Mask (နှာခေါင်းစည်း)တပ်တာ မကြိုက်တဲ့ ကိုရင်လေး ကိုဗစ်-၁၉ ဖြင့် ပျံလွန်တော်မူ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ ထမ်စန့်ဂူ ကျောင်းထိုင် ကိုရင်လေး (အရှင်ပေါရိသ) သည် ကိုဗစ်-၁၉ ရောဂါဖြင့် ယနေ့ (စက်တင်ဘာ ၁)ရက် မနက် ၁၁နာရီ ၄၅မိနစ်တွင် ဟိုပုံးပြည်သူ့ဆေးရုံတွင် ပျံလွန်တော်မူကြောင်း စုံစမ်းသိရသည်။

ကိုရင်လေး သည် ကိုဗစ်-၁၉ ကူးစက်ခံရသည်မှာ ရက်ကြာလာနေပြီး၊ ထမ်စန့်ဂူတွင်သာ ဆေးကုသခံယူခဲ့ရာ ရောဂါ လက္ခဏာပြင်းထန်လာသည့်အတွက် ယမန်နေ့တွင် ဟိုပုံးပြည်သူ့ဆေးရုံသို့ ဆေးကုသခံယူခဲ့ကြောင်းသိရသည်။

“ကိုဗစ် ဖြစ်တာ ကြာပြီ။ ဆေးရုံလည်းမတက်ဘူး။ သူ့ကျောင်းမှာပဲ တစ်ပတ်ကျော်ရှိပြီ။ အပြင်လူတွေကို အတွေ့မခံဘူူး။ မနေ့ကမှ အခြေနေဆိုးလာမှ ဆေးရုံသွားကြတယ်လို့ပြောတယ်” ဟု ဟိုပုံးဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ကိုရင်လေးသည် ကိုဗစ်-၁၉ ပထမလှိုင်းစတင်ဖြစ်ပွားစဉ်ကတည်းက ထမ်စန့်ဂူသို့ ခရီးသွားများကို တားဆီးပိတ်ပင်ခြင်း မရှိပဲ ကိုရင်လေးကျောင်းလာလျှင် ၎င်းပေးသည့် အဆောင်များကို ဆောင်ထားလျှင် ကိုဗစ်-၁၉ မကူးစက်နိုင်ကြောင်း မိန့်ကြားတော်မူခဲ့ကြောင်း သိရှိရသည်။

“ကိုဗစ်-၁၉ စဖြစ်ကတည်းက ထမ့်ဆမ်းဂူတွေ သူ့ကျောင်းတွေကို ခရီးသွားတွေ လာနေတာကို တားဆီးတာတွေ မလုပ်စေရဘူး။ သူ့ကျောင်းလာရင် မကူးဘူး သူ့အဆောင်တွေ ဆောင်ရင် မကူးဘူးဆိုပြီး ပြောတယ်။ သူ့ကိုပြောတာလည်း လက်မခံဘူး။” ဟု ဟိုပုံးဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

ကိုရင်လေး ပျံတော်မူသွားသည်မှာ သက်တော် (၄၇) နှစ်ရှိပြီး အသက် (၆) နှစ်မှ စတင်ပြီး သာသနာ့ဘောင်သို့ ဝင်ရောက်လာခဲ့ပြီး လက်သန်းကို ဖြတ်လှူထားပြီး ကိုရင်လေး စတင်ဝတ်ခဲ့ကြောင်း သိရသည်။

“ကျနော့်တစ်ယောက်တည်းရဲ့အမြင်ဆိုရင် ဆရာတော်က သာသနာပြုတဲ့ ကိစ္စက နိုင်ငံတစ်ဝန်းရှိတယ်။ ပအိုဝ်းဒေသတွေလည်း အများကြီးရှိတယ်။သာသနာနဲ့ ပတ်သက်ရင်တော့ အများကြီး ထိခိုက်သွားတယ် လို့တော့ ကျနော်မြင်ပါတယ်” ပအိုဝ်းတိုင်းရင်းသား တစ်ဦးကပြောသည်။

ကိုရင်လေးနေထိုင်သည့် ကျောင်းများ ထမ်စန့်ဂူများသည် လက်နက်ကိုင် အဖွဲ့အစည်းများ လက်နက်ဖြင့် အသင့်စောင့်ထားခြင်း ၎င်းသွားရာ နေရာသည် လက်နက်ကိုင်ဆောင်ထားသည့် လက်နက်ကိုင်များ လိုက်ပါသွားခဲ့ကြောင်းသိရသည်။

“သူက စကစ ကိုးကွယ်တဲ့ဟာပဲလေ။ သူ့ကျောင်းမှာကော ထမ်စန့်ဂူမှာကော လက်နက်ကိုင် အဖွဲ့အစည်း တွေ အစောင့်တွေ လူကို သေစေတဲ့ လက်နက်တွေနဲ့ သာသနာပြုတယ်လို့တော့ မခေါ်ဘူး ကျနော်တို့က သာသနာပြုပုဂ္ဂိုလ်လို့တော့ မသတ်မှတ်ထားဘူး။ ဘုရား နဲ့ သာသနာနိက အဆောက်အဦးတွေမှာ သေနတ်တွေနဲ့ နေတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မလို့ ရဟန်းလို့လည်း မသတ်မှတ်ဘူး။ သာသနာပြု ပုဂ္ဂိုလ်လို့လည်း မသတ်မှတ်ထားဘူး။” သျှမ်းတောင် တောင်ကြီး မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီများ ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO)အဖွဲ့အစည်းများ၊ ကျေးလက်ဒေသရှိ ပအိုဝ်းတိုင်းရင်းသားများ အများဆုံး ကိုရင်လေးကို ကိုးကွယ် ယုံကြည်ကြကြောင်း သိရှိရသည်။

“ကျေးလက်ဒေသက လူတွေကျတော့ အသိပညာနည်းတယ်။ သူပြောသမျှအကုန်ယုံတယ်ဆိုတော့ ကျေးလက်ဒေသက သူ့ကို ကိုးကွယ်တာများတယ်” ပအိုဝ်းတိုင်းရင်းသားတစ်ဦးကပြောသည်။

ကိုရင်လေးသည် ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင်လည်း အစိုးရမှ လူစုလူဝေး ပွဲတော် မကျင်းပဖို့ တားမြစ်သော်လည်း ၎င်း တပေါင်းလပြည့်နေ့မှာ လူစုလူဝေးဖြင့် ပွဲတော် ကျင်းပခဲ့ကြောင်းသိရှိရသည်။

ထမ်စန့်ဂူ သည် သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် ရှိပြီး မြန်မာနိုင်ငံတွင် နာမည်ကြီးသည့် ခရီးသွားသည့် နေရာတစ်ခုဖြစ်ပြီး ဟိုပုံးကိုရင်လေးကိုလည်း လူအများက လာရောက်ဖူးမျှော်ကြသည်ကို သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်ထပ်ကွင်း စစ်မှုထမ်းစနစ်နှင့် ငွေညှစ်မှုကြောင့် သျှမ်းတောင်ဒေသခံများ လူမှုဘဝ ပြိုလဲလုနီးဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်၏ စစ်မှုထမ်းသာမက ပအိုဝ်းပြည်သူ့စစ် (PNO) ၏ လူသစ်စုဆောင်းမှုနှင့် ဆက်ကြေးကောက်ခံမှုများကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။ ဆီဆိုင်မြို့နယ်အတွင်းရှိ ပုံးအင်းကျေးရွာအုပ်စုနှင့် တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စုတို့တွင် ယခု (ဖေဖော်ဝါရီလ) လဆန်းမှ စတင်ပြီး စစ်မှုထမ်းကြေး၊ ဆက်ကြေးနှင့်...

ပြည်ပရောက်သူများ PNO စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည်

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် ပြည်ပရောက်သူများ PNO/PNA စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( စက်တင်ဘာ ၂)ရက် ညနေပိုင်းတွင် ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် PNO ဦးဆောင်ပြီး အစည်းဝေးခေါ်ယူကာ တစ်ရွာလျှင် ၅ ယောက်နှုန်းဖြင့် အလှည့်ကျ...

သျှမ်းတောင်တွင် တိုက်ပွဲကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနှင့် ညောင်ရွှေ မြို့နယ်အတွင်း တိုက်ပွဲကြောင့် ၂၀၂၄ ခုနှစ်ထဲတွင် အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အစီရင်ခံစာအရသိရသည်။ ၂၀၂၄ ဇန်နဝါရီလ ၂၁ ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ...

မဲနယ်တောင် သနပ်ဖက်ခြံစောင့် (၃)ဦး တောင်ကျရေကြောင့် မျှောပါသေဆုံး

0
ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)တွင် ဟိုပုံးမြို့နယ် တောင်ယာ၊ သနပ်ဖက်ခြံသို့ သွားရောက် အိပ်စောင့်သည့် အရပ်သား ၃ဦးသည် တောင်ကျရေကြောင့် မျှောပါပြီး အသက်ဆုံးရှုံးသွားကြောင်း၊ ထို ၃ဦး၏ အလောင်းကို တောင်ပြိုကျသည့် နေရာလက်ရှိ ပြန်တွေ့ထားကြောင်း အလောင်းသွားရောက်ထုတ်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပုံးမြိုနယ် ပြည်သူ့ စစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ပို့

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပြည်သူ့စစ်မှုထမ်းများ အတွက် ငွေကြေးများကောက်ခံနေပြီး ပြည်သူ့စစ်မှုထမ်းများကို ကျိုင်းတုံသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများမှာ ပြည်သူ့စစ်မှုထမ်းများအတွက် မေလ ၂၇ ရက်တွင် တစ်အိမ်လျှင် အနည်းဆုံး ၅ သောင်း ကောက်နေပြီး၊ ထိုစစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ ပို့ဆောင်သွားခဲ့ကြောင်း ဟိုပုံးမြို့နယ်...