Wednesday, January 28, 2026

မီတာခ မဆောင်သည့် ဟိုပုံးမြို့နယ်မှ အိမ်ခြေ (၁၅) အိမ်မီးကြိုးဖြတ်ခံရ

သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းရှိ မီတာခ ပေးဆောင်ခြင်း မရှိသည့် အိမ်ခြေ (၁၅) အိမ်မီးလိုင်းကြိုး ဖြတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၅ ရက်တွင် ဟိုပုံးမြို့နယ် နမ့်ခုတ်စံပြကျေးရွာ၊ အမှတ် (၄) ရပ်ကွက်ရှိ မီတာခ ပေးဆောင်ခြင်းမရှိသည့် နေအိမ် (၁၅) အိမ်မှ မီးလိုင်းကြိုးများကို လျှပ်စစ်ရုံးဝန်ထမ်းများ မဟုတ်သည့် ဌာန ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦးက မီးလိုင်းကြိုးများကိုလာရောက် ဖြတ်သွားကြောင်းသိရသည်။

“သူတို့က မီတာခ သွားဆောင်ခိုင်းပါတယ်၊ ကျနော်တို့က သွားမဆောင်တော့ အိမ်ရှေ့မှာ ရှိတဲ့ မီးလိုင်းကြိုးနဲ့ မီတာဘောက်ကို လာဖြုတ်ယူသွားတယ်၊ လာဖြုတ်တဲ့သူက လျှပ်စစ်ရုံးဝန်ထမ်းလည်း မဟုတ်ပါဘူး၊ သူက ဒီဒေသအတွင်းက ပြည်သူ့စစ် တစ်ဦးပဲ ဖြစ်ပါတယ်” ဟု နမ့်ခုတ်စံပြကျေးရွာမှ မီးလိုင်းကြိုးဖြတ်ခံလိုက်ရ သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နမ့်ခုတ်စံပြကျေးရွာမှ လျှပ်စစ်မီး နှင့် မီတာခဆိုင်ရာ ကိစ္စရပ်များကို စစ်ကောင်စီက ၎င်း၏ လက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့ကို စေခိုင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“မီတာခ မဆောင်တဲ့ အိမ်တွေ မီးလိုင်းဖျက်ခံရမယ်ဆိုပြီး ရောက်လာတယ်၊ လျှပ်စစ်ရုံးကလား ဆိုတော့ မဟုတ်ဘူးတဲ့၊ နမ့်ခုတ်စံကပြကျေးရွာက မီးကိစ္စအရာရာအတွက် စစ်ကောင်စီက ဌာနပြည်သူ့စစ်ကို တာဝန်ပေးထားပြီးပြီတဲ့၊ မီးလိုင်းလာဖြတ်တဲ့သူက အဲ့လို ပြောသွားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့် အနေဖြင့် ပြည်သူများက မီတာခ နှင့် အခြားအခွန်တို့ကိုလည်း ပေးဆောင်ခြင်း မပြုဘဲ ဆန္ဒပြမှုများ ပြုခဲ့သော်လည်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှာ စစ်ကောင်စီမှ မီတာခ များ ပေးဆောင်ရန် စေခိုင်းလာသောကြာင့် တချို့သူများက မီတာခများကို ပေးဆောင်လာကြကြောင်းလည်း ၎င်းက ပြောသည်။

“သူတို့ကတော့ မီးမရတော့ရင် အခက်အခဲတွေရှိမယ်ပေါ့၊ အဲ့ကြောင့် မီတာခ သွားဆောင်တဲ့သူတွေလည်း ရှိကြပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ကတော့ မဆောင်ပါဘူး၊ အခုလို မီးဖြတ်ခံရလည်း မဆောင်ပါဘူး” ဟု ၎င်းက ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာ မသိမ်းယူခင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ကိုဗစ် ၁၉ ကာလတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ ပြည်သူများ စားဝတ်နေရေးအခက်အခဲကြောင့် မီတာခအပြင် အခြားသော အခွန်များကိုပါ ဖြေလျှော့ခွင့် ပေးထားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ပရောက်သူများ PNO စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည်

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် ပြည်ပရောက်သူများ PNO/PNA စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( စက်တင်ဘာ ၂)ရက် ညနေပိုင်းတွင် ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် PNO ဦးဆောင်ပြီး အစည်းဝေးခေါ်ယူကာ တစ်ရွာလျှင် ၅ ယောက်နှုန်းဖြင့် အလှည့်ကျ...

သျှမ်းတောင်တွင် တိုက်ပွဲကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနှင့် ညောင်ရွှေ မြို့နယ်အတွင်း တိုက်ပွဲကြောင့် ၂၀၂၄ ခုနှစ်ထဲတွင် အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အစီရင်ခံစာအရသိရသည်။ ၂၀၂၄ ဇန်နဝါရီလ ၂၁ ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ...

မဲနယ်တောင် သနပ်ဖက်ခြံစောင့် (၃)ဦး တောင်ကျရေကြောင့် မျှောပါသေဆုံး

0
ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)တွင် ဟိုပုံးမြို့နယ် တောင်ယာ၊ သနပ်ဖက်ခြံသို့ သွားရောက် အိပ်စောင့်သည့် အရပ်သား ၃ဦးသည် တောင်ကျရေကြောင့် မျှောပါပြီး အသက်ဆုံးရှုံးသွားကြောင်း၊ ထို ၃ဦး၏ အလောင်းကို တောင်ပြိုကျသည့် နေရာလက်ရှိ ပြန်တွေ့ထားကြောင်း အလောင်းသွားရောက်ထုတ်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပုံးမြိုနယ် ပြည်သူ့ စစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ပို့

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပြည်သူ့စစ်မှုထမ်းများ အတွက် ငွေကြေးများကောက်ခံနေပြီး ပြည်သူ့စစ်မှုထမ်းများကို ကျိုင်းတုံသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများမှာ ပြည်သူ့စစ်မှုထမ်းများအတွက် မေလ ၂၇ ရက်တွင် တစ်အိမ်လျှင် အနည်းဆုံး ၅ သောင်း ကောက်နေပြီး၊ ထိုစစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ ပို့ဆောင်သွားခဲ့ကြောင်း ဟိုပုံးမြို့နယ်...

ဟိုပုံးမြို့နယ် စစ်ကောင်စီဂိတ် ငွေညှစ်တောင်းနေ

0
သျှမ်းပြည် ဟိုပုံးမြို့ နှင့် နမ့်ခုတ်ကျေးရွာကြားရှိ ပအိုဝ်းပြည်သူ့စစ် (PNO နှင့် စစ်ကောင်စီတို့ ၏ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ပြီး ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ်၊ ဟိုပုံးမြို့ နှင့် နမ့်ခုတ် ကျေးရွာကြာရှိ PNO နှင့်စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မတ်လမှစ၍ စစ်ဆေးတင်းကြပ်ပြီး ငွေကြေး...