လားရှိုး စစ်ကော်မရှင်တပ်က ကုန်တင်ယာဉ်တစ်စီးကို သေနတ်ဖြင့် ပစ်ခတ်၊ ဒေသခံထိတ်လန့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ကုန်ပစ္စည်းတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရန် အမိန့်ပေးရာမှ ယာဉ်မောင်းက မရပ်ဘဲ ဆက်မောင်းခဲ့ခြင်းကြောင့် စစ်ကော်မရှင်တပ်က သေနတ်ဖြင့် ပစ်ခတ်သည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၄ ရက်) ည ၁၀ နာရီကျော်အချိန် လားရှိုးမြို့ ရပ်ကွက် (၁) နယ်မြေ (၇) ထင်းရှူးမြိုင် အိမ်ယာအနီး မြို့ရှောင်လမ်း၌ ကုန်ပစ္စည်းတင်ဆောင်လာသည့် ကားတစ်စီးအား စစ်ကော်မရှင်တပ်က တားဆီးခဲ့ရာ မရပ်ပေးခြင်းကြောင့်ဟုဆိုကာ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း လားရှိုးမြို့ခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောကြားသည်။

“ကားရပ်ခိုင်းတာ မရပ်လို့ဆိုပြီး သေနတ်နဲ့ ပစ်တာလို့ ကြားတယ်။ သေနတ်သံကတော့ ၁၀ ချက် မကဘူး၊ အသံက တစ်မြို့လုံး ကြားရတယ်။ အဲဒီကားကတော့ လွတ်သွားတယ်” – ဟု လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောကြားသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိတ်လန့်ခဲ့ရကြောင်းလည်း လားရှိုးမြို့ခံများ ပြောပြချက် အရ သိရသည်။

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့ဘက်တွင်လည်း MNDAA ကိုးကန့်တပ် နှင့် စစ်ရေးတင်းမာမှုများ ဆက်လက်ရှိနေခြင်းကြောင့် သီပေါတံတားကြီးကို နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ ယနေ့အထိတိုင် ယာဉ်ဖြတ်သန်းသွားလာခွင့် ပိတ်ထားဆဲ ဖြစ်သည်။

ယင်းကြောင့် လားရှိုး-မူဆယ်ဘက်သို့ သွားလိုသည့် ခရီးသွားများနှင့် ကုန်တင်ယာဉ်များသည် ကျောက်မဲမြို့မှတစ်ဆင့် သီပေါကို ရှောင်ကွင်းပြီး တာလုံ-နားမခေါ် လမ်းပိုင်းပေါ်မှ နမ္မတူမြစ်ကို ဇက်ရေယာဉ်ဖြင့် ဖြတ်ကူးကာ နမ့်လန်၊ မိုင်းရယ်မြို့ဘက်မှတစ်ဆင့် လားရှိုးသို့ ခရီးဆက်နေရကြောင်း ခရီးသွားများထံမှ သိရသည်။

ထို့အပြင် သီပေါ-မိုင်းရယ် လမ်းပိုင်းနှင့် နမ့်လန်-ကျောက်ဂူ-ရပ်စောက် လမ်းပိုင်း တို့ကိုလည်း စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၄ ရက်မှစ၍ ပိတ်ထားခြင်းကြောင့် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်ကာ ဒေသတွင်း ကုန်ဈေးနှုန်း မြင့်တက်လာမည့်အရေးကို ဒေသခံများက စိုးရိမ်နေကြသည်။

အလားတူ နယ်စပ်ဂိတ်အချို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားချိန်တွင် စစ်ကောင်စီဘက်မှ ကုန်စည်ပို့ဆောင်မှုကို တင်းကြပ်စွာ စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးက ဖြည့်စွက်ပြောသည်။

“အခု မူဆယ်ဘက်က လာတဲ့ ကုန်ပစ္စည်းတွေ ပေးမဖြတ်ဘူး။ ကိုးကန့်ဘက်က စစ်ဆေးမှု သိပ်မတင်းကြပ်ပေမဲ့၊ စစ်ကောင်စီဘက်ကတော့ စစ်ဆေးမှု အရမ်းတင်းကြပ်တယ်။ တရားမဝင် ကုန်ပစ္စည်းတွေဆို အကုန်ဖမ်းတယ်” – ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

နယ်စပ်ဂိတ်များ၌ တော်လှန်ရေးတပ်ဖွဲ့များက အခွန်ကောက်ခံနေခြင်းကို တန်ပြန်ရန်အတွက် ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်က စစ်ကောင်စီအစည်းအဝေးတွင် တရားမဝင် ကုန်သွယ်မှုများကို ဖမ်းဆီးရန် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ညွှန်ကြားထားခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

၁၀၅မိုင် ကုန်သွယ်ရေးနေရာ ပြန်ပြင်ဆင်ရန် စစ်တပ်က ကားသမားများထံ ငွေကြေးကောက်ခံနေ

0
အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင်သည် ဇွန်လလယ်တွင် တရုတ်နိုင်ငံခရီးစဉ်ကိုထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် နှင့်တွေ့ဆုံးခဲ့ကာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးခဲ့သည်။ အာဏာသိမ်းသမ္မတဉီးမင်းအောင်လှိုင် တရုတ်ခရီးစဉ်အပြီး သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ရာတွင် ပါဝင်ခဲ့သည့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) ကလည်း နေပြည်တော်သို့ချီတက်ခဲ့ပြီး စစ်ကော်မရှင်၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...