Wednesday, January 28, 2026

လားရှိုး

စစ်ကောင်စီနှင့် MNDAA နှစ်ဘက်ပူးတွဲဖိတ်ခေါ်မှုကြောင့် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ခဲ့ဟု တရုတ်ပြော

သျှမ်းပြည် လားရှိုးမြို့သို့ စစ်ကောင်စီနှင့် MNDAA နှစ်ဘက်ပူးတွဲ ဖိတ်ခေါ်မှုကြောင့် ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun က ပြောကြားလိုက်သည်။ ယမန်နေ့ (ဧပြီလ ၂၂ ရက်) တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပုံမှန်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး သတင်းထောက်တစ်ဦးမှ ကိုးကန့်တပ်ဖွဲ့...

လားရှိုးမြို့ပေါ် တရုတ်အကူအညီဖြင့် စစ်ကောင်စီ၏ စစ်ကားရာနှင့်ချီ လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်လာ

သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ တရုတ်အကူအညီဖြင့် စစ်ကောင်စီဘက်မှ လက်နက်အပြည့်အစုံ တပ်ဆင်ကာ စစ်ကားရာနှင့်ချီ ယာဉ်တန်းဖြင့် ဝင်ရောက်လာခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂၂ ရက်) နံနက် ၈ နာရီခန့်မှ စတင်ပြီး စစ်ကောင်စီတပ်၏ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) မှ စစ်ကား (၁၂၀)...

တရုတ်လမ်းညွန်မှုဖြင့် လားရှိုးမြို့ပေါ် စစ်ကောင်စီနေရာပြန်ချရန် ဆွေးနွေးနေ

သျှမ်းပြည် လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA၊ စစ်ကောင်စီနှင့် တရုတ်ကိုယ်စားလှယ်တို့ ထပ်မံတွေ့ဆုံ ဆွေးနွေးနေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဧပြီ ၂၁ ရက်)တွင် လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA လားရှိုးမြို့မှ ထွက်ခွာသွားရန်နှင့် စစ်ကောင်စီအတွက် နေရာပြန်လည်ချမှတ်ရေးအတွက် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း လားရှိုးမြို့ ဒေသခံတစ်ဦးက...

လားရှိုးမြို့ပေါ် တရုတ်အလံပါ ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်းရောက်လာ

သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ရောက်ရှိနေပြီး တရုတ်နိုင်ငံအလံပါ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ ယာဉ်တန်းများလည်း ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၉ ရက်) တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ တရုတ်နိုင်ငံအလံနှင့် “ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့”ဟူ၍ တရုတ်နှင့်...

လားရှိုးမြို့ထဲ စစ်ကောင်စီအရာရှိအချို့ စတင်ဝင်ရောက်လာပြီး MNDAA၊ တရုတ်တို့နှင့် သုံးပွင့်ဆိုင်အစည်းအဝေးပြုလုပ်

သျှမ်းပြည် လားရှိုးမြို့ထဲသို့ စစ်ကောင်စီတပ်မှ အရာရှိအချို့ စတင်ဝင်ရောက်လာပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၊ တရုတ်အစိုးရကိုယ်စားလှယ်များနှင့် သုံးပွင့်ဆိုင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၇ ရက်) နေ့လယ်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ ရပ်ကွက် (၂) ရှိ...

တောင်ကြီးရောက် လားရှိုးစစ်ဘေးရှောင်ရာချီ စီးပွားရေးခက်ခဲ  ဝမ်းရေးကျပ်တည်း

 ‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ ကြောင့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့သို့ စစ်ဘေးရှောင်လာကြသော လားရှိုးမှ စစ်ဘေးရှောင်ရာဂဏန်း စီးပွားရေးခက်ခဲပြီး ဝမ်းရေးကျပ်တည်းနေသည်ဟု သိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် စတင်ခဲ့သော ‘၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း’ တိုက်ပွဲကြောင့် တောင်ကြီးမြို့သို့ စစ်ဘေးတိမ်းရှောင်လာသည့် သျှမ်းပြည်မြောက်ပိုင်းဒေသခံများအနက် ယနေ့ကျန်ရှိနေသေးသော  လားရှိုးမြို့ဒေသခံ အယောက် ၃၀၀...

လားရှိုး MNDAA မှ သမီးအရင်းအား မုဒိမ်းကျင့်သူကို ‌တစ်သက်တစ်ကျွန်းထောင်ဒဏ် ချမှတ်ပြီး လူသတ်မှုနှင့် သူခိုးဓားပြမှုအတွက် သေဒဏ်ပေးကွပ်မျက်

သျှမ်းပြည် လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ရာဇဝတ်မှု ကျူးလွန်သူများကို အများပြည်သူရှေ့ သေဒဏ် ချမှတ်ပြီး ချက်ချင်းကွပ်မျက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နံနက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် မန်ဆူကျောင်းတိုက်နှင့် အဝေရာလမ်းသွယ် အနီးတွင် MNDAA...

လားရှိုးမြို့အတွင်း တိုက်ပွဲကြောင့် ပျက်စီးသွားသည့်နေအိမ်များကို ကိုးကန့်တပ်ဖွဲ့က လျော်ကြေးပေး

သျှမ်းပြည် လားရှိုးမြို့တွင် မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေသခံ နေအိမ်များကို ကိုးကန့်တပ်ဖွဲ့က လျော်ကြေးပေးခဲ့ကြောင်း သတင်းသိရသည်။ လားရှိုးမြို့ပေါ်တွင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ တိုက်ပွဲများကြောင့် ဒေသခံနေအိမ်များသည် လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ ခံခဲ့ရပြီး ဒေသခံနေအိမ်...

လားရှိုးမြို့မှ MNDAA တပ်ဆုတ်ရန်ပြင်ဆင်၊ ဆေးရုံနှင့်ရုံးတွင်းပစ္စည်းများကို ကားတင်ပြောင်းရွှေ့

သျှမ်းပြည် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေပြီး ဆေးရုံနှင့် ဌာနဆိုင်ရာ ရုံးတွင်းပစ္စည်းများ အားလုံးကို ကားတင်ပြောင်းရွှေ့နေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီဘက်မှ ပြန်လည်ဝင်ရောက်မည် ဆိုခြင်းကြောင့် ယမန်နေ့ (ဧပြီလ ၃ ရက်) မှ စတင်၍...

MNDAA ထိန်းချုပ်နယ်မြေ ပြည့်တန်ဆာလုပ်ငန်း ကြီးထွားလာ

လမ်းဘေး မီးတိုင်မှာ အမျိုးသမီး အလှပုံနဲ့ ဖုန်းနံပတ်ပါ တရုတ်စာသား ဆိုင်းဘုတ်ကို ထင်ထင်ရှားရှား ချိတ်ဆွဲထားပါတယ်။ အဲ့ဒီဒေသဟာ တရုတ်ပြည် မဟုတ်ဘဲ ညီနောင်မဟာမိတ် တပ်ပေါင်းစုတွေ “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ၂၀၂၄ ခုနစ် သြဂုတ်လတွင် အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တဲ့...

Latest news