သီပေါမြို့ စစ်ကောင်စီ လေကြောင်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်၊ ပိတ်မိပြည်သူများ ဗုံးဆံထိမှန်သေဆုံး

သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်အတွင်း ပိတ်မိနေသည့် အရပ်သားပြည်သူများ ဗုံးဆံထိမှန် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဩဂုတ်လ ၁၅ ရက်)တွင် သီပေါမြို့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-(၂၃) ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

TNLA သီပေါမြို့လယ် နေရာဝင်ယူနေသည့်ပုံ

စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူဖြင့် အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့ဟောင်းနှင့် တုံဆင့်ဘက်ရှိ နေအိမ်အတွင်း ပိတ်မိနေသည့် အရပ်သား ပြည်သူများ ဗုံးဆံထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“လေယာဉ်နဲ့ နေ့ခင်းတစ်ပိုင်းလုံး ပြီးတော့ တစ်ညလုံးပဲ ဗုံးလာကြဲတာ၊ လက်နက်ကြီးကော သေနတ်သံကော အဆက်မပြတ် ကြားရတယ်။ မနေ့က မြို့ဟောင်းထဲ လူထိခိုက်တာ များတယ်၊ တချို့လည်း မထွက်ပြေးနိုင်ကြသေးဘူး။ တိုက်ပွဲဖြစ်နေတာ မြို့ထဲနဲ့ စစ်တပ် ခလရ-၂၃ နား ပြင်းတယ်”ဟု သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် သီပေါမြို့ပေါ် မန်မိုင်၊ ကျောင်းစု၊ တုံဆင့်နဲ့ စစ်ကောင်စီတပ် ခလရ-၂၃ အနီးတွင် တိုက်ပွဲပြင်းထန်နေပြီး တုံဆင့်နှင့် မြို့ဟောင်းရပ်မှ ပြည်သူများမှာ နားခဲနှင့် ဘော်ကြိုဘုန်းကြီးကျောင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့အဝင်အထွက်ကို TNLA က ကန့်သတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

“မြို့ဟောင်းဘက် ထွက်မပြေးနိုင်တဲ့လူတော့ လက်နက်ထိပြီးတော့ ဒဏ်ရာရတာ သေတာ ရှိတယ်။ တုံဆင့် ဘက်က မသန်စွမ်း ရှိတဲ့ အိမ်တွေဆိုရင် တချို့က ပစ္စည်းတွေ အရင်သယ်ထုတ်သွားပြီး လူကို နောက်မှ လာကယ်မယ်ပေါ့၊ ပြန်လာတော့ မြို့ထဲ ဝင်လို့မရတော့တာ။ အခု အိမ်မှာ ကျန်ခဲ့တဲ့ မသန်စွမ်းမိဘတွေက သေလား၊ ရှင်လား မသိနိုင်တော့ဘူး”ဟု သီပေါမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

TNLA သီပေါမြို့ထဲ သွားလာနေပုံ

သီပေါမြို့တွင် တိုက်ပွဲကြား သေဆုံးသွားသူများ၏ အချို့ရုပ်အလောင်းများကို သွားရောက်ကောက်ယူနိုင်ခြင်း မရှိဘဲ နေအိမ်ထဲ ပုပ်ပွနံစော်ပြီး ပစ်ထားရသလို ဒဏ်ရာဖြင့် သေဆုံးနေသည့် စစ်သားအလောင်းများကိုလည်း နမ္မတူမြစ်ထဲ မျှောချနေကြောင်း မျက်မြင်တွေ့ရှိခဲ့သူများက ပြောသည်။

ယမန်နေ့ (ဩဂုတ်လ ၁၅ ရက်) တစ်ရက်တည်းတွင် သီပေါမြို့သို့ စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁၆) ကြိမ် ဗုံး(၁၁၃) လုံး လာရောက်ကြဲချခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် သီပေါမြို့ကို TNLA ပူးပေါင်းတပ်ဖွဲ့က မြို့ကို ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီတပ် ခလရ-(၂၃)၊ ခမရ-၅၀၄/၅၀၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲ တစ်ပတ်အတွင်း အရပ်သား (၂၀) ကျော် ထိခိုက်သေဆုံး၍ ပြည်သူနေအိမ် အများအပြား ပျက်စီးကြောင်း သီပေါဒေသခံများက ပြောသည်။။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...