Wednesday, January 28, 2026

လားရှိုး

လားရှိုးမြို့ ပွဲအမျိုးမျိုးအကြောင်းပြ ၃လ နီးပါးကြာ လောင်းကစားဝိုင်းများ အကြီးအကျယ်လုပ်

သျှမ်းပြည် လားရှိုးမြို့တွင် ပွဲအမျိုးမျိုး အကြောင်းပြပြီး သုံးလနီးပါး လောင်းကစားဝိုင်းများ အကြီးအကျယ် ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်၍ လက်ရှိ မတ်လအထိ ၃လနီးပါး ပွဲအမျိုးမျိုး အကြောင်းပြကာ လောင်းကစားဝိုင်းများကို MNDAA ခွင့်ပြုချက်ဖြင့် အကြီးအကျယ်...

လားရှိုးမြို့ သင်္ကြန်ကျင်းပရေး ပြည်သူပါဝင်ရန် MNDAA ကြိုးစားနေ

သျှမ်းပြည် လားရှိုးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန်အတွက် ကိုးကန့်တပ်ဖွဲ့ MNDAA က အစည်းအဝေး ခေါ်ယူပြီး ရပ်ကွက်အလိုက် ယိမ်းအကအဖွဲ့များ ပြင်ဆင်လေ့ကျင့်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ၁၆ ရက် နေ့လယ်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် လားရှိုးဧရိယာ...

လားရှိုး MNDAA အင်အားရာနှင့်ချီ လက်နက်အပြည့်အစုံဖြင့် သိန္နီဘက်သို့ တပ်ပြောင်းရွှေ့

သျှမ်းပြည် လားရှိုးမြို့မှ ကိုးကန့်တပ်သား အင်အားအများအပြားသည် စစ်လက်နက် အပြည့်အစုံ ကိုင်ဆောင်ပြီး ကား (၇) စီးဖြင့် သိန္နီမြို့ဘက်သို့ မျက်နှာမူ၍ ချီတက်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၀ ရက်) နံနက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့မှ ကိုးကန့်တပ်သားများသည် စစ်လက်နက်...

လားရှိုး MNDAA မှ တစ်လတိတိ ဖမ်းဆီးထားသည့် မိန်းကလေး ပြန်လည်လွတ်မြောက်လာ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဖမ်းဆီးထားသည့် အသက်(၁၅)နှစ်အရွယ် နန်းယိင်းဟွမ်မှာ ဖမ်းဆီးခံရပြီး တစ်လတိတိတွင် ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၇ ရက်) ညနေ ၃ နာရီခွဲတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံမွန်းဘုန်းကြီးကျောင်းတွင် အခြေချတပ်စွဲထားသည့် ကိုးကန့်တပ်ဖွဲ့...

MNDAA ထိန်းချုပ်ဒေသရှိ ကုန်စုံဆိုင်နှင့် ဆိုင်ခန်းများကို အခွန် အဆမတန်ကောက်ခံမည်

သျှမ်းပြည် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသော ဒေသရှိ ကုန်စုံဆိုင်နှင့် ဆိုင်ခန်းအမျိုးမျိုးကို အခွန်အခ စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့အတွင်းရှိ ကုန်စုံဆိုင်အမျိုးမျိုး၊ ဟိုတယ်(Hotel) နှင့် KTV စသည့် ဆိုင်ခန်းနှင့် လုပ်ငန်းအမျိုးမျိုးကို...

လားရှိုး MNDAA မှ တစ်လနီးပါး ဖမ်းဆီးထားသည့် မိန်းကလေးငယ်ကို ပြန်မလွှတ်သေး၊ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ရ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အသက်(၁၅) နှစ်အရွယ် မိန်းကလေးကို တစ်လနီးပါး ဥပဒေမဲ့ ဆက်လက်ဖမ်းဆီးထားပြီး ပြန်မလွှတ်ပေးခြင်းကြောင့် ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို အပြိုင်လိုက်ကြိုက်ရာမှ...

လားရှိုးမြို့တွင် လောင်းကစားဝိုင်းများပြားလာ၊ ဒေသခံအတွက် လုံခြုံရေးစိုးရိမ်မှုရှိ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်လှစ်မှု များပြားလာသည့်နောက် ခိုးဆိုးလုယက်မှု များနေသဖြင့် ဒေသခံများအတွက် လုံခြုံရေး စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် လားရှိုးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်မှ စတင်၍ တရုတ်နှစ်သစ်ကူး အ‌ကြောင်းပြကာ မြို့ပေါ်ရပ်ကွက်အတွင်းနှင့် နမ့်အွန်ကျေးရွာတို့တွင် လောင်းကစားဝိုင်းများကို...

လားရှိုး MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြား ထုတ်ပေးနေ

သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ယာဉ်မောင်းနှင်ခွင့် ယာယီကတ်ပြားများ ထုတ်ပေးနေပြီး လိုင်စင်ရှိနှင့် လိုင်စင်မဲ့ ယာဉ်များအားလုံး ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်တွင် လိုင်စင်ရှိ၊ လိုင်စင်မဲ့ ကားနှင့် ဆိုင်ကယ်များအားလုံးကို ယာဉ်မောင်းနှင်ခွင့်...

လားရှိုးမြို့ပေါ် ရပ်ကွက်အလိုက် လုံခြုံရေးအဖွဲ့ MNDAA ဖွဲ့စည်း

သျှမ်းပြည် လားရှိုးမြို့ပေါ် ရပ်ကွက်တိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားပေးပြီး ဖမ်းဆီးရမိသည့် ခိုးဆိုးလုနှိုက်နှင့် စစ်ကောင်စီသတင်းပေးများကို ပြစ်ဒဏ်ချမှတ်နေကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်တိုင်းတွင် ဒေသခံများ ပါဝင်သည့် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားပြီး...

မြန်မာ-တရုတ်နယ်စပ်ဂိတ်များ ပိတ်ဆို့ခြင်းကြောင့် သျှမ်းမြောက်တွင် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်

မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ဂိတ်များကို တရုတ်ဘက်က ပိတ်ဆို့မှုများကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းလာကာ သျှမ်းပြည် မြောက်ပိုင်း တစ်ဝှမ်းတွင် ကုန်ဈေးနှုန်းအဆမတန် မြင့်တက်လာနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ်ဒေသရှိ ကုန်သွယ်ရေးဂိတ်များအပြင် စစ်ကောစီတပ် ထိန်းချုပ်ထားသည့် မူဆယ်မြို့ရှိ ကုန်သွယ်ရေးဂိတ်များကိုပါ တရုတ်ဘက်က ကုန်စည်တင်းကျပ်၊ ကန့်သတ်၊ ပိတ်ပင်ခြင်းကြောင့်...

Latest news