လားရှိုး

သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...

လားရှိုးတွင်သူခိုးဟု စွပ်စွဲခံရပြီး အသက်သေဆုံးထိ ရိုက်နှက်

စစ်ကော်မရှင် ပြန်လည်သိမ်းပိုက်ထားသည့် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အမျိုးသားတစ်ဉီးကို သူခိုးဟု စွပ်စွဲဖမ်းဆီး စစ်ဆေးကာ အသက်သေဆုံးထိ ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုစစ်ဆေးမှုဖြင့် သေဆုံးသွားသည့် ဖြစ်စဉ်သည် ပြီးခဲ့သော နိုဝင်ဘာ ၁၆ရက် တွင် လားရှိုးမြို့တွင်း သူခိုးများသောင်းကျန်းနေသည်ဟုဆိုပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ ပူးပေါင်း ဖမ်းဆီးရာ...

လားရှိုးမြို့ပေါ် အမျိုးသမီးတစ်ဦး အကြောင်းမဲ့ သေနတ်ပစ်ခတ်ခံရ

သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် အမျိုးသမီးတစ်ဦးကို အမည်မသိလက်နက်ကိုင်မှ အကြောင်းမဲ့ သေနတ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

လားရှိုး စစ်ကော်မရှင်တပ်က ကုန်တင်ယာဉ်တစ်စီးကို သေနတ်ဖြင့် ပစ်ခတ်၊ ဒေသခံထိတ်လန့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကုန်ပစ္စည်းတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရန် အမိန့်ပေးရာမှ ယာဉ်မောင်းက မရပ်ဘဲ ဆက်မောင်းခဲ့ခြင်းကြောင့် စစ်ကော်မရှင်တပ်က သေနတ်ဖြင့် ပစ်ခတ်သည်ဟု ဒေသခံများက ပြောသည်။

လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

စစ်ရေးမတည်ငြိမ်မှုကြား လားရှိုးတက္ကသိုလ်ပြန်ဖွင့်နိုင်ရေး စစ်ကောင်စီပြင်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမြို့တွင် စစ်ရေးမတည်ငြိမ်မှုများကြားမှပင် လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ပြင်ဆင်နေကြောင်း ဒေသခံ ကျောင်းသူ ကျောင်းသားများ ပြောပြချက်အရ သိရသည်။

သျှမ်းမြောက်လမ်းပိုင်းအား စစ်ကော်မရှင်နှင့် MNDAA အပြန်အလှန်ပိတ်ဆို့၍ လူထုအခက်ကြုံ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် သီပေါမြို့ကြားရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်က ဖိအားပေးမှုကြောင့် နှစ်ဘက်စစ်ရေး ပြန်လည်တင်းမာလာပြီး အပြန်အလှန် လမ်းပိတ်ဆို့မှု များကြောင့် ပြည်သူများ သွားလာရေးခက်ခဲနေကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့တွင် TNLA နှင့် စစ်ကောင်စီ ထပ်မံဆွေးနွေးခဲ့၊ တပ်ဆုတ်မည့်အစီအစဉ် အတည်မပြုနိုင်သေး

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီနှင့် TNLA နှစ်ဘက်ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံပြီး မိုးကုတ်မြို့၊ မိုးမိတ်မြို့တို့မှ တပ်ဆုတ်မည့် အစီအစဉ်ကို ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

လားရှိုးမြို့ပေါ်ရောက် သီပေါ၊ နမ္မတူ စစ်ဘေးရှောင် ထောင်နှင့်ချီ အတွက် စားဝတ်နေရေး အရေးပေါ် အကူအညီလိုအပ်

စစ်ကော်မရှင်၏ လေကြောင်းဗုံးကြဲမှုကြောင့် လားရှိုးမြို့ပေါ်သို့ရောက်ရှိလာသည့် သီပေါမြို့နှင့် နမ္မတူမြို့မှ စစ်ဘေးရှောင် ထောင်ချီအတွက် စားဝတ်နေရေး အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် နမ္မတူမြို့ဘက်သို့ လေကြောင်းဖြင့်...

Latest news