ဟိုပုံးမြို့နယ် ကျောက္ကဆျာကျေးရွာ စစ်ကောင်စီလေတပ် ပေါင် ၅၀၀ ဗုံးကြဲချ ဖျက်ဆီး

သျှမ်းပြည်နယ် တောင်ပိင်း၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသရှိ ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီ လေတပ် ဂျက်ဖိုက်တာဖြင့် ယမန်နေ့ (မတ်လ ၁၆ ရက်နေ့) နေ့လယ် ၂ နာရီခန့်က ပေါင် ၅၀၀ ဗုံး ၂ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ယနေ့ (မတ် ၁၇)ရက်တွင် ထုတ်ပြန်သည်။

ယင်းသို့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၄ အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှု ရှိမရှိကိုမူ မသိရှိရသေးကြောင်း ဆိုသည်။

“ဗုံးကြဲတာ ၄ လုံးမကဘူးထင်တယ်။ အသံအကျယ်ကြီး ခဏခဏ ကြားနေရတာ။ ရွာထဲကလူတွေ ထွက်ပြေးနေရတာ ရက်ကြာပြီ။ PNLA စစ်သားလည်း မရှိဘူး။ ရွာကိုတမင်ဖျက်ဆီးတာ” ဟု ရွာအနီးတွင် တိမ်းရှောင်နေသည့် ထမ်းယံရွာသား တစ်ဦးက ပြောသည်။

မတ်လ ၁၅ ရက်ကလည်း ဆီဆိုင်မြို့နယ်၊ ထမ်းယံကျေးရွာကို ပေါင် ၅၀၀ ဗုံးသာမက မီးလောင်ဗုံး အသုံးပြု၍ ၆ ကြိမ် တိုက်ခိုက်ခဲ့သဖြင့် ထမ်းယံ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်၂ လုံး ပျက်စီးခဲ့သေးသည်။

ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ်၊ အနောက်ဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး သဖြင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်ဟု PNLA က ထုတ်ပြန်ထားသည်။

လက်ရှိ စစ်ကောင်စီ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နှင့် မိုင်များစွာ မကွာဝေးသည့် ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ် တောင်ပိုင်းတွင် PNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံ ထောင်ပေါင်းများစွာ ထွက်ပြေး တိမ်းရှောင်နေရသည်။

လတ်တလော ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ထိန်းချုပ်ထားပြီး နေ့စဥ် စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြို့တွင်း နေအိမ် အဆောက်အအုံ များစွာ ပျက်စီးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...