Wednesday, January 28, 2026

လားရှိုးလေဆိပ် မကြာခင် ပြန်လည်ဖွင့်လှစ်သွားမည်

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ လေဆိပ်ကို ပြန်လည်ပြုပြင်ပြီး မကြာခင်ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ လေဆိပ်၏ လေယာဉ်ပြေးလမ်းကြောင်းများကို ယခုရက်တပတ်အတွင်း ပြန်လည်းပြုပြင်နေပြီး မကြာခင် ပြန်လည်ဖွင့်လှစ်ရန် လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲနိုင်ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ လေယာဉ်ပြေးလမ်းတွေပြန်ပြင်နေတယ်ဆိုတာ သိရတယ်။ပြန်ပြင်နေတာ‌တော့ ၄ ရက်လောက်ရှိပြီ။လားရှိုးလေဆိပ်ကတော့ ပြန်ဖွင့်ဖို့တော့များတယ်။ဘာလို့လည်းဆို‌တော့ သူတို့ရဲ့ဝင်‌‌ငွေလည်းဖြစ်တယ်လေ။”ဟု ၎င်းကပြောသည်။

လားရှိုးမြို့ရှိ လေဆိပ်၏ အချိန်ဇယားများကို ပြန်လည်ပြင်ဆင်၍ မကြားခင်ပြန်လည်းဖွင့်လှစ်သွားမည် ဖြစ်၍ ဘယ်နေ့ပြန်လည်းဖွင့်လှစ်သွားမည်ဆိုတာကို အတည်မပြုနိုင်သေးကြောင်း ဒေသခံများက ပြောသည်။

” တချို့အေးဂျင့်တွေက လေယာဉ်လက်မှတ်တွေစတင်ရောင်းနေပါပြီ။ အရင်လို့ နေ့တိုင်းတော့ ပြေးဆွဲမှာမဟုတ်ဘူးလို့ကြားသိထားတယ်” ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဉီးက ဆိုသည်။

“၁၀၂၇ စစ်ဆင်ရေး”အတွင်း လားရှိးမြို့ရှိ လေဆိပ်မှ လေယာဉ်ခရီးစဉ်ပျံသန်းပြေးဆွဲမှုကို ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင်လ ပထမပတ်အတွင်း တိုက်ပွဲများကြောင့် ရပ်နားခဲ့ရပြီး၊ ကိုးကန့်တပ် MNDAA က ၂၀၂၄ ဇူလိုင်လ ၃၀ ရက်နေ့တွင်သိမ်းပိုက်နိုင်ခဲ့သည်။

လားရှိုးမြို့ပေါ်ကို တရုတ်အကူအညီဖြင့် စစ်ကောင်စီဘက်မှ လက်နက်အပြည့်အစုံ တပ်ဆင်ကာ စစ်ကားရာနှင့်ချီ ယာဉ်တန်းဖြင့်ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်တွင် ဝင်ရောက်လာခဲ့သည်။

” လားရှိုးမြို့ က အရင်လိုပြန်လည်ပတ်ဖို့က ခက်တော့ခက်အုံးမယ်။ အခုလည်း လုံခြုံမှုက မရှိသေးဘူး။ တိုက်ပွဲတော့ပြန်မဖြစ်ပေမယ့် သူခိုး၊ဓားပြကတော့ တော်တော်များတယ်” ဟု ၎င်းအမျိုးသားက ဆိုသည်။

ထို့အပြင် စစ်ကောင်စီနှင့် ကိုးကန့်တပ်အကြား လားရှိုးမြို့ပေါ်တွင် အုပ်ချုပ်ရေးယန္တရားခွဲဝေမှု တိတိကျကျ မသိရှိရဘဲ ကြားကာလအုပ်ချုပ်ရေး ဖြစ်နေသည့်အတွက် သူခိုး၊ ဓားပြများလည်း အခွင့်အရေးယူကာ သောင်းကျန်းနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါး လုပ်ကြံသတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၆ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...