လားရှိုး-မိုင်းရယ်ကြား MNDAA ဂိတ်တွင် အခွန်အဆမတန်ကောက်ခံ၊ ကုန်သည်အခက်တွေ့

သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားများကို အခွန်အဆမတန် ကောက်ခံနေခြင်းကြောင့် ကုန်သည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ဇွန်လဆန်းပိုင်းမှ စတင်ပြီး လားရှိုးမြို့နယ် နမ့်ပေါင်နှင့် မိုင်းရယ်မြို့နယ် ဟိုဟကျေးရွာကြားရှိ လွယ်ငင်းကျေးရွာအနီး ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားသည့် ကုန်တင်ကားများကို အဆမတန် အခွန်ကောက်ခံနေခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေရကြောင်း ကုန်သည်များက ပြောသည်။

“ဟိုယနဲ့ နမ့်ပေါင်ကြားထဲက ကိုးကန့်ဂိတ်မှာ ဆန်တင်ကားဆိုရင် ဆန်တစ်ပိုင်းကို ငါးထောင်၊ ကုန်တင်ကား ၁၂ ဘီးဆိုရင် ၂၅ သိန်းကနေ သိန်း ၃၀ ကြားအထိ တောင်းတယ်။ ကုန်ဆိုရင် တစ်တန်ကို နှစ်သိန်းခွဲ တောင်းတယ်၊ ကုန်များရင် ကားတစ်စီးကို သိန်းဆယ်ချီ အခွန်ဆောင်ရတော့ ကုန်သည်တွေလည်း အဆင်မပြေဘူး”ဟု လားရှိုးမြို့မှ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA သည် မိုင်းရယ်မြို့နယ်အတွင်း လွယ်ငင်းကျေးရွာ ဈေးအပေါ်ဘက်တွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ သျှမ်းပြည်တောင်ပိုင်းမှ တင်သွင်းသည့် ကုန်ပစ္စည်းများကို အခွန်အဆမတန် ကောက်ခံနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းပြည်တောင်ပိုင်းမှ စက်သုံးဆီများကို ပေပါဗုံးဖြင့် ၁၂ ဘီးကားပေါ် တင်ဆောင်လာပါက မိုင်းရယ်နှင့် လားရှိုးကြားရှိ MNDAA စစ်ဆေးရေးဂိတ်တွင် ကားတစ်စီးလျှင် ကျပ်ငွေ ၃၅ သိန်းမှ သိန်း ၄၀ အထိ ပေးဆောင်ရကြောင်း ဒေသခံများက ပြောဆိုသည်။

အလားတူ မြန်မာ-တရုတ် နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် ကုန်စည်များလည်း MNDAA ထိန်းချုပ်နယ်မြေများကို ဖြတ်သန်းလာပြီးနောက် လားရှိုးနှင့် မိုင်းရယ်ကြားရှိ ၎င်း MNDAA စစ်ဆေးရေးဂိတ်တွင် ထပ်မံအခွန်ပေးဆောင်ရကြောင်း ကုန်သည်များက ပြောသည်။

“လားရှိုး-သီပေါကြားထဲ စဉ့်အင်တံတားကို ပြန်ပြင်ထားတယ်ဆိုပေမယ့် ကုန်ကားတွေ ဖြတ်လို့ မရသေးဘူး။ တရုတ်ဘက်က လာတဲ့ ကုန်တွေလည်း နမ့်ပေါင်လမ်းဘက်ပဲ လာကြတော့ MNDAA ဂိတ်မှာ အခွန်ထပ်ပေးရတော့ အရမ်းများလို့ ပြည်သူတွေလည်း မခံနိုင်ဘူး၊ တော်တော်လေး ငြီးနေကြပြီ”ဟု မူဆယ်-မန္တလေး ကုန်စည်ပို့ဆောင်နေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၁ ရက်) မှ စတင်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ၁၀၅ မိုင် ကျင်းစန်းကျော့ ကုန်သွယ်ရေးဇုန်တွင် နယ်စပ်ကုန်သည်များ၊ ဂျူတီဆောင်ကုမ္ပဏီများနှင့် ကုန်ကားဂိတ်များ အခွန်ဆောင်ရန် အွန်လိုင်းစနစ်ဖြင့် စတင်လုပ်ဆောင်ခဲ့ကြောင်း နယ်စပ်ကုန်သည်များထံမှ သိရသည်။

စစ်ကောင်စီသည် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် လားရှိုးမြို့ကို MNDAA ထံမှ ပြန်လည်ရရှိခဲ့ပြီးနောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်စတင်ရန် ကြိုးပမ်းခဲ့သော်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့မှ ၎င်းတို့ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တရားဝင် အခွန်ကောက်ခံမည်ဖြစ်ကြောင်း ဇွန်လဆန်းကတည်းက ကြေညာထားခဲ့သည်။

ပုံစာ – ယမန်နှစ် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုအတွင်း ဖြတ်သန်းသွားသည့် ယာဉ်များ (ဓာတ်ပုံ – ဒေသခံ)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...