လားရှိုးမြို့တွင် သူခိုး၊ ဓားပြ ပြန်သောင်းကျန်းလာ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများ ပြန်လည်ဝင်ရောက် လာပြီးနောက် သူခိုး၊ ဓားပြများ ပြန် သောင်းကျန်းလာကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်အကူညီဖြင့် ဧပြီလ ၂၂ ရက်နေ့မှစတင်ပြီး လားရှိုးမြို့တွင် စစ်ကောင်စီဘက်မှ လက်နက်အပြည့်အစုံ တပ်ဆင်ကာ စစ်ကားရာနှင့်ချီ ယာဉ်တန်းများ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

“အခုစစ်သားတွေက ဘာမှအလုပ်မလုပ်သေးဘူး။ တပ်တွေ၊ နေရာတွေပဲ ရှင်းနေတုန်း။ သူခိုး၊ ဓားပြတွေကလည်း တောင်းကျန်းနေတယ်။ လမ်းပေါ်မှာ လိုက်လုနေတာ၊ အဓိကတော့ လူပျက်တဲ့နေရာတွေမှာပေါ့” ဟု လားရှိုးမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ လားရှိုးမြို့ပေါ်တွင် အုပ်ချုပ်ရေးယန္တရားခွဲဝေမှု တိတိကျကျမသိရှိရဘဲ ကြားကာလအုပ်ချုပ်ရေး ဖြစ်နေသည့်အတွက် သူခိုး၊ ဓားပြများကလည်း အခွင့်အရေးကိုယူကာ သောင်းကျန်းနေကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် လားရှိုးမြို့ပေါ် ရှိ ရပ်ကွက် ၁၂ ကို အုပ်စိုးစေပြီး ကိုးကန့်တပ် MNDAA သည် ကျေးရွာ ၄၅၀ ကို အုပ်စိုးစေကြောင်း တရုတ်ကကြားဝင်စေ့စပ်ပေးခဲ့သည်ဟု ကောလာဟလသတင်းများလည်း ထွက်ပေါ်နေသည်။

သို့သော် ထိုသတင်းနှင့်ပတ်သက်၍ မည်မျှမှန်ကန်ကြောင်း သျှမ်းသံတော်ဆင့်မှ သီခြားအတည်ပြု၍ မရသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်တွင်လည်း လားရှိုးမြို့ ပါရမီလမ်းသွယ် ထင်းရှုးမြိုင်သို့သွားသော လမ်းခုလတ် တစ်နေရာ၌ အမျိုးသမီးတစ်ဦး ဖုန်းလုခံရပြီး ဓားခုတ်ခံခဲ့ရသေးကြောင်း သိရသည်။

လားရှိုးမြို့ ကိုးကန့်အလံပြန်ဖြုတ်ချ

အဆိုပါ အမျိုးသမီးတစ်ဦးသည် စာသင်ပြီး ပြန်လာသည့်အချိန်တွင် လုယက်ခံရပြီး၊ အမျိုးသားနှစ်ဦးက ၎င်း၏လည်ပင်းကို ဓားကို လှီရန် ဟန်ပြင်နေသည့်အချိန်တွင် ၎င်းအမျိုးသမီး က လက်ဖြင့် ကားလိုက်သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

“အခုနိုင်ငံကြီးက ဘာဖြစ်လာမယ်မသိဘူး။ အပြင်သွားရင် တစ်ယောက်တည်း မသွားဖို့လိုတယ်။ အကယ်လို့ အပြင်သွားမယ်ဆိုရင် တန်းဖိုးကြီးပစ္စည်းတွေ လုံခြုံတဲ့နေရာမှာထားဖို့ ပြောချင်တယ်။ လမ်းသွားလမ်း လာရင်လည်း ဖုန်းကြီးဘဲမကြည့်ပါနဲ့။ ဆိုင်ကယ်တစ်စီးတည်း နှစ်ယောက်၊ သုံးယောက်လောက်ထပ်ပြီး စီးလာရင်လည်း ဝေးဝေးရှောင်ပါ။ ဘာလို့ဆိုရင် ဒီမှာဘယ်သူမှလုံခြုံရေး ဝာာဝန်ယူပေးတာမရှိဘူး” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ် MNDAA တပ်ဆုတ်ခွာရပြီး တရုတ်အကူအညီဖြင့် စစ်ကောင်စီတပ် ပြန်လည်ခြေချခွင့် ရရှိခဲ့သော်လည်း နှစ်ဘက်စလုံးမှ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးဘဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တစ်ခုသာ ထုတ်ဖော်ပြောကြားနေခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...