ဟိုပုံးမြို့နယ်
ဟိုပုံးမြိုနယ် အတွင်း PNOမှ တအိမ် ၃သောင်းကျပ်နှင့် စစ်သားသစ်စုဆောင်းရန် စာရင်းကောက်နေ
သျှမ်းတောင် ဟိုပုံးမြို့နယ် အတွင်းရှိ ကျေးရွာတချို့ကို ပအိုဝ်းပြည်သူ့စစ် (PNO)မှ တအိမ်ထောင်စုလျှင် ကျပ်ငွေ ၃သောင်းကျပ်နှင့် စစ်သားသစ်စုဆောင်းရန် စာရင်းများလာကောက်နေကြောင်း စုံစမ်းသိရသည်။ PNO မှ နယ်မြေလုံခြုံရေး ဟုပြောဆိုပြီး အသက် ၁၈နှစ်မှ အသက် ၅၀ အောက်များ၏ နာမည်စာရင်းကို ကောက်ပေးရန် နှင့် လုံခြုံရေးလှုပ်ရှားရန်...
ကောက်ရသည့် လက်ပစ်ဗုံးပေါက်ကွဲ ကလေးငယ်တစ်ဦးသေဆုံး အမျိုးသမီးငယ်တစ်ဦး လက်ဖြတ်ခံရ
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းပျဥ်းအတွင်း ကလေးငယ်များသည် ကောက်ရသည့် လက်ပစ်ဗုံးတလုံးကို ဆော့နေချိန် ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ အမျိုးသမီးငယ် တစ်ဦးလည်း ညာဘက်လက် ဖြတ်လိုက်ရကြောင်း စုံစမ်းသိရသည်။ပြီးခဲ့သည့် ဧပြီလ ၂၆ ရက် နေ့လည်ပိုင်းတွင် ဟိုပုံးမြို့နယ်...
ဟိုပုံးမြို့နယ် သျှမ်းပြည်ဝန်ကြီးချုပ် မရောက်မီအချိန်တွင် ပြည်သူများ မြက်နုတ်၊ အမှိုက်သွားကောက်ပြရ
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် ယမန့်နေ့ ဧပြီ ၂၇ ရက် သျှမ်းပြည်ဝန်ကြီးချုပ် နှင့် လူမှုဝန်ကြီး လာချိန်တွင် ပြည်သူများက မြက်နုတ်၊ အမှိုက်လာကောက်ပြရကြောင်း စုံစမ်းသိရသည်။ယမန်နေ့က စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ်တို့သည် ဟိုပုံးမြို့ကို မနက် (၉) နာရီအချိန်တွင်လာကြပြီး သီရိမင်္ဂလာလမ်းတွင် နေထိုင်သည့် ပြည်သူများက ထိုနေရာအနီးတစ်ဝိုက်တွင်...
ဟိုပုံးမြို့ စျေးသည်များထံ မဏ္ဍပ်ဆောက်လုပ်ရန် စည်ပင်မှ ငွေကြေးကောက်ခံမှုရှိ
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ရှိ မြို့မစျေးဆိုင်အတွင်း စျေးသည်များထံ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန်အတွက် စည်ပင်၀န်ထမ်းမှ ငွေကြေး အတင်းအဓမ္မကောက်ခံမှု ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ဧပြီ (၇)ရက်မှ စတင်ပြီး ဟိုပုံးမြို့မစျေးအတွင်း စျေးသည်များ၊ မြို့တွင်း လမ်းတစ်လျှောက်ရှိ ကုန်သည်များထံ သင်္ကြန်မဏ္ဍပ် ပြုလုပ်ရန်ဆိုသည့် အကြောင်းပြချက်ပေးပြီး ငွေကြေးများ ကောက်ခံလျှက်ရှိကြောင်း ဟိုပုံးဒေသခံ...
ဟိုးပုံမြို့နယ် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တိုက်ပွဲ စစ်ရှောင်များ ထပ်မံတိုးလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်း RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့တိုက်ပွဲ ထပ်မံဖြစ်ပွားကာ စစ်ရှောင်များ ထပ်မံတိုးလာကြောင်း သတင်းသိရသည်။ ဟိုပုံးမြို့နယ် မိုင်းလင်းကျေးရွာအုပ်စုအတွင်း RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တို့ သည် ယနေ့ (ဖေဖော်ဝါရီ ၁၈)ရက် မနက်ပိုင်း ၁၀နာရီဝန်းကျင်တွင် တကြိမ် နှင့် မွန်းလွဲပိုင်း ၂နာရီဝန်းကျင်တွင်...
ဟိုပုံး – ကျောက်တန်းလမ်း PNA စစ်ဆေးရေးဂိတ် တပ်သား အင်အားဖြည့်
သျှမ်းပြည်တောင်ပိုင်းရှိ ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းအသစ်တွင် ပအိုဝ်းအမျိုးသား တပ်မတော် (PNA) က စစ်ဆေးရေး ဂိတ် ဖွင့်လှစ်ပြီး အင်အားဖြည့်တင်းနေကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့သူများက ပြောပြသည်။ “ဒီစစ်ဆေးရေးဂိတ်က အရင်ကတည်းက ရှိခဲ့တယ်၊ ဒါပေမဲ့ စစ်သားတွေ ဒီလောက်မရှိခဲ့ဘူး၊ ဒီနေ့ ကျနော်က...
ဟိုပုံးမြို့ အသံတိတ်သပိတ်ပြုလုပ်နေစဉ် စစ်ထောက်ခံပွဲ တန်ပြန်ပြုလုပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် တပ်မတော်က စစ်တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့သော်လည်း မြို့တွင်းမှာတော့ လူစည်ကားခြင်း မရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဖေဖော်ဝါရီ (၁)ရက်နေ့တွင် စစ်အာဏာသိမ်း (၁)နှစ်ပြည့်သည့် အနေဖြင့် ပြည်သူများ အသံတိတ်သပိတ်ပြုလုပ်နေစဉ် စစ်ကောင်စီဘက်က စစ်တပ်ထောက်ခံပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ “(စစ်ကောင်စီ)သူတို့ လူတွေ လာချသွားတယ်။ အယောက် (၅၀)လောက်...
တောင်ကြီးနှင့် ဟိုပုံးမြို့ရှိ စစ်ရှောင်များ ဧည့်စာရင်းတိုင်ကြားရ
SHAN -
စစ်ကောင်စီမှ အကြမ်းဖက် ထိုးစစ်ဆင်မှုကြောင့် တောင်ကြီးနှင့် ဟိုပုံးမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်များ ဧည့်စာရင်းတိုင်ကြားရကြောင်း သတင်းသိရသည်။ ဟိုပုံးမြို့ ရန်ကင်းရွာ ဇောတိကာရာမကျောင်းတိုက်နှင့် ရပ်ကွက်တွင်း ခိုလှုံနေထိုင်ကြသည့် စစ်ရှောင်များအနေဖြင့် သက်ဆိုင်ရာရပ်ကွက်ရုံးသို့ ဧည့်စာရင်းတိုင်ထားရပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စုမပါလာသူများက ဆွေမျိုးများ၏ ထောက်ခံချက်ဖြင့် ဧည့်စာရင်းတိုင်ရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်ရှောင်တွေကို...
ပင်လုံ – ဟိုပုံး ကားလမ်းသစ်ဘေး ဘိန်းစိုက်ခင်းရှိနေ
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ နဲ့ ဟိုပုံးမြို့ကို ဆက်သွယ်ထားသည့် လမ်းကြောင်းအသစ် လမ်းမကြီးဘေးတွင် ဘိန်းစိုက်ခင်းများရှိနေကြောင်း စုံစမ်းသိရသည်။ ဘိန်းစိုက်ခင်းကို လမ်းမကြီး ဘေးတွင် စိုက်ပျိုးထားခြင်းကို တစ်ကြိမ်တစ်ခါမျှ မတွေ့ရှိဖူးကြောင်း၊ ထိုကဲ့သို့ တွင်ကျယ်စွာ စိုက်ပျိုးနေသည့်အပေါ် အံ့ဩမိကြောင်း ၎င်းလမ်းကြောင်းကို သွားခဲ့ဖူးသည့် အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသမီး...
ဟိုပုံးမြို့ ကျောင်းသားများထံ ကိုဗစ် – ၁၉ တွေ့
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ ရှိ အထက်တန်းကျောင်းမှ ကျောင်းသားများထံတွင် ကိုဗစ် - ၁၉ ပိုး တွေ့ရှိခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ဟိုပုံးမြို့တွင် ကျောင်းသားများထံမှ ကိုဗစ် - ၁၉ ပိုး တွေ့ရှိသော်လည်း ကျောင်းဆက်တက်နေကြရကြောင်း သိရသည်။ “ဟုတ်တယ်။ အ.ထ.က ၁ မှာက (၃)ယောက်လောက် တွေ့ထားတယ်။...