CDM ဝန်ထမ်းများအတွက် လစဉ်ထောက်ပံ့ကြေး ပမာဏာလျော့နည်းလာ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ လူငယ်များသည် စစ်အာဏာရှင်ကို ဆန့်ကျင်သည့်အနေဖြင့် CDM ပြုလုပ်သည့် ဝန်ထမ်းများကို လစဉ်ထောက်ပံ့ကြေး ပေးရာမှာ ယခုလမှ စတင်ပြီး ထောက်ပံ့ပေးမည့် ပမာဏ လျော့နည်းသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဇွန်လ မှ စတင်ပြီး ဟိုပုံးလူငယ်များ က CDM ပြုလုပ်သည့် ဝန်ထမ်း (၁၀) ဦးအထက်ကို လစဉ် ထောက်ပံ့ငွေ (၅၀၀၀၀) ကျပ်ပေးပြီး ယခု စက်တင်ဘာလမှ စတင်ပြီး (၄၀၀၀၀) ကျပ်ဖြင့်သာ ထောက်ပံ့ပေးသွားနိုင်မည် ဖြစ်ကြောင်း CDM ထောက်ပံ့ပေးသူတစ်ဦး ကပြောသည်။

“ကျနော်တို့ CDM တွေကို လစဉ်ထောက်ပံ့ပေးတာပါ။ လစဉ် ၅ သောင်းကျပ် ထောက်ပံ့ပေးတယ်။ ဒီလတော့ တစ်ယောက်ကို ၄ သောင်းပဲ ပေးနိုင်တော့တယ်။ အလှူငွေတွေနဲ့ပဲ အားကိုးရတော့ နောက်လဆို ထောက်ပံ့ပေးနိုင်ဖို့ မဖြစ်နိုင်တော့ဘူး။ အဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရတယ်” ဟု CDM များကို ကူညီထောက်ပံ့ပေးနေသည့် သူတစ်ဦးက ပြောသည်။

အဆိုပါ CDM များကို လှူနေသည့် ငွေများသည် အလှူငွေဆိုတာလည်း မြို့ခံတွေ လှူတာမဟုတ်ကြောင်း နိုင်ငံခြားရောက် ပြည်သူများ၏ ကူညီထောက်ပံ့မှုများဖြစ်ကြောင်း CDM များကို ထောက်ပံ့ပေးနေသည့် သူ တစ်ဦးကပြောသည်။

အောက်တိုဘာလမှ စတင်ပြီး CDM ပြုလုပ်သည့် ဝန်ထမ်းများကို ထောက်ပံ့ပေးနိုင်မည်မဟုတ်ကြောင်း၊ လစဉ်ထောက်ပံ့ပေးနိုင်မည့် ငွေအင်အား မလုံလောက်ကြောင်း ၎င်းကဆက်ပြောသည်။

“လစဉ် ဆယ်ယောက်ကျော်ကို အလှည့်ကျပေးသွားတယ်။ ၄ လရှိပြီ။ အကုန်လုံး ရအောင်လုပ်ပေးချင် ပေမယ့်လည်း ငွေအင်အားမတတ်နိုင်တော့ စိတ်မကောင်းဖြစ်ရပါတယ်။ အလှူရှင်တွေ လွဲလာပြီဆိုရင် ချက်ချင်း ပြန်လည်ဝေငှပေးတာပါ။ လက်ထဲ မထားပါဘူး။” ဟု ထောက်ပံ့ပေးသူ တစ်ဦးကပြောသည်။

ဖေဖော်ဝါရီ (၁) ရက်နေ့မှစတင်ပြီး စစ်တပ်မှ နိုင်ငံတော်ကို အာဏာသိမ်းပြီးနောက် အာဏာရှင်ကို ဆန့်ကျင် ဆနပြသည့်အနေဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများက CDM ပြုလုပ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...