ဟိုပုံးမြို့နယ် နမ်ဟူးကျေးရွာ ပြာကျသည့်အထိ စစ်ကောင်စီ မီးရှို့

သျှမ်းပြည် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နမ့်ဟူးကျေးရွာကို စစ်ကောင်စီ က ယမန်နေ့ (မတ် ၁၃)ရက် တွင် ပြာကျသည့်အထိ မီးရှို့ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရသည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့မှ မီးရှို့လိုက်သော ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ နမ့်ဟူးကျေးရွာသည် အိမ်ခြေ (၁၀၀)ခန့်ရှိကြောင်း၊ ထိုအိမ်များသည် ပြာကျသည့်အထိ မီးလောင်ပျက်စီးသွားကြောင်း အသက် ၃၀အရွယ်ရှိ ဟိုပုံးဒေသခံ အမျိုးသားတစ်ဦး ကသျှမ်းသံတော်ကို ပြောသည်။

“သူတို့ စစ်ကောင်စီကတော့ တစ်ရွာပြီးတစ်ရွာကို မီးလိုက်ရှို့နေတာပဲ။ဟိုပုံးမြို့ရဲ့ အရှေ့ဖက်မှာရှိတာပေါ့။ အဲ့ရွာက လူတွေကတော့ အရင်လ ကတည်းကပြေးနေကြတာ။အဲ့မဲနယ်တောင် ဒေသတဝိုက်မှာ မီးရှို့ခံရတဲ့ ရွာတွေက ၇ ရွာ ၈ရွာလောက်ရှိနေပြီ။”ဟု အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ မီးရှို့ခံပြီး တစ်ရွာလုံးပြာကျသွားသော နမ့်ဟူးကျေးရွာသည် ဟိုပုံးမြို့နှင့် ၁၀မိုင်ခန့်သာဝေးကွာသည်။

သျှမ်းပြည် ဟိုပုံးမြိုန့ယ် မဲနယ်တောင်ဒေသ တောင်ခြေရှိအနီးရှိ နမ့်ဟူးကျေးရွာကို စစ်ကောင်စီက ယမန်နေ့ (မတ်လ ၁၃ ရက်) တွင် ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ထုတ်ပြန်ထားသည်။

နမ့်ဟူးကျေးရွာအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဝင်များ တည်ရှိသည့် နေရာ မဟုတ်ကြောင်း လည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထိုမဲနယ်တောင်ဒေသ အနီးတဝိုက်ရှိ ရွာဒေသခံများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစ၍ နီးစပ်ရာ ဟိုပုံး၊တောင်ကြီးမြို့တို့တွင် ထွက်ပြေး သိမ်းရှောင်နေခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့တွင်ပင် စစ်ကောင်စီသည် ဆိုက်ခေါင်စံပြကျေးရွာမှနေပြီး ဆီဆိုင်မြို့ထဲသို့ လက်နက်ကြီးများဖြင့် အကြိမ် ၈၀ ကျော် ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် နေအိမ်များ ၁၄ အိမ်ထက်မနည်း အများအပြား ထိခိုက်ပျက်စီးခဲ့ရသည်။

ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲများကြောင့် အဆောက်အဦးပျက်စီးမှု ၁၉၆ လုံးရှိပြီး စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၈၉၂၇၈ ဦးနှင့် သေဆုံးသူ ၄၉ ဦးအထိရှိနေကြောင်း Pa-o youth Organization မှ ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...