ဟိုပုံးမြို့နယ်
Mask (နှာခေါင်းစည်း)တပ်တာ မကြိုက်တဲ့ ကိုရင်လေး ကိုဗစ်-၁၉ ဖြင့် ပျံလွန်တော်မူ
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ ထမ်စန့်ဂူ ကျောင်းထိုင် ကိုရင်လေး (အရှင်ပေါရိသ) သည် ကိုဗစ်-၁၉ ရောဂါဖြင့် ယနေ့ (စက်တင်ဘာ ၁)ရက် မနက် ၁၁နာရီ ၄၅မိနစ်တွင် ဟိုပုံးပြည်သူ့ဆေးရုံတွင် ပျံလွန်တော်မူကြောင်း စုံစမ်းသိရသည်။ ကိုရင်လေး သည် ကိုဗစ်-၁၉ ကူးစက်ခံရသည်မှာ ရက်ကြာလာနေပြီး၊ ထမ်စန့်ဂူတွင်သာ ဆေးကုသခံယူခဲ့ရာ...
မီတာခ မဆောင်သည့် ဟိုပုံးမြို့နယ်မှ အိမ်ခြေ (၁၅) အိမ်မီးကြိုးဖြတ်ခံရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းရှိ မီတာခ ပေးဆောင်ခြင်း မရှိသည့် အိမ်ခြေ (၁၅) အိမ်မီးလိုင်းကြိုး ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ၅ ရက်တွင် ဟိုပုံးမြို့နယ် နမ့်ခုတ်စံပြကျေးရွာ၊ အမှတ် (၄) ရပ်ကွက်ရှိ မီတာခ ပေးဆောင်ခြင်းမရှိသည့် နေအိမ် (၁၅) အိမ်မှ မီးလိုင်းကြိုးများကို...
ဟိုပုံးမြို့နယ် နေအိမ်ခဏပြန်လာသည့် NLD ကိုယ်စားလှယ်လောင်း တဦး ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်ကျော်အေး ကို ယမန်နေ့ (မေ ၃)ရက် ည ၁၀နာရီကျော် တွင် အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။ ဦးခွန်ကျော်အေးသည် စစ်တပ်မှ နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက်ပိုင်း ရှောင်ပုန်းနေထိုင်ခဲ့ရာမှ ၎င်း၏...
ဟိုပုံးမြို့နယ်တွင် PNO ပါတီ ၃နေရာ အနိုင်ရရှိထား
SHAN -
သျှမ်းပြည်တောင်ပိုင်း ဟိုးပုံးမြို့နယ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ( PNO )ပါတီ ၃နေရာ အနိုင်ရရှိထားကြောင်း စုံစမ်းသိရှိရသည်။ ဟိုပုံးမြို့နယ်တွင် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခမ်းဝါ၊ ပြည်နယ် ၁တွင် ဦးခွန်မောင်ဖြူ နှင့် ပြည်နယ် ၂ တွင် ဦးခွန်စံလင်း တို့ဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နေရာတွင်မသိရှိရသေးကြောင်း...
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဟိုပုံးမြို့နယ် မှာ ပထမဆုံး အကြိမ်မဲဆွယ် ခွင့် ရခဲ့တဲ့ ပ.အ.မ.ဖ ပါတီ
သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နှင့် ဟိုပုံးမြို့နယ်တွင် ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ)ပါတီ မှ မဲဆွယ်စည်းရုံးရေးယာဉ်တန်း များ ဖြင့် အောက်တိုဘာ ၈ ရက်နေ့ကစီတန်းလှည့်လည်ခဲ့ပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသ ဟိုပုံးမြို့နယ် တွင် ပထမဆုံး အကြိမ် မဲဆွယ်ခွင့် ရခဲ့ကြောင်းသိရသည် ။ ၂၀၁၅ ရွေးကောက်ပွဲ နှင့်...