လားရှိုး
လားရှိုးတွင် လမ်းလျှောက်လာသူတစ်ဦးကို သတင်းအရ ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများဖမ်းမိ
SHAN -
သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် ၃ တွင် လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးကို သတင်းအရ ရပ်တန့်စစ်ဆေးရာမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း သတင်းသိရသည်။ ဇွန်လ ၁၀ ရက်နေ့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းအရ သက်သေများနှင့်အတူ သိန်းစိုးအောင် (ခ) အားဝေအား စစ်ဆေးရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀,၀၀၀...
လားရှိုး MNDAA မှ အိမ်ထောင်စုစာရင်းတောင်းခံရန် ကျေးရွာဥက္ကဋ္ဌများ ဖမ်းဆီးသွားပြီး အာမခံဖြင့် ပြန်လွှတ်
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ မှ ဟန်နားကျေးရွာအုပ်စုအတွင်း အိမ်ထောင်စုစာရင်း တောင်းခံရန် ကျေးရွာဥက္ကဋ္ဌကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် ညနေ ၆ နာရီအချိန်တွင် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ လောင်ခိုင် ဆိုသူ ဦးဆောင်သည့်အဖွဲ့သည်...
SSPP နှင့် MNDAA တို့ နယ်မြေပြဿနာ တိုက်ပွဲဆက်တိုက်ဖြစ်
သျှမ်းပြည် လားရှိုးမြို့နယ်နှင့် သီပေါမြို့နယ်များတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် နယ်မြေပြဿနာ အငြင်းပွားမှုကြောင့် တိုက်ပွဲဆက်တိုက် ဖြစ်ပွားလာကြောင်း သတင်းရရှိသည်။ ယခုနှစ်ဦးပိုင်း ၂၀၂၅ ဇန်နဝါရီလမှ စတင်ပြီး စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့်...
လားရှိုး တိုက်ပွဲအတွင်း MNDAA တပ်သား ၈ ဦးကျဆုံးဟု SSPP ပြော၊ တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့
သျှမ်းပြည် လားရှိုးမြို့နယ်တွင် SSPP/SSA နှင့် MNDAA တို့အကြား တစ်ရက်တည်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး MNDAA တပ်သား ၈ ဦး ကျဆုံးကြောင်း SSPP ဘက်မှ ထုတ်ပြန်ခဲ့သည်။ ယမန်နေ့ (ဇွန်လ ၁ ရက်) နေ့လယ် ၂ နာရီကျော်မှ စတင်ပြီး...
လားရှိုးမြို့နယ်အတွင်း SSPP နှင့် MNDAA အကြား တစ်လကြာပြီးနောက် တိုက်ပွဲပြန်ဖြစ်
သျှမ်းပြည် လားရှိုးမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁ ရက်) နေ့လယ် ၂ နာရီကျော်အချိန်တွင် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နမ့်လုတ်ရွာအနီးတွင် သျှမ်းတပ် SSPP/SSA နှင့် ကိုးကန့်တပ်ဖွဲ့...
လားရှိုးမြို့ စီးပွားရေးကျဆင်းမှုကြောင့် စစ်ကောင်စီဖွင့်လှစ်မည့် စာသင်ကျောင်းများတွင် ကျောင်းအပ်သူနည်းပါး
SHAN -
စစ်ကောင်စီ ပြန်လည်ထိန်းချုပ်နေသော သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေသော်လည်း စီးပွားရေး ကျဆင်းနေသောကြောင့် ကလေးများ ကျောင်းအပ်နှံရေးအတွက် ဒေသခံများ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ အခြေခံပညာရေး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းအပ်နှံရန် ကြေညာထားသော်လည်း စီးပွားရေးကျဆင်း နေသောကြောင့် ဒေသခံများမှာ...
လားရှိုးမြို့ စစ်ကောင်စီ လဝကရုံးတွင် ငွေပေးနိုင်သည့်တရုတ်များ မှတ်ပုံတင်အမြန်ရ၊ ဒေသခံများ အချိန်ကြာတန်းစီစောင့်ဆိုင်းရ
သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝကရုံးတွင် ငွေပေးနိုင်သည့် တရုတ်လူမျိုးများကို မှတ်ပုံတင်အမြန်ပြုလုပ်ပေးနေပြီး ဒေသခံများမှာ အချိန်ကြာ တန်းစီစောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ မေလ (၁၉) ရက်မှ စတင်ပြီး လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်နှင့် မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာန ရုံးလုပ်ငန်း စတင်လည်ပတ်ခဲ့ရာ လဝကရုံးဝန်ထမ်းများထံ ပွဲစားမှတဆင့်...
လားရှိုးမြို့မှ ဆုတ်ခွါရသည့် ကိုးကန့် MNDAA တပ်က စကစ စစ်သုံ့ပန်းများအား ပြန်လွှတ်ပေး
SHAN -
လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်စဉ်က ဖမ်းဆီးရမိသည့် စစ်ကောင်စီ အရာရှိကြီးငယ် သုံ့ပန်းများအား ကိုးကန့် MNDAA က ပြန်လည် လွှတ်ပေးနေကြောင်း စုံစမ်းသိရသည်။ တရုတ်ဖိအားကြောင့် လားရှိုးမြို့ပေါ်မှ တပ်ဆုတ်ပြီး တစ်လမပြည့်မီ သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် စစ်ကောင်စီသုံ့ပန်း များကို အသုတ်လိုက်ခွဲပြီး ပြန်လွှတ်ပေးနေကြောင်း သံချပ်ကာ တပ်ရင်း၊ ခလရ...
လားရှိုးလေဆိပ် မကြာခင် ပြန်လည်ဖွင့်လှစ်သွားမည်
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ လေဆိပ်ကို ပြန်လည်ပြုပြင်ပြီး မကြာခင်ပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ လေဆိပ်၏ လေယာဉ်ပြေးလမ်းကြောင်းများကို ယခုရက်တပတ်အတွင်း ပြန်လည်းပြုပြင်နေပြီး မကြာခင် ပြန်လည်ဖွင့်လှစ်ရန် လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲနိုင်ကြောင်း လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ လေယာဉ်ပြေးလမ်းတွေပြန်ပြင်နေတယ်ဆိုတာ သိရတယ်။ပြန်ပြင်နေတာတော့ ၄...
လားရှိုးမြို့တွင် သူခိုး၊ ဓားပြ ပြန်သောင်းကျန်းလာ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများ ပြန်လည်ဝင်ရောက် လာပြီးနောက် သူခိုး၊ ဓားပြများ ပြန် သောင်းကျန်းလာကြောင်း ဒေသခံများထံမှ သိရသည်။ တရုတ်အကူညီဖြင့် ဧပြီလ ၂၂ ရက်နေ့မှစတင်ပြီး လားရှိုးမြို့တွင် စစ်ကောင်စီဘက်မှ လက်နက်အပြည့်အစုံ တပ်ဆင်ကာ စစ်ကားရာနှင့်ချီ ယာဉ်တန်းများ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ “အခုစစ်သားတွေက...





