Monday, April 29, 2024

ဟိုပုံးမြို့နယ် စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက် အရပ်သား ၁ဦးသေ၊နေအိမ် ၆ လုံးထက်မနည်း ပျက်စီး

Must read

သျှမ်းပြည် ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီက ယနေ့ (မတ် ၈)ရက် နေ့လည် ၁၁ နာရီခန့်တွင် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာကို ယနေ့ (မတ်လ ၈ )ရက် နေ့လည် ၁၁ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ နေအိမ် ၆ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ထုတ်ပြန်ခဲ့သည်။

ထိုသေဆုံးသွားသော အမျိုးသားသည် ကျောက္ကဆျားကျေးရွာနေ အသက် ၅၀ ဝန်းကျင်အရွယ် ဦးခွန်ထွန်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်တွင်လည်း စစ်ကောင်စီက ဆီဆိုင်မြို့အတွင်းကို ဒရုန်းဖြင့် ဓာတု အဆိပ်ငွေ့ဗုံးသုံးပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် ယင်းအဆိပ်ငွေ့ရှူမိသော PNLA ရဲဘော်များ အရေပြားယားယံခြင်း ၊မူးဝေ့ခြင်း၊ အသက်ရှူမြန်ဆန်ခြင်း ၊မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှု မြန်ဆန်ခြင်း၊ မေားပန်းခြင်းနှင့် အောက်စီဂျင် ကျခြင်းတို့ ခံစားခဲ့ရကြောင်း PNLAမှ ထုတ်ပြန်ထားပါသည်။

ပြီးခဲ့သည့် ယမန်နေ့ (မတ် ၇ ရက်) သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီတပ်မှ စစ်ကား အလုံးအရင်းသည် ဟိုပုံးမြို့နယ်ဘက်သို့ ဦးတည်ပြီး သွားနေကြောင်း သိရသည်။

တောင်ကြီးမြို့မှ ဟိုပုံးမြို့ဘက်သို့ ဦးတည်သွားနေသည့် စစ်ကောင်စီတပ် ကားများမှာ တပ်သားအပြည့် တင်ဆောင်လာသည့် ကား (၂၂)စီး၊ ရိက္ခာတင်ကား (၆)စီး၊ ကားအလွတ် (၆)စီး ဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article