Wednesday, January 28, 2026

ဟိုပုံးမြို့ နယ်တွင် ရုတ်တရက် သေဆုံးသူများလာ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ဟိုပုံးကိုရင်လေး ဈာပနသွားလာပြီးနောက်ပိုင်း ကိုဗစ်- ၁၉ ပိုးတွေ့များပြားလာပြီး၊ ရုတ်တရက်သေဆုံးသူ နေ့တိုင်းနီးပါး ရှိလာကြောင်း စုံစမ်းသိရသည်။

အဆိုပါ ဟိုပုံးမြို့တွင် စက်တင်ဘာ တတိယအပတ်ထဲတွင် ကိုဗစ် ၁၉ ကြောင့် သေဆုံးသူ (၃) ဦးရှိပြီး ယမန်နေ့ စက်တင်ဘာ ၂၆ တွင် အသက် (၂၀) လူငယ်တဦး သေဆုံးသွားကြောင်း သိရသည်။

“ အရင်ပတ်က (၃) ယောက်သေသွားတယ်။ တယောက်က ဆေးရုံမှာသေသွားတယ်။ ထပ်တယောက်က လမ်းဘေးမှာလှဲကျပြီး သေသွားတယ်။ ကျန်တယောက်တော့ အိမ်မှာပဲ နေပြီးသေသွားတာ။ ပြီးတော့ မနေ့က တယောက်ထပ်သေသွားတယ်။ ကိုဗစ်ကြောင့်သေသွားတယ်လို့ ပြောရမှာပေါ့” ဟု ဟိုပုံးမြို့ ဒေသခံ အမျိုးသားတဦးက ပြောသည်။

ထိုအပြင် ဟိုပုံကိုရင်လေး ဈာပနကို သွားလာပြီးနောက်ပိုင်း ဟိုပုံးမြို့တွင် ကိုဗစ်- ၁၉ ပိုးတွေ့လူနာ များလာကြောင်း သိရသည်။

“ ကိုရင်လေး ဈာပနာသွားလာပြီးနောက်ပိုင်းမှာ ပိုးတွေ့လူနာပိုများလာတယ်။ အဓိကတော့ တောင်ပိုင်းရပ်ကွက်နဲ့ ဌာနဆိုင်ရာတွေမှာ ပိုပြီးတွေ့တယ်။ ရောဂါလက္ခဏာက တန်မပြဘူး။ အရှေ့တပတ်ကနေပြီးတော့ စတွေ့တာများတယ်။” ဟု ဟိုပုံးမြို့ ဒေသခံအမျိုးသားတဦး ကပြောသည်။

ထိုသို့ တောင်ပိုင်းရပ်ကွက်ထဲတွင် မိသားစုအလိုက် ကိုဗစ် ၁၉ ပိုးတွေ့ရှိနေကြရပြီး တရက်လျှင်ပျမ်းမျှ (၁၀) ဦးအထက်ပိုးတွေ့လာကြောင်း ဟိုပုံးမြို့ ဒေသခံက ပြောသည်။

ဟိုပုံးကိုရင်လေး ဈာပနာကို သွားလာသည့် ပြည်သူများအနေဖြင့် Quarantine ဝင်ရန်အတွက် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် က ထုတ်ပြန်ထားခဲ့သော်လည်း ပြည်သူမတချို့က Quarantine ဝင်ရောက်ခြင်းမရှိကြောင်းသိရသည်။


“ ဒီကလူလည်း Quarantine အကြောင်းသိထားကြတော့လည်း တချို့ကသိပ်မဝင်ကြဘူး။ အရင်ကတော့ ပုံမှန်ဆို ၁ယောက် ၂ ယောက်လောက်ပဲတွေ့တယ်။ တစ်ချို့ရက်ဆို ပိုးမတွေ့တဲ့ရက်လည်းရှိတယ်။ ခုနောက်ပိုင်းက တစ်ရက်ကို ၁၀ ယောက်ထိတိုးပြီးတွေ့လာတယ်” ဟု ဟိုပုံးမြို့ ဒေသခံတဦးက ပြောသည်။

ဟိုပုံးကိုရင်လေး ဈာပနာကို လိုက်ပါပို့ဆောင်ပေးခဲ့သည့်သူများသည် Mask ( နှာခေါင်းစည်း) တို့ကို တပ်ဆင်ထားခြင်းမရှိကြောင်း သိရသည်။

ဟိုပုံးမြို့တွင် လွန်ခဲ့သည် စက်တင်ဘာ (၂၂) ရက် မနက်ပိုင်း က ကိုဗစ် ၁၉ ကို လာထိုးရန် စောင့်ဆိုင်နေသည့် အမျိုးသားတဦး သေဆုံးသွားခဲ့ပြီး ယမန်နေ့ စက်တင်ဘာ ၂၆ ရက်နေ့ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာ (၈၃၃) ဦးရှိပြီး ဆေးကုသနေသူ (၈၉) ဦးနှင့် သေဆုံးသူ (၁၆) ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ပရောက်သူများ PNO စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည်

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် ပြည်ပရောက်သူများ PNO/PNA စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( စက်တင်ဘာ ၂)ရက် ညနေပိုင်းတွင် ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် PNO ဦးဆောင်ပြီး အစည်းဝေးခေါ်ယူကာ တစ်ရွာလျှင် ၅ ယောက်နှုန်းဖြင့် အလှည့်ကျ...

သျှမ်းတောင်တွင် တိုက်ပွဲကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနှင့် ညောင်ရွှေ မြို့နယ်အတွင်း တိုက်ပွဲကြောင့် ၂၀၂၄ ခုနှစ်ထဲတွင် အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အစီရင်ခံစာအရသိရသည်။ ၂၀၂၄ ဇန်နဝါရီလ ၂၁ ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ...

မဲနယ်တောင် သနပ်ဖက်ခြံစောင့် (၃)ဦး တောင်ကျရေကြောင့် မျှောပါသေဆုံး

0
ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)တွင် ဟိုပုံးမြို့နယ် တောင်ယာ၊ သနပ်ဖက်ခြံသို့ သွားရောက် အိပ်စောင့်သည့် အရပ်သား ၃ဦးသည် တောင်ကျရေကြောင့် မျှောပါပြီး အသက်ဆုံးရှုံးသွားကြောင်း၊ ထို ၃ဦး၏ အလောင်းကို တောင်ပြိုကျသည့် နေရာလက်ရှိ ပြန်တွေ့ထားကြောင်း အလောင်းသွားရောက်ထုတ်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပုံးမြိုနယ် ပြည်သူ့ စစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ပို့

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပြည်သူ့စစ်မှုထမ်းများ အတွက် ငွေကြေးများကောက်ခံနေပြီး ပြည်သူ့စစ်မှုထမ်းများကို ကျိုင်းတုံသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများမှာ ပြည်သူ့စစ်မှုထမ်းများအတွက် မေလ ၂၇ ရက်တွင် တစ်အိမ်လျှင် အနည်းဆုံး ၅ သောင်း ကောက်နေပြီး၊ ထိုစစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ ပို့ဆောင်သွားခဲ့ကြောင်း ဟိုပုံးမြို့နယ်...

ဟိုပုံးမြို့နယ် စစ်ကောင်စီဂိတ် ငွေညှစ်တောင်းနေ

0
သျှမ်းပြည် ဟိုပုံးမြို့ နှင့် နမ့်ခုတ်ကျေးရွာကြားရှိ ပအိုဝ်းပြည်သူ့စစ် (PNO နှင့် စစ်ကောင်စီတို့ ၏ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ပြီး ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ်၊ ဟိုပုံးမြို့ နှင့် နမ့်ခုတ် ကျေးရွာကြာရှိ PNO နှင့်စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မတ်လမှစ၍ စစ်ဆေးတင်းကြပ်ပြီး ငွေကြေး...