ပြင်ဦးလွင်-မိုးကုတ်လမ်းကို စစ်ကောင်စီ ပိတ်ထားပြီး မိုးကုတ်ဒေသခံများ နောင်ချိုမှတဆင့် စစ်ဘေးရှောင်နေရ

သျှမ်း-မန္တလေးနယ်စပ်ရှိ မိုးကုတ်နှင့် မိုးမိတ်မြို့များမှ စစ်ဘေးရှောင်များသည် ပြင်ဦးလွင်-မိုးကုတ်လမ်းကို စစ်ကောင်စီတပ်မှ ပိတ်ထားခြင်းကြောင့် နောင်ချိုဘက်မှတဆင့် စစ်ဘေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်တွင် မိုးကုတ်မြို့အရှေ့ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပြင်ဦးလွင်-မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီဘက်က ပိတ်ထားလိုက်ပြီး ဖြတ်သန်းခွင့် မပေးတော့ကြောင်း သိရသည်။

မိုးကုတ်နှင့် မိုးမိတ်မြို့တို့ကို TNLA နှင့် PDF တပ်ဖွဲ့များက ထိန်းချုပ်လိုက်ပြီးနောက် မြို့ခံအများစုမှာ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံလာရောက် ဗုံးကြဲမည်ကို စိုးရိမ်ခြင်းကြောင့် ဩဂုတ်လဆန်းပိုင်းမှ စ၍ မိုးကုတ်-ဟိုခို-နောင်ချို လမ်းပိုင်းမှတဆင့် ပြင်ဦးလွင်မြို့သို့ ကွေ့ဝိုက်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ပုံစာ – ဇူလိုင်လအတွင်း တိုက်ပွဲပြင်းထန်ချိန် မိုးကုတ်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေစဉ်

“မိုးကုတ်၊ မိုးမိတ်ဘက်က စစ်ရှောင်တွေ အုပ်စုလိုက် ရှောင်လာကြတာ၊ လမ်းကတော့ ပိတ်လိုက်၊ ဖွင့်လိုက်ပေါ့။ မိုးကုတ် အရှေ့ဘက်ကနေ ထွက်လာရင် ဟိုခိုအထိ ၃ နာရီကျော်လောက် မောင်းရင် နောင်ချိုထဲ ရောက်ပြီ။ အခုရက်ပိုင်းအတွင်း ကား၊ ဆိုင်ကယ် ရာနဲ့ချီ နေ့တိုင်း ထွက်လာနေကြတယ်”ဟု နောင်ချိုမြို့ရောက် မိုးကုတ်စစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

ပုံစာ – ဇူလိုင်လအတွင်း တိုက်ပွဲပြင်းထန်ချိန် မိုးကုတ်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေစဉ်

မိုးကုတ်မြို့မှ ထွက်ခွာလာသည့် စစ်ဘေးရှောင်များသည် နောင်ချိုမြို့နယ်အတွင်း ဟိုခို၊ သုံးဆယ်၊ ရွှေညောင်ပင်၊ ရေမောင်းတန်းမှတဆင့် ပြည်ထောင်စုကားလမ်းမကြီးကို ဖြတ်ကျော်ပြီး လယ်ကျင်းကွေ့၊ အင်းဝိုင်းသကြားစက်သို့ ဆက်လက်မောင်းနှင်ကာ ပြင်ဦးလွင်နှင့် မန္တလေးမြို့ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

အလားတူ မန္တလေး-မိုးကုတ်လမ်းပိုင်းပေါ်ရှိ မတ္တရာနှင့် သပိတ်ကျင်းမြို့များကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ဖြတ်သန်းသွားလာရန် ခက်ခဲကြောင်း မိုးကုတ်စစ်ဘေးရှောင်များက ပြောသည်။

မိုးကုတ်အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကာလ ၁ လကျော်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုကြောင့် ကလေး (၉) ဦး အပါအဝင် အရပ်သား (၃၁) ဦး သေဆုံးပြီး (၆၀) ကျော် ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...