါ်ဖီထုတ်ဈေးမရ၊ စိုက်ခင်းရှင်းလင်းရသည့်အထိဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ‌ပင်းတယမြို့နယ် ရွာငံမြို့နယ် အောင်ပန်းမြို့နှငိ့ ပင်လောင်းဒေသဘက်များတွင် ဂေါ်ဖီထုတ် ဈေးနှုန်းကျဆင်းပြီး တောင်သူများ အရှုံးပေါ်ကာ စိုက်ခင်းများရှင်းလင်းရသည့်အဆင့်ထိရောက်ရှိနေကြောင်း သတင်း ရရှိသည်။ သျှမ်းတောင်တွင် ဂေါ်ဖီထုတ်၊ ခရမ်းချဉ်သီး ၊ပန်းဂေါ်ဖီ၊ မုန်ညင်းထုတ်အပါအဝင် ပြောင်းစသည့် ကုန်စိမ်းသီးနှံများကို များကို အဓိကစိုက်ပျိူးကာ ပြည်မနှင့်အခြားပြည်နယ်သို့ တင်ပို့ရောင်းချ အသက်မွေးဝမ်းကျောင်းပြုကြသည်။ ယခု မိုးဦးကျရာသီ...

ရွာငံတွင် စစ်ကော်မရှင်က ရှောင်တခင် စလော့ဂိမ်းစစ်ဆေးမှုများပြုလုပ်ပြီး ဖမ်းဆီးအရေးယူနေ

0
သျှမ်းပြည်၊ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်က ကျေးရွာလမ်းမများနှင့် စစ်ဆေးရေးဂိတ်များတွင်  ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒေသခံများ၏ဖုန်းအတွင်း စလော့ဂိမ်းတွေ့ရှိလျှင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်အတွင်း အွန်လိုင်းစလော့ဂိမ်းများကို အသက် ၁၅နှစ်ဝန်းကျင်မှစပြီး အသက် ၆၀ကျော်အထိ ဂိမ်းကစားနေကြပြီး အဆိုပါဂိမ်းကြောင့် ကျေးရွာများ အတွင်း ခိုးဆိုးလုယက်ခြင်း၊ပိုင်ဆိုင်များကို ပေါင်နှံရောင်းချမှုများ ပိုမိုများလာကြောင်း ဒေသခံများက...

ရွာငံတွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရ၊ မေလအတွင်း (၉)ဉီးသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာနှင့် ကျောက်ငှက်ကျေးရွာတို့တွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရပြီး၊ မေလအတွင်း (၉)အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ (၂၀)ရက် ညသန်းခေါင်ယံ အချိန် ကျောက်ငှက်ကျေးရွာတွင် အသက် (၃၀)ကျော် ပျူစောထီးအမျိုးသား တစ်ဦးနှင့် အသက် (၃၀)ကျော် ဒေသခံ အမျိုးသားတစ်ဦးကို ဒလန်ဟု...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...