Tuesday, January 27, 2026

PNO တပ်ထဲဝင်မှ နေရပ်ပေးပြန်မည်ဟုဆိုသော်လည်း စစ်ယူနီဖောင်း မရှိသည့်အတွက် နေရပ်မပြန်ရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ထဲဝင်မှ နေရပ်ပေးပြန်မည်ဟုဆိုသော်လည်း စစ်ယူနီဖောင်းမရှိသည့်အတွက် နေရပ်ပြန်ခွင့်မပေးကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်ကစပြီး အသက် ၁၈နှစ်မှ အသက် ၄၀ အရွယ် ဆောင်းပြောင်းဒေသခံများကို (PNO) တပ်ထဲ စစ်မှုထမ်းရမည်ဟုဆိုပြီး ဖောင်ဖြည့်ခိုင်းကာ စစ်မှုမထမ်းလျှင် နေရပ်ပေးမပြန်တာကြောင့် ဒေသခံ အနည်းစု တပ်ထဲ ဝင်ခဲ့ကြရသည်။

PNO တပ်ဖွဲ့

“ ခုဆို စစ်သင်တန်းဆက်နေကြရတယ်။သင်တန်းတက်မှ ရွာထဲဝင်ရမယ်ပြောတယ်။ (PNO) ယူနီဖောင်းက အယောက်တိုင်းအတွက်မရှိဘူးလေ။ အဲတော့ PNO အင်္ကျီ မဝတ်ရတဲ့သူက ရွာမပြန်ရဘူး။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါတပ်ထဲဝင်ရမည်ဆိုသောကြောင့် ဆောင်းပြောင်းဒေသခံ (၂၀၀)ခန့် စစ်သင်တန်းတက်နေကြရသည်။

ထိုသို့ နေရပ်မပြန်ရတာကြောင့် ဒေသခံများသည် စိုက်ပျိုးထားသည့် စပါး၊ ပြောင်း စသည့် သီးနှံများကို ဆုံးရှုံးရမည်ကို စိုးရိမ်နေကြောင်းသိရသည်။

“ကျနော်တို့ စိုက်ခင်းပြန်ဖို့လိုတယ်လေ။ ကျနော်တို့ ငွေတွေကို စိုက်ခင်းထဲပဲ ထည့်ထားတာ။ ဒီစိုက်ခင်းတွေသာ ပျက်သွားရင် ငတ်ရုံပဲ ရှိတော့မယ်။ အိမ်ပြန်ချင်ပြီ။ကျနော်တို့ရွာသားတွေကိုလည်း ငဲ့ကြည့်ပေးစေချင်တယ်။” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပင်လောင်းမြို့

ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်၌ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒေသခံ အများပြား နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် တောတောင်ထဲတွင် စစ်ရှောင်နေကြရပြီး ယခုအချိန်ထိနေရပ်ပြန်ရန် အခက်ခဲရှိနေကြောင်းသိရသည်။

လက်ရှိဆောင်းပြောင်းဒေသဘက်တွင် စစ်သင်တန်းတက်ပြီးသည့်သူများကို အခြားကျေးရွာဖက်တွင် ဂိတ်စောင့်ခိုင်းထားကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...