ဟိုပုံး စံဖူးကျေးရွာအနီး PNO အဖွဲ့နှင့် PNLAတို့ တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံများ ပိတ်မိနေ

သျှမ်းပြည် ဟိုပုံးမြို့နယ် စံဖူးကျေးရွာ အနီးတွင် ပအိုဝ်းအမျိုးသားတပ်မတော်/ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ အဖွဲ့ တိုက်ပွဲ ပြင်းထန်နေမှုကြောင့် ဒေသခံများ ပိတ်နေကြောင်း သတင်းရရှိသည်။

ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ စံဖူးကျေးရွာအနီးတွင် PNO/PNA နှင့် PNLA တို့က ယနေ့ ဇန်နဝါရီလ ၂၁ ရက် နံနက်အစောပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားလျှက်ရှိပြီး ဒေသခံများ ပိတ်မိနေကြသည်။

ထိုသို့ တိုက်ပွဲ ပြင်းထန်နေမှုကြောင့် မဲနယ်တောင်သို့ လာရောက်ကြသည့် ခရီးသွားများအပြင် ဒေသခံများ ပိတ်မိနေကြကြောင်းသိရှိရသည်။

” ကျနော်တို့က မဲနယ်တောင်ကို အလည်လာကြတာ။ အခုက ရုတ်တရက်တိုက်ပွဲ ထဖြစ်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူး။ လမ်းတွေလည်း ပိတ်ထားတော့ သွားစရာလည်း မရှိဘူး”ဟု မဲနယ်တောင် ခရီးသွားတစ်ဦးကပြောပါသည်။

ထို့အပြင် ပိတ်မိနေသူများထဲတွင် သက်ကြီးရွယ်အိုနှင့် နာမကျန်းဖြစ်နေသည့် ဒေသခံများလည်း ရှိတာကြောင့် စိုးရိမ်မှုရှိနေကြောင်းလည်းသိရပါသည်။

” အခုက အိမ်အောက်ထပ်မှာ ဝင်ပုန်းနေရတာ။ အပြင်လဲမထွက်ရဲဘူး။ နေမကောင်းဖြစ်နေတဲ့ အမေအတွက်လဲ စိတ်ပူတယ်။ တစ်ခါမှ မကြုံဖူးတော့ လန့်ပြီးငိုချင်တာပဲသိတယ်။ဘာတွေ ဆက်ဖြစ်လာမလဲ မသိတော့ဘူး”ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားနှင့် PNOပြည်သူ့စစ်များက စငေါ်ကျေးရွာမှစပြီး စံဖူးဒေသထိ လမ်းတစ်လျှောက်တွင်လမ်းပိတ်ထားပြီး စောင့်ကြည့်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...