ဟိုပုံးမြို့နယ်အတွင်း PNO စစ်သားက နေ့စဥ်နီးပါး ရွာသားတွေကို ဝင်ဖမ်းနေ

သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ပူးပေါင်းလုပ်ဆောင်နေကြသည့် ပအိုဝ်းအမျိုးသား တပ်မတော် (PNO/PNA) က နေ့စဥ်နီးပါး ရွာသားများကို ဝင်ဖမ်းနေကြောင်း စုံစမ်းသိရသည်။

.

ဟိုပုံးမြို့နယ် နမ့်ပါချီးကျေးရွာအုပ်စု၊ မောက်မွန်အုပ်စု နှင့် နောင်ဒေးအုပ်စုတို့မှ ဒေသခံများကို မူးယစ်ဆေးဝါး အကြောင်းပြကာ နေ့စဥ်နီးပါးဝင်ရောက် ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သတင်း သိရသည်။

PNO

“မူးယစ်ဆေးဝါးကို အကြောင်းပြပြီး တစ်ရွာဝင် တစ်ရွာထွက် လူတွေကို လိုက်လိုက်ဖမ်းတာ၊ တချို့က မူးယစ်ဆေး တကယ်သုံးတယ်၊ တချို့က မသုံးဘူး၊ ဒါပေမဲ့ သူတို့ဖမ်းချင်တဲ့သူကို ဖမ်းခေါ်သွားတာ၊ အဲ့လိုတွေ ဖမ်းသွားပြီး ပိုက်ဆံပြန်တောင်း၊ ပြန်ပေးဆွဲတဲ့ သဘောမျိုး ဖြစ်နေတယ်” ဟု ဟိုပုံးမြို့နယ် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူးယစ်ဆေးဝါး အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရသူများကို ပိုက်ဆံဖြင့် ပြန်ရွေးကြရန် မိသားစုများကို ပြောဆိုပြီး ပိုက်ဆံမပေးနိုင်သူများကို တုတ်ဖြင့် ရိုက်ကာ တစ်ပတ်အတွင်း ပြန်လွတ်ပေးကြောင်း သိရသည်။

ထို့အပြင် မူးယစ်ဆေးဝါး အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရသူများကို PNO ဖွဲ့စည်းသည့် ပြည်သူ့စစ် စစ်သင်တန်းတက်ရမည်ဟုလည်း ခြိမ်းခြောက် ပြောဆိုမှုရှိသည့်အတွက် မိသားစုဝင်များက ပိုက်ဆံ ချေးငှားပြီး လူကိုပြန်ရွေးရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“ဖမ်းခံရတဲ့ သူတွေကလည်း အမျိုးသားတွေချည်းပဲ ဖြစ်တယ်ဆိုတော့ မိသားစုအတွက် လုပ်အားလည်း ဖြစ်တာလေ၊ ဒါကြောင့် သူတို့ဖမ်းခံရတာနဲ့ ပြန်ရွေးဖို့ ပိုက်ဆံကို မရမက ချေးငှားရှာပြီး ပေးကြရတယ်၊ တချို့က သိန်း ၂၀ – ၃၀ ကို တောင်းတောင်းပန်ပန်နဲ့ ၇ – ၈ သိန်း လောက်ပေးရတာလည်း ရှိတယ်” ဟု ၎င်းက ဆက်ဆိုသည်။

မူးယစ်ဆေးဝါး အကြောင်းပြချက်ဖြင့် ရွာသားများကို ဖမ်းဆီးပြီး ပိုက်ဆံဖြင့် ပြန်ရွေးစေသည့် PNO လုပ်ရပ်သည် မူးယစ်ဆေးဝါးကို ဖျက်ပေးခြင်း မဟုတ်သည့်အပြင် ပြည်သူများကို တမင်သက်သက် ဒုက္ခပေးရာ ရောက်နေကြောင်းလည်း ဒေသခံများက ပြောဆို ဝေဖန်နေကြသည်။

သြဂုတ်လဆန်းပိုင်းမှာလည်း ပုံးအင်းဒေသတွင်း နေထိုင်သည့် ပြည်သူများထံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်က ရှေ့တန်းရောက် တပ်သားများအတွက် တစ်အိမ်ကို ကျပ်ငွေ ၄၀၀၀ နှင့် ဆန် ၂ ပြည် လာရောက် တောင်းခံခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ၂၀၂၂ မေလ ၂၃ ရက်တွင်လည်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာနေ ပြည်သူများကို PNO မှ အစည်းအဝေး ခေါ်ပြီး တစ်အိမ်ကို ကျပ်ငွေ ၃ သောင်း နှင့် ဆန်တစ်ပြည် ထည့်ပေးရန် နှင့် ကျေးရွာ တစ်ခုလျှင် အမျိုးသား လူငယ် အယောက် ၂၀ ပေးရန် စေခိုင်းညွှန်ကြားမှုများ ပြုလုပ်ခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...