Monday, April 29, 2024

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီမှ မီးလောင်ဗုံးသုံး၊ နေအိမ်အများအပြား မီးလောင်

Must read

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲများဆက်လက်ပြင်ထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုကြောင် ပြည်သူနေအိမ် ၁၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ (မတ်လ ၁၀ရက်)မနက် ၇ နာရီမှ ၅ နာရီထိ စစ်ကောင်စီစစ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွားများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီး ဒရုန်းဖြင့် ၁၀၈ ကြိမ်ခန့် ပစ်တိုက်ခိုက်ခဲ့ပြီး ပြည်သူနေအိမ် ၁၆ လုံးထက်မနည်း ပျက်စီးခဲ့ ကြောင်း PNLA မှ ထုတ်ပြန်ထားသည်။

ထိုအတူ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စအွန်းတောင်ကြောတွင်လည်း ယမန်နေ့ (မတ်လ ၁၀ ရက်)တွင် စစ်ကောင်စီနှင့် PNLA တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ၁၂၄ ကြိမ်ခန့် ပစ်ခတ်ခဲ့ကာ မီး‌လောင်ဗုံးများပါ ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ပင်ချမ်းကျေးရွာတွင် နေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲများကြောင့် အဆောက်အုံပျက်စီးမှု ၁၉၆ လုံးရှိပြီး စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၈၉၂၇၈ ဦးနှင့် သေဆုံးသူ ၄၉ ဦးအထိရှိနေကြောင်း Pa-o youth Organization မှ ထုတ်ပြန်ခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article