Wednesday, January 28, 2026

ဟိုပုံး ကိုဗစ်မြင့်တက်မှုကြောင့် Semi Lockdown (၁၄)ရက် ပြုလုပ်သွားမည်

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း များပြားလာသဖြင့် Semi lockdown (၁၄) ရက် ပြုလုပ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဟိုပုံး

ယနေ့ အောက်တိုဘာလ (၁၉)ရက်မှ နိုဝင်ဘာလ (၂)ရက်နေ့ထိ နေအိမ်မှ အပြင်ထွက်လျှင် ဈေးဝယ်ခွင့်ကဒ် ကိုင်ဆောင်ရမည်ဖြစ်ပြီး နေ့လည် (၁)နာရီနောက်ပိုင်း အိမ်အပြင်သို့ မထွက်ကြရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများက ထုတ်ပြန်ထားသည်။

“အဖြစ်များတာက တောင်ရပ်ကွက်ကပါ။ ဘာကြောင့်လဲဆိုတော့ ဟိုပုံး ကိုရင်လေး ဈာပနာပွဲ သွားထားတဲ့သူတွေ များတယ်လို့ သိရတယ်” ဟု ဟိုပုံးဒေသခံ အမျိုးသမီး တစ်ဦး က ပြောသည်။

ဟိုပုံးမြို့တွင် ကိုဗစ် – ၁၉ ကူးစက်မှုနှုန်း များသော်လည်း ယနေ့သည် သီတင်းကျွတ် အဖိတ်ဈေးနေ့ဖြစ်သောကြောင့် ဈေးတွင်းသို့ လူများစည်ကားနေကြောင်း ဟိုပုံးဒေသခံများက ပြောဆိုကြသည်။

“သီတင်းကျွတ်ကာလဆိုတော့ လူတွေက ဘုန်းကြီးကျောင်းတက်တာ၊ ဟိုသွား ဒီသွား များမှာလေ။ ကုသိုလ်ရေးဆိုပေမယ့် အသိတရားလေး ရှိစေချင်တယ်။ ခဏအောင့်ထားပြီး မသွားကြရင် ကောင်းတယ်” ဟု ဟိုပုံးဒေသခံ အမျိုးသား တစ်ဦး က ပြောသည်။

ဟိုပုံးကိုရင်လေး ဈာပနာကို လိုက်ပါပို့ဆောင်ပေးခဲ့သည့် သူများသည် နှာခေါင်းစည်း တပ်ဆင်ထားခြင်း မရှိကြောင်း သိရှိရသည်။

ကိုဗစ်ကူးစက်မှုနှုန်းမြင့်တက်လာရခြင်းသည် ဟိုပုံးကိုရင်လေး ဈာပနာပွဲသွားထားသည့် ဒေသခံများမှတစ်ဆင့် ကူးစက်မှုနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ထို့အပြင် အသွားအလာ များပြားလာခြင်း၊ ဆိုင်ထိုင်စားသောက်မှု များပြားလာခြင်း စသည့် ကိုဗစ်-၁၉ စည်းကမ်းလိုက်နာမှု အားနည်းလာခြင်းတို့ကြောင့် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ပရောက်သူများ PNO စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည်

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် ပြည်ပရောက်သူများ PNO/PNA စစ်မှုထမ်းစာရင်းထဲပါလျှင် ၃လတကြိမ် ကျပ်ငွေ ၄သိန်းပေးဆောင်ရမည် ဖြစ်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( စက်တင်ဘာ ၂)ရက် ညနေပိုင်းတွင် ဟိုပုံးမြို့နယ် နောင်လိုင်ကျေးရွာအုပ်စုတွင် PNO ဦးဆောင်ပြီး အစည်းဝေးခေါ်ယူကာ တစ်ရွာလျှင် ၅ ယောက်နှုန်းဖြင့် အလှည့်ကျ...

သျှမ်းတောင်တွင် တိုက်ပွဲကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနှင့် ညောင်ရွှေ မြို့နယ်အတွင်း တိုက်ပွဲကြောင့် ၂၀၂၄ ခုနှစ်ထဲတွင် အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အစီရင်ခံစာအရသိရသည်။ ၂၀၂၄ ဇန်နဝါရီလ ၂၁ ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ...

မဲနယ်တောင် သနပ်ဖက်ခြံစောင့် (၃)ဦး တောင်ကျရေကြောင့် မျှောပါသေဆုံး

0
ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်)တွင် ဟိုပုံးမြို့နယ် တောင်ယာ၊ သနပ်ဖက်ခြံသို့ သွားရောက် အိပ်စောင့်သည့် အရပ်သား ၃ဦးသည် တောင်ကျရေကြောင့် မျှောပါပြီး အသက်ဆုံးရှုံးသွားကြောင်း၊ ထို ၃ဦး၏ အလောင်းကို တောင်ပြိုကျသည့် နေရာလက်ရှိ ပြန်တွေ့ထားကြောင်း အလောင်းသွားရောက်ထုတ်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပုံးမြိုနယ် ပြည်သူ့ စစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ပို့

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ပြည်သူ့စစ်မှုထမ်းများ အတွက် ငွေကြေးများကောက်ခံနေပြီး ပြည်သူ့စစ်မှုထမ်းများကို ကျိုင်းတုံသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများမှာ ပြည်သူ့စစ်မှုထမ်းများအတွက် မေလ ၂၇ ရက်တွင် တစ်အိမ်လျှင် အနည်းဆုံး ၅ သောင်း ကောက်နေပြီး၊ ထိုစစ်မှုထမ်းများကို ကျိုင်းတုံမြို့သို့ ပို့ဆောင်သွားခဲ့ကြောင်း ဟိုပုံးမြို့နယ်...

ဟိုပုံးမြို့နယ် စစ်ကောင်စီဂိတ် ငွေညှစ်တောင်းနေ

0
သျှမ်းပြည် ဟိုပုံးမြို့ နှင့် နမ့်ခုတ်ကျေးရွာကြားရှိ ပအိုဝ်းပြည်သူ့စစ် (PNO နှင့် စစ်ကောင်စီတို့ ၏ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်ပြီး ငွေညှစ်တောင်းခံနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဟိုပုံးမြို့နယ်၊ ဟိုပုံးမြို့ နှင့် နမ့်ခုတ် ကျေးရွာကြာရှိ PNO နှင့်စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မတ်လမှစ၍ စစ်ဆေးတင်းကြပ်ပြီး ငွေကြေး...