လားရှိုး စစ်ကောင်စီနှင့် MNDAA တို့ တရုတ်ကြားဝင်မှုဖြင့် ထပ်မံတွေ့ဆုံ၊ ဆွေးနွေးပွဲ အောင်မြင်မှုမရဟုဆို

သျှမ်းပြည် လားရှိုးမြို့တွင် တရုတ်ကိုယ်စားလှယ်များ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရဘဲ ပြီးဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ပထမပတ်အတွင်း စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားနိုင်သည့် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် တရုတ်ကိုယ်စားလှယ် ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံပြီး ကိုးကန့်တပ်ဖွဲ့များ သိန္နီမြို့မှ ဆုတ်ခွာရေး ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း အောင်မြင်မှုမရဘဲ ပြီးဆုံးသွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သိန္နီပြန်ပေးဖို့ ကိစ္စနဲ့ အဓိကတော့ သူတို့ရဲ့ စီးပွားရေးအကြောင်း ပြောတာပါပဲ။ သူတို့ဆွေးနွေးမှု ရလဒ်မထွက်ဘူးလို့ သတင်းကြားတော့ ပြည်သူကတော့ စိုးရိမ်ထိတ်လန့်တာပေါ့၊ လောလောဆယ် လားရှိုးမြို့ကြီး ဘာမှတော့ မဖြစ်သေးဘူး အေးဆေးပါပဲ။ သတင်းတော့ အမျိုးမျိုး ထွက်နေတာပဲ”ဟု လားရှိုးမြို့မှ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံထဲ ပါဝင်သည့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်း အမြန်စတင်နိုင်ရန်အတွက် သိန္နီမြို့မှ ကိုးကန့်တပ်များ ဆုတ်ခွာပေးရန် စစ်ကောင်စီဘက်မှ ထပ်မံတောင်းဆိုခဲ့ရာ MNDAA ဘက်မှ လက်မခံဘဲ ဆွေးနွေးမှုမအောင်မြင်ခဲ့ကြောင်း ၎င်းစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် လားရှိုးမြို့ပေါ် ပြန်လည်တပ်စွဲထားသည့် စစ်ကောင်စီတပ်များလည်း လက်နက်ကြီးများကို ပေါ်ပေါ်ထင်ထင် နေရာချ တပ်ဆင်ထားပြီး စစ်အင်အား ထပ်မံဖြည့်တင်းနေသည့်အပြင် ကိုးကန့်တပ်ဖွဲ့ MNDAA တပ်သားများ မြို့ပေါ်သို့ ဝင်ထွက်သွားလာခြင်းကို ကန့်သတ်ရန် လုပ်ဆောင်လာခြင်းကြောင့် နှစ်ဘက်တပ်ဖွဲ့ စစ်ရေးတင်းမာနေကြောင်း သိရသည်။

“စစ်တပ်လည်း လက်နက်ကြီးတွေ ပေါ်တင်ကြီး ထောင်ထားတယ်။ မြို့အဝင်အထွက်လည်း အရမ်းစစ်တယ်၊ ဖုန်းတွေကော စစ်တာ။ စစ်တပ်ဘက်က မူးယစ်အဖွဲ့တွေ စစ်တာ။ မယ်ဟန်ဘက်ထွက်ရင် လားရှိုးမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်နား၊ ဟိုပိတ်ဘက်ထွက်ရင် ရေပူစမ်း လမ်းခွဲနားမှာ ဂိတ်ချထားတာ”ဟု လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၈ ရက်) တွင် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့အထွက် ဟိုပိတ်ကျေးရွာတွင် မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များကို ကိုးကန့်တပ်မှ တရုတ်ယွမ်ငွေ တစ်ထောင်မှ သုံးထောင်ကြား (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၆ သိန်းမှ ၂၀ သိန်းကြား) လျော်ကြေးငွေ ပေးအပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တရုတ်၏ ဖိအားပေးမှုကြောင့် ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်တွင် လားရှိုးမြို့ပေါ်မှ MNDAA တပ်များ ဆုတ်ခွာပေးခဲ့ရသော်လည်း လားရှိုးမြို့နှင့် ၄ မိုင်အကွာအဝေးတွင် ဆက်လက်တပ်စွဲထားပြီး မြို့ပေါ်ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီမှ ပြန်လည်အုပ်ချုပ်ခဲ့သည်။

အလားတူ သိန္နီမြို့ကို တစ်နှစ်ခွဲကျော် ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA သည် လာမည့် စက်တင်ဘာလအတွင်း ထပ်မံတပ်ဆုတ်ရမည်ဟု ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်ခဲ့သော်လည်း ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဲ့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်မပျက် ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – ဇွန်လအတွင်း လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီတပ် အင်အားဖြည့်တင်းလာစဉ်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...