ဟိုပုံးမြို့နယ်ထဲ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်များ မပေါက်ကွဲသေး

သျှမ်းပြည် ဟိုပုံးမြို့နယ် ကျေးရွာများထဲသို့ စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်များသည် မပေါက်ကွဲသေးဘဲ ကျန်ရှိနေကြောင်း စုံစမ်းသိရသည်။

ဟိုပုံးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက်ကစတင်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA နှင့် စစ်ကောင်စီတို့အကြား တစ်ဖန်တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့သည်။

ထိုတိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သည် ထမ်စမ်းဂူရွှေတီဂုံစေတီတောင်ပေါ်မှတပ်စွဲနေ၍ လက်နက်ကြီးဖြင့် ကျေးရွာဘက်သို့ ပစ်ခတ်နေလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်၊ ဘုန်းကြီးကျောင်းများ ထိမှန်ကာ ပျက်စီးသွားသကဲ့သို့ မပေါက်သေးဘဲ ကျန်ရှိနေသည့်များ ငှက်ပျောဖူးဗုံးသီး ရှိနေကြောင်း ဟိုပုံးမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ အခုကားလမ်းဘေးမှာ မပေါက်သေးတဲ့ ဗုံးတွေလည်း တွေ့ထားတယ်၊ ၂ လုံးရှိတယ်။ ကောင်းသပြေနဲ့နီးတယ်။ အခုအဲ့ဘက်သွားလာရင် အရမ်းဂရုစိုက်ရတယ်။ အန္တရာယ်လည်း အရမ်းများတယ်။ ရွာတွေထဲမှာလည်း ကျတယ်။ အခုအိမ်ပြန်သွားကြည့်ကြတာ အိမ်တွေတော်တော်များပျက်စီးကုန်ပြီ။ လက်နက်ကြီးထိတာကော၊ မီးလောင်ထားတာကော ဘယ်လိုမှပြန်နေလို့ မဖြစ်သေးဘူး” ဟု၎င်းက ပြောသည်။

လက်ရှိတွင် မပေါက်ကွဲသေးသည့် ဗုံးတီးများအား လမ်းမဘေးတလျှောက်မှာတွေ့ ရှိထားသော်လည်း မည်သည့်လက်နက်ကိုင်တပ်ဖွဲ့က လာရောက်ရှင်းလင်းရေး မပြုသေးကြောင်း သိရသည်။

ထို့အပြင် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာအနီးတွင်လည်း PNLA တပ်နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီး အချိန်မရွှေးတိုက်ပွဲဖြစ်ပွားနေသကဲ့သို့ အနီးတဝိုက်ကျေးရွာနှင့် မဲနယ်တောင်ဒေသကို စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်ဖြင့် ပစ်ခတ်၊ဗုံးကြဲနေလျက်ရှိသည်။

အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA ၏ ပြန်ကြားရေးထံသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားရှင်းမရှိပေ။

ထွက်ပြေးတိမ်းရှောင်နေရသည့် နမ့်ဟူးကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက “ အခုက ပြန်လို့လည်းအဆင်မပြေဘူး။ လမ်းတွေလည်း ပြန်မဖွင့်ဘူးလေ။ ပြန်လမ်းမရှိဘူး။ အခုဆို မွေတော် ဘုန်းကြီးကျောင်းမှာ လာခိုလှုံရတာ လူ ၁၅၀ ကျော်ရှိတယ်။ သူတို့ကျောင်းမှာလာနေရတယ်ဆိုလည်း မလွတ်လပ်ဘူး။ ရွာမှာတိုက်ပွဲဖြစ်နေတော့ အိမ်ကိုလည်း စိတ်ပူတယ်။ ရွာကိုလည်း စိတ်ပူတယ်” ဟု ပြောသည်။

ဟိုပုံးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ပချားကလိုးရွာ၊ ကျောက္ကချားရွာ၊ ပန်လျှန်းရွာ၊ ပုံအယ်ရွာ၊ ဆီအွန်ရွာ၊ စငေါဝ်းရွာနှင့် လွယ်ဝိုးတုတ်ရွာ စသည့်ဖြင့် ကျေးရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်မှ ယနေ့ မတ်လ ၇ ရက်အထိ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် လွိုင်လင်မြို့နယ် အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မိမိနေရပ်အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် စုစုပေါင်း ၁ သိန်းကျော်အထိ မြင့်တက်လာပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...