ဟိုပုံးမြို့ရှိ ကျေးရွာများ တစ်အိမ်တစ်ယောက် အမိန့်ဖြင့် စစ်ထောက်ခံပွဲလုပ်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် လူစုလူဝေးဖြင့် စစ်တပ် ထောက်ခံပွဲပြုလုပ်ပြီး ကျေးရွာရှိ ဒေသခံများ တစ်အိမ်တစ်ယောက် မလာမနေရ ဆိုသည့်အမိန့်ဖြင့် အတင်းအဓမ္မ ခေါ်လာခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ (၂၇)ရက် မနက် (၈)နာရီတွင် ဟိုပုံးမြို့ပေါ် ဘုရားရှေ့ရှိ ကျောက်တိုင်ကွင်းသို့ အရောက်လာရန် ခေါ်ထားပြီး တစ်ရွာလျှင် အနည်းဆုံး လူဦးရေ(၁၀၀) လာရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။

“ရွာကလူတွေကို အတင်းအဓမ္မလာခိုင်းနေတာပါ။ မလာမနေရ တစ်အိမ်တစ်ယောက် လာရတယ်။ မလာရင် တစ်အိမ်တစ်သောင်းဆိုပြီး ဒဏ်ရိုက်မယ်။ တစ်ရွာကို အနည်းဆုံး တစ်ရာ လို့တော့ ကြားတယ်” ဟု ဆန္ဒပြပွဲမှာ ရောက်လာသည့် နမ့်ပေါ်ဟွန်းရွာက ဒေသခံ အမျိုးသား တစ်ဦး က ပြောသည်။

စစ်တပ်ထောက်ခံပွဲတွင် ဟိုပုံးမြို့ပေါ်နေ ဒေသခံများ ပါဝင်ခြင်းမရှိဘဲ ဟိုပုံးအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ တပ်မိသားစုဝင်များနှင့် ရဲမိသားစုဝင်များသာ ပါဝင်ခဲ့ကြောင်း သိရှိရသည်။

“လူအင်အားက (၅၀၀)ကျော်လောက်တော့ ရှိမယ်။ ရွာကလူတွေချည်း အလကားနေ ရောဂါကူးကြဦးမှာ နေ့စားခတော့ ပေးမယ်လို့ ပြောထားတယ်၊ အတိအကျတော့ မပြောဘူးတဲ့” ဟု အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပုံးကိုရင်လေး ပျံလွန်တော်မူပြီးနောက်ပိုင်း ဟိုပုံးမြို့ပေါ်နှင့် ကျေးရွာများမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှှုန်း များပြားလာသဖြင့် ဟိုပုံးမြို့ကို အောက်တိုဘာ (၁၉)ရက်မှ နိုဝင်ဘာ (၂)ရက်ထိ Semi lockdown ပြုလုပ်ထားသည်။

“Lockdown ချထားတဲ့ ကာလကြီးကိုတောင် ခုလို မဖြစ်မနေလုပ်နေကြတာ တပ်မတော်ဆိုတာ ပြည်သူတွေရဲ့ ချဉ်ဖတ်ဆိုတာ ထင်ဟပ်နေသလိုပဲ။ ခုလို မဟုတ်က ဟုတ်ကတွေ လျှောက်လုပ်လေ သိက္ခာပိုကျလေပဲဖြစ်မှာ။ ရောဂါတွေ ထပ်ပြန့်အောင် လုပ်နေသလိုပဲ” ဟု ဟိုပုံးဒေသခံ အသက် (၄၀)ကျော် အမျိုးသမီး တစ်ဦးကေ ပြာသည်။

Semilockdown ကာလအတွင်း နေအိမ်အပြင်ထွက်လျှင် ဈေးဝယ်ခွင့်ကဒ် ကိုင်ဆောင်ရမည်ဖြစ်ပြီး နေ့လည်တစ်နာရီနောက်ပိုင်း အိမ်အပြင်သို့ မထွက်ရကြောင်း ဌာနဆိုင်ရာများက ထုတ်ပြန်ထားသည်။

သျှမ်းပြည်တွင် တပ်ထောက်ခံပွဲကို လားရှိုးမြို့၊ တန့်ယန်းမြို့၊ လွိုင်လင်မြို့၊ မိုင်းတုံမြို့တို့တွင်လည်း ပြုလုပ်နေကြကြောင်း သိရသည်။

ဖေဖော်ဝါရီ (၁)ရက် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်ကောင်စီက ပြည်သူ (၁၁၉၉)ဦးကို သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး (AAPP) က အောက်တိုဘာ (၂၅) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...