Wednesday, January 28, 2026

ဟိုပုံးမြို့နယ် နေအိမ်ခဏပြန်လာသည့် NLD ကိုယ်စားလှယ်လောင်း တဦး ဖမ်းဆီးခံရ

သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်ကျော်အေး ကို ယမန်နေ့ (မေ ၃)ရက် ည ၁၀နာရီကျော် တွင် အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။

ဦးခွန်ကျော်အေးသည် စစ်တပ်မှ နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက်ပိုင်း ရှောင်ပုန်းနေထိုင်ခဲ့ရာမှ ၎င်း၏ အမျိုးသမီး နေမကောင်း သောကြောင့် အိမ်သို့ ခနပြန်လာရာတွင် ဖမ်းဆီးခံရကြောင်းသိရသည်။

“ မနေ့ည က ဖမ်းဆီးသွားတယ်။ သူအမျိုးသမီးကနေမကောင်းလို့ ဆေးရုံတက်နေရတာ။ ဆေးရုံးဆင်းပြီး ၃ ရက်ကြာ တော့ သူကခဏလာလည်တာ။ မနေ့ည ၁၀ နာရီကျော်လောက်မှ ဖမ်းဆီးခံရတာ။ သတင်းပေးတဲ့ ဒလန်တွေ သတင်းပေး လို့ပေါ့” ဟု ဟိုပုံးမြို့ မျက်မြင်ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဦးခွန်ကျော်အေးသည် ရာဇာသတ်ကြီး ပုဒ်မ ၅၀၅ (က) နှင့် ဖမ်းဝရမ်းထုတ်ခံထားရသူ တစ်ဦးလည်း ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီမှ NLD ကိုယ်စားများအားလုံးကို လိုက်လံဖမ်းဆီးနေပြီး တစ်ချို့သော ကိုယ်စားများကို ရက်စက်စွာသတ်ဖြတ်မှုများလည်းရှိသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီမှ အာဏာလုယူပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါဝင် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များကို ဖမ်းဆီးထိန်းချုပ်နှောင်ခံရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ပရောက်သူများ PNO စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည်

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် ပြည်ပရောက်သူများ PNO/PNA စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( စက်တင်ဘာ ၂)ရက် ညနေပိုင်းတွင် ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် PNO ဦးဆောင်ပြီး အစည်းဝေးခေါ်ယူကာ တစ်ရွာလျှင် ၅ ယောက်နှုန်းဖြင့် အလှည့်ကျ...

သျှမ်းတောင်တွင် တိုက်ပွဲကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနှင့် ညောင်ရွှေ မြို့နယ်အတွင်း တိုက်ပွဲကြောင့် ၂၀၂၄ ခုနှစ်ထဲတွင် အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အစီရင်ခံစာအရသိရသည်။ ၂၀၂၄ ဇန်နဝါရီလ ၂၁ ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ...

မိုင်းတုံမြို့ရှိ NLD ပါတီရုံးကို စစ်ကောင်စီ မြို့နယ်ထွေအုပ်ရုံး လာရောက်ချိတ်ပိတ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ NLD ပါတီရုံးကို စစ်ကောင်စီလက်အောက်ခံ မြို့နယ် ထွေအုပ်ရုံးက လာရောက်ချိတ်ပိတ်သွား သည်ဟု စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၁ ရက်) နံနက်ပိုင်းအချိန်တွင် မိုင်းတုံမြို့ ထုံးဘိုရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးကို စစ်ကောင်စီ၏ အမိန့်ကြောင့် မြို့နယ်ထွေအုပ်ရုံးက...

မဲနယ်တောင် သနပ်ဖက်ခြံစောင့် (၃)ဦး တောင်ကျရေကြောင့် မျှောပါသေဆုံး

0
ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)တွင် ဟိုပုံးမြို့နယ် တောင်ယာ၊ သနပ်ဖက်ခြံသို့ သွားရောက် အိပ်စောင့်သည့် အရပ်သား ၃ဦးသည် တောင်ကျရေကြောင့် မျှောပါပြီး အသက်ဆုံးရှုံးသွားကြောင်း၊ ထို ၃ဦး၏ အလောင်းကို တောင်ပြိုကျသည့် နေရာလက်ရှိ ပြန်တွေ့ထားကြောင်း အလောင်းသွားရောက်ထုတ်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပုံးမြိုနယ် ပြည်သူ့ စစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ပို့

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပြည်သူ့စစ်မှုထမ်းများ အတွက် ငွေကြေးများကောက်ခံနေပြီး ပြည်သူ့စစ်မှုထမ်းများကို ကျိုင်းတုံသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများမှာ ပြည်သူ့စစ်မှုထမ်းများအတွက် မေလ ၂၇ ရက်တွင် တစ်အိမ်လျှင် အနည်းဆုံး ၅ သောင်း ကောက်နေပြီး၊ ထိုစစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ ပို့ဆောင်သွားခဲ့ကြောင်း ဟိုပုံးမြို့နယ်...