Friday, October 4, 2024

ဟိုပုံးမြို့နယ်

မဲနယ်တောင် သနပ်ဖက်ခြံစောင့် (၃)ဦး တောင်ကျရေကြောင့် မျှောပါသေဆုံး

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် သနပ်ဖက်ခြံစောင့်သူ ၃ဦးသည် တောင်ကျရေကြောင့် မျှောပါပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။​ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)တွင် ဟိုပုံးမြို့နယ် တောင်ယာ၊ သနပ်ဖက်ခြံသို့ သွားရောက် အိပ်စောင့်သည့်  အရပ်သား ၃ဦးသည် တောင်ကျရေကြောင့် မျှောပါပြီး အသက်ဆုံးရှုံးသွားကြောင်း၊ ထို ၃ဦး၏ အလောင်းကို တောင်ပြိုကျသည့် နေရာလက်ရှိ ပြန်တွေ့ထားကြောင်း အလောင်းသွားရောက်ထုတ်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  ထိုသေဆုံးသူ ၃ဦးသည် တလျနွိုးရွာက လင်မယား ၂ ဦးနှင့် ကျောက္ကချားရွာက အမျိုးသား ၁ ဦး  တို့ဖြစ်ကြသည်။​ “ မနေ့က ခြံသွားရင်း တောင်ပြိုတဲ့နေရာကိုဖြတ်သွားတော့ အလောင်းတွေ့လိုက်တယ်။ ဆယ်ထုတ်လိုက်တော့  တလျနွိုးရွာက လင်မယား ၂ ဦးနဲ့ ကျောက္ကချားရွာက အမျိုးသား ၁ ဦး သေသွားတယ်။ ဘယ်နေ့ကတည်းက မြေဖိုပြီးသေတာတော့ အသိအကျမသိဘူး။ သူတို့အမျိုးတော့ခြံသွားစောင့်တယ်ပြောတယ်  “ ဟု ၎င်းကပြောသည်။ မဲနယ်တောင်ဒေသသည် သနပ်ဖက်လုပ်ငန်းကိုသာ အဓိကစိုက်ပျိုးသည့် ဒေသတစ်ခုလည်းဖြစ်သည်။ မဲနယ်တောင် ဒေသခံများသည် ရေကြီး၊ တောင်ပြိုကျမည်ကို...

ဟိုပုံးမြိုနယ် ပြည်သူ့ စစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ပို့

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပြည်သူ့စစ်မှုထမ်းများ အတွက် ငွေကြေးများကောက်ခံနေပြီး ပြည်သူ့စစ်မှုထမ်းများကို ကျိုင်းတုံသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများမှာ ပြည်သူ့စစ်မှုထမ်းများအတွက် မေလ ၂၇ ရက်တွင် တစ်အိမ်လျှင် အနည်းဆုံး ၅ သောင်း ကောက်နေပြီး၊ ထိုစစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ ပို့ဆောင်သွားခဲ့ကြောင်း ဟိုပုံးမြို့နယ်...

ဟိုပုံးမြို့နယ် စစ်ကောင်စီဂိတ် ငွေညှစ်တောင်းနေ

သျှမ်းပြည် ဟိုပုံးမြို့ နှင့် နမ့်ခုတ်ကျေးရွာကြားရှိ ပအိုဝ်းပြည်သူ့စစ် (PNO နှင့် စစ်ကောင်စီတို့ ၏ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ပြီး ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ်၊ ဟိုပုံးမြို့ နှင့် နမ့်ခုတ် ကျေးရွာကြာရှိ PNO နှင့်စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မတ်လမှစ၍ စစ်ဆေးတင်းကြပ်ပြီး ငွေကြေး...

ဟိုပုံးမြို့နယ် မိုးသက်လေပြင်းတိုက်ခတ် နေအိမ်များပျက်စီး

သျှမ်းပြည် ဟိုပုံးမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။ ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာနှင့် ကုန်း‌ညောင်ရွာ ယမန့် မေလ ၁၅ ရက် ညနေ ၂ နာရီခွဲဝန်းကျင်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေ အိမ် ၃ လုံးခန့်ပျက်စီးခဲ့ကြောင်း အသက် ၄၀ ဝန်းကျင်ရှိ ဒေသခံ...

သျှမ်းတောင် ၂ လကြာတိုက်ပွဲ စစ်ကောင်စီတပ်က ဒရုန်းကိုပိုအသုံးပြုလာ

သျှမ်းပြည် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဝေဟင်မှ တိုက်လေယာဉ်အပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ သိသိသာသာပိုလုပ်လာနေကြောင်း စုံစမ်းသိရသည်။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA နှင့် ပူးပေါင်းတော်လှန်အင်းအားစုတပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် မြေပြင်မှ လက်နက်ကြီး၊ ဝေဟင်မှ တိုက်လေယာဉ်နှင့် ဒရုန်းများဖြင့်...

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ

သျှမ်းပြည် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျာကျေးရွာနေ အမျိုးသားတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။ ထိုအသတ်ခံရသည့်အမျိုးသားသည် ပြီးခဲ့သည့် မတ် ၁၆ရက်တွင် ပျောက်ဆုံးခဲ့ပြီး၊ ယမန်နေ့ (မတ် ၁၇)ရက် တွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ကျောက္ကဆျာကျေးရွာရှိ မြောင်းထဲတွင် သတ်ဖြတ်ခံရသည့်အလောင်းကို ပြန်တွေ့ခဲ့ကြောင်း ဒေသခံ အမျိုးသမီးတစ်ဦး က...

ဟိုပုံးမြို့နယ် ကျောက္ကဆျာကျေးရွာ စစ်ကောင်စီလေတပ် ပေါင် ၅၀၀ ဗုံးကြဲချ ဖျက်ဆီး

သျှမ်းပြည်နယ် တောင်ပိင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီ လေတပ် ဂျက်ဖိုက်တာဖြင့် ယမန်နေ့ (မတ်လ ၁၆ ရက်နေ့) နေ့လယ် ၂ နာရီခန့်က ပေါင် ၅၀၀ ဗုံး ၂ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး...

ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အတွင်း ကျေးရွာအား PNLA မှမီးရှို့ခဲ့ကြောင်း ထုတ်ပြန်စာအတု

သျှမ်းပြည် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က ထိန်းချုပ်ထားနိုင်ခဲ့ပြီး ရန်သူများဆက်ပြီး ထိုးစစ်မဆင်နိုင်ရန် ကျေးရွာအားမီးရှို့ခဲ့သည်ဟု ထုတ်ပြန်စာစောင် အတု ပျံ့နှံ့နေလျှက်ရှိသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်နယ်ချယ်တယ်ရီဂရမ်ဖြစ်သည့် (Ko Thet) ဆိုသည့်အကောင့်မှ “PNLA/PNLOအဖွဲ့က ပအိုဝ်းကျေးရွာများကို ၎င်းတို့ကိုယ်တိုင် မီးရှို့တာဖြစ်ကြောင်းနှင့် ဒီမိုကရေစီရမှ အလျှော်ပြန်ပေးမည်ဟု...

ဟိုပုံးမြို့နယ် နမ်ဟူးကျေးရွာ ပြာကျသည့်အထိ စစ်ကောင်စီ မီးရှို့

သျှမ်းပြည် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နမ့်ဟူးကျေးရွာကို စစ်ကောင်စီ က ယမန်နေ့ (မတ် ၁၃)ရက် တွင် ပြာကျသည့်အထိ မီးရှို့ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့မှ မီးရှို့လိုက်သော ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နမ့်ဟူးကျေးရွာသည် အိမ်ခြေ (၁၀၀)ခန့်ရှိကြောင်း၊ ထိုအိမ်များသည် ပြာကျသည့်အထိ မီးလောင်ပျက်စီးသွားကြောင်း...

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီမှ မီးလောင်ဗုံးသုံး၊ နေအိမ်အများအပြား မီးလောင်

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲများဆက်လက်ပြင်ထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုကြောင် ပြည်သူနေအိမ် ၁၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း သိရသည်။ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ (မတ်လ ၁၀ရက်)မနက် ၇ နာရီမှ ၅ နာရီထိ စစ်ကောင်စီစစ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွားများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီး...

Latest news